«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

28 Jul 2016

ခွေးမတစ်ကောင်မွေးဖွားပုံအဆင့်ဆင့်နှင့် ကြိုတင်ပြင်ဆင်ခြင်း

,

         

        သင်၏ခွေးမလေးမှာဇီး(ကိုယ်ဝန်)ရှိနေပြီဆိုရင်
မွေးဖွားချိန်မှာ အစစအရာရာအဆင်ပြေချောမွေ့စေဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေရှိပါတယ်
အဲဒီလိုကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ခွေးမတစ်ကောင်၏မွေးဖွားပုံအဆင့်ဆင့်ကို
သိရှိထားရင် ဘာတွေလုပ်ထားရမယ်ဆိုတာအလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။

        ခွေးမတစ်ကောင် ဇီးရရှိခြင်းဟာ ခွေးမကမြိုင်(Heat)ပေါ်နေစဉ်မှာ 
        အရွယ်ရောက်ပြီးတဲ့ခွေးထီးတစ်ကောင်နဲ့မိတ်လိုက်ခြင်းကြောင့်ဆိုတာ
        အားလုံးသိကြပါတယ်

        ဆိုလိုတာကအရွယ်ရောက်ပြီးတဲ့ခွေးထီးတစ်ကောင်နဲ့မိတ်လိုက်ခဲ့ခြင်းမရှိပဲနဲ့
        ဗိုက်ကြီးနေတာဆိုရင် ဇီးရရှိခြင်းကြောင့်မဟုတ်ပဲရောဂါတစ်ခုခုကြောင့် 
        ဗိုက်ယောင်နေတာနဲ့ မလွဲအောင်သတိချပ်နိုင်ဖို့ပါပဲ

        ခွေးမတွေရဲ့ဇီး(ကိုယ်ဝန်)ဆောင်ကာလဟာ ရက်သတ္တပါတ်(၉)ပတ်လောက်
        ရှိပါတယ်။
        ဇီးအောင်ပြီးနောက် ရက်သတ္တပါတ်(၃-၅)ပါတ်အထိဘာထူးခြားတဲ့လက္ခဏာမှ
        ပြသလေ့မရှိဘူးလို့ ထင်တတ်ကြပါတယ်
      
       ဒါပေမယ့် သေသေခြာခြာသတိထားကြည့်ရင် နေပုံထိုင်ပုံအမူအယာတွေ
       ပြောင်းလာတာတွေ့နိုင်ပါတယ်

       ခွေးမဟာ မသိမသာအနည်းငယ် ၀လာတတ်ပါတယ်
       အတွေအကြုံရှိသူတစ်ယောက်အဖို့ ခွေးမ မိတ်လိုက်ပြီး
       ရက်သတ္တ(၅)ပါတ်လောက်ဆိုရင်ဇီးအောင်တယ်မအောင်ဘူးဆိုတာကို
       အနီးစပ်ဆုံးခန့်မှန်းပြောဆိုနိုင်ကြပါတယ်။
  

       ခွေးထီးနဲ့ မိတ်လိုက်ခဲ့တာကို မသိရင်တောင်မှ
       မိမိရဲ့ခွေးမနောက်ဆုံးမိတ်ထခဲ့တဲ့နေ့ကိုအတိအကျသိထားရင်ေ
       မွေးမယ့်ရက်ကို အလွယ်တကူခန့်မှန်းသိရှိနိုင်ပါတယ်  
       ယေဘုယျအားဖြင့် ခွေးမတွေဟာ ရက်ပေါင်း(၅၈)ရက်နဲ့ (၆၇)ရက်ကြား
       ကိုယ်ဝန်ဆောင်ကြပါတယ်. . . ဒါကတော့ခွေးအမျိုးအစားနဲ့ လွယ်ထားရတဲ့
       သားငယ်ကောင်ရေနဲ့လည်းဆိုင်ပါတယ်. . သာမန်အားဖြင့် ခွေးမတွေဟာ
       ရက်ပေါင်း(၆၃)ရက် ကိုယ်ဝန်ဆောင်တာကများပါတယ်. 
      
       မွေးဖို့အချိန်နီးကပ်လာပြီးဆိုရင် ကြိုတင်ပြင်ဆင်စရာအနည်းငယ်ရှိပါတယ်

        ဒီလိုပြင်ဆင်ထားမယ်ဆိုရင် ခွေးမလည်းမွေးဖွားရာမှာ
သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်

ခွေးမမွေးခြင်းကြောင့်မိမိရဲ့အိမ်ကိုမလိုအပ်ပဲ ညစ်ပေတာမျိုးမဖြစ်အောင်
လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်

ကြိုတင်ပြင်ဆင်ထားသင့်တာတွေကတော့
(၁)Whelping Box လို့ခေါ်တဲ့ မွေးခန်းသတ္တာပုံးကလေးတစ်ခု
Whelping Box လို့ခေါ်တဲ့ မွေးမယ့်သတ္တာပုံးကလေးကို လုံခြုံပြီးတ်တ်ဆိတ်တဲ့
 အခန်းတစ်ခုထဲမှာထားပေးသင့်ပါတယ်

(၂)Blanket ခြုံစောင်နှစ်ထည်
Whelping Box ထဲမှာ ခင်းပေးထားခြင်းအားဖြင့်
        မွေးလာတဲ့ခွေးငယ်လေးတွေ အညစ်အကြေးစွန့်တဲ့အခါ
        ညစ်ပေမှုနည်းပါစေပါတယ်

(၃)Towel  သဘက်တစ်ထည်
        Towel ကတော့ မွေးလာတဲ့ခွေးငယ်လေးတွေရဲ့ခန္တာကိုယ်ပေါ်က 
        အညစ်အကြေးတွေကို သုပ်ပေးဖို့ဖြစ်ပါတယ်

(၃)Spirit  အရက်ပျံ
        အချင်းတိုင်နဲ့ အချင်းတိုင်ကိုချည်မယ့် နိုင်လွန်ကြိုးနဲ့
        ကပ်ကျေးကိုသုပ်ပေးဖို့ဖြစ်ပါတယ်

(၄)Scissors ကပ်ကျေးတစ်ခု
        အချင်းတိုင် မကြွေတဲ့အခါမျိုးကြုံလာရင် အချင်းကို
        ဖြတ်တောက်ပေးဖို့ဖြစ်ပါတယ်

(၅)Nylon Thread နိုင်လွန်အပ်ချည်ကြိုး
အချင်းတိုင်ကိုချည်ဖို့ နိုင်လွန်အပ်ချည်ကြိုး
အနည်းငယ်လည်းကြိုတင်ဆောင်ထားသင့်ပါတယ်
အချင်းတိုင်က အလွယ်တကူမကြွေတဲ့အခါမျိုးမှာ
နိုင်လွန်အပ်ချည်ကြိုးကို အရက်ပျံဆွတ်ပြီး
အချင်းတိုင်ရဲ့အရင်းနားကပ်ပြီးချည်ဖို့ဖြစ်ပါတယ်



 ခွေးမတစ်ကောင်၏မွေးဖွားပုံကိုလေ့လာရင်အဆင့်( ၃ )ဆင့်ရှိပါတယ်


အဆင့်(၁) .  “နာရီခြားပြီးဗိုက်နာခြင်းအဆင့်”

ဒီအဆင့်ဟာ(၄၈)နာရီအထိတောင်ကြာနိုင်ပါတယ်
ဗိုက်နာတယ်ဆိုပေမယ့် ဆက်တိုက်နာနေတာမျိုးမဟုတ်ပဲ
နာရီအနည်းငယ်ခြားပြီး နာလာလိုက် ပြန်သက်သာသွားလိုက်ဖြစ်နေတတ်ပါတယ်

အဆင့်(၂) .  “ခပ်စိပ်စိပ်ဗိုက်နာခြင်းအဆင့်”

ဒီအဆင့်မှာ ခွေးမရဲ့နို့သီးတိုင်ကို အသာအယာညှစ်ကြည့်လိုက်ရုံနဲ့ နို့ရည်တွေထွက်လာတာကိုတွေ့ရပြီဖြစ်ပါတယ်
ခွေးမဟာ အစာမစားတော့ပါဘူး
အသိုက်ပြင်တယ်လို့အရပ်ထဲမှာပြောကြတဲ့
သူမွေးဖွားဖို့နေရာတစ်ခုကို သဘာဝကပေးတဲ့အသိ
တစ်ခုနဲ့ ပြုလုပ်နေတာကိုတွေ့ရပါလိမ့်မယ်
မိနစ်အနည်းငယ်ခြားပြီး နာလာလိုက် ပြန်သက်သာသွားလိုက်ဖြစ်နေတတ်ပါတယ်
ဒီအဆင့်ရဲ့နောက်ပိုင်းနားမှာတော့ ခွေးမရဲ့သားအိမ်ဟာ ခွေးသားငယ်လေးတွေ
ထွက်လာနိုင်လောက်တဲ့အကျယ်အထိလုံးဝပွင့်လာပါတယ်
မွေးဖွားဖို့အသင့်အနေအထားဖြစ်နေတဲ့အချိန်ဖြစ်တာမို့ ခွေးမကိုတိတ်ဆိတ်တဲ့
နေရာမှာ အသင့်ပြင်ဆင်ထားတဲ့ Whelping Box လို့ခေါ်တဲ့
မွေးခန်းသေတ္တာပုံးကလေးထဲကို ပြောင်းရွှေ့ပေးရပါတယ်
ဒီအဆင့်နဲ့မရှေးမနှောင်းပဲ မွေးဖွားခြင်းရဲ့နောက်ဆုံးအဆင့်က ဆက်တိုက်ဆိုသလိုရောက်လာပါတယ်

အဆင့်(၃) . “သားငယ်များမွေးဖွားခြင်းအဆင့်”

ဒီအဆင့်မှာတော့ ခွေးငယ်လေးတွေ စတင်မွေးဖွားလာပါပြီ
ဒီအဆင့်ဟာ ဒုတိယအဆင့်ဖြစ်တဲ့ခပ်စိပ်စိပ်ဗိုက်နာခြင်းအဆင့်ကနေ
ရေတွက်ရင်မိနစ်(၆၀)ထက်မပိုသင့်ပါဘူး အကယ်၍များ

ဒုတိယအဆင့်ကနေ(၃)နာရီအထိ ကလေးထွက်မလာ
သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါပြီ
ဒုတိယအဆင့်ကနေ(၆၀)မိနစ်အတွင်းမှာ ကလေးထွက်လာတယ်ဆိုရင် ပုံမှန်ပါပဲ

ကလေးထွက်လာတာဟာလည်း တစ်ကောင်နဲ့တစ်ကောင်
(၁၅)မိနစ်ထက်မပိုသင့်ပါဘူး

ခွေးမတွေဟာ တစ်ခါမွေးရင် (၃)ကောင်ကနေ
(၈)ကောင်အထိမွေးဖွားပေးလေ့ရှိပါတယ်

များသောအားဖြင့် ခွေးမတွေဟာ လူရဲ့အကူအညီမလိုပဲ အလွယ်တကူမွေးဖွားနိုင်ကြပါတယ်
ခွေးမတွေအဖို့ တိတ်ဆိတ်ပြီးနွေးထွေးတဲ့ပတ်ဝန်ကျင်အနေအထားဟာ
မွေးဖွားရာမှာ ပိုမိုလွယ်ကူစေတယ်ဆိုတာကို
ခွေးပိုင်ရှင်အနေနဲ့သိထားသင့်ပါတယ်

မွေးလာတဲ့ခွေးငယ်လေးတွေမှာ ချက်ကြိုးတန်းလန်းဖြစ်နေတတ်ပါတယ်
ဒါပေမယ့်ချက်ကြိုးဟာ နာရီပိုင်းအတွင်းမှာပဲ 
အလိုအလျှောက်ကြွေကျသွားလေ့ရှိပါတယ်
တစ်ခါတရံ (၆)နာရီခန့်ကြာတဲ့အထိချက်ကြိုးမကြွေသေးရင်တော့
ဖြတ်တောက်ပေးဖို့လိုပါတယ်

ချက်ကြိုးဖြတ်တဲ့အခါ ကိုယ်လုံးကနေ (၁/၄)လက်မလောက်အကွာမှာ ချက်တိုင်ကိုသန့်ရှင်းပြီး အရက်ပြန်ဆွတ်ထားတဲ့ ကြိုးနဲ့နှစ်ပတ်ရစ်ပြီး 
ချည်နှောင်ရပါမယ်
အဲဒီနောက် ချည်ထားတဲ့နေရာကနေ (၁/၄)လက်မအကွာကနေ 
သန့်ရှင်းတဲ့ ကပ်ကျေးနဲ့ဖြတ်တောက်ပစ်ရပါမယ် 
ပြီးရင်အိုင်အိုဒင်းတင်ချာအနည်းငယ်သုပ်လိမ်းပေးသင့်ပါတယ်

0 မှတ်ချက်များ to “ခွေးမတစ်ကောင်မွေးဖွားပုံအဆင့်ဆင့်နှင့် ကြိုတင်ပြင်ဆင်ခြင်း”

Post a Comment