Nutri-forte gel ဟာ ခွေးကြောင်များအဖို့
အာဟာရပြည့်ဝတဲ့အပြင် အရသာထူးကဲပြီး
အစာကြေလွယ်ဖို့အတွက်အကောင်းဆုံးဖော်မြူလာနဲ့ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။
Nutri-forte gel ထဲမှာ အစာကြေလွယ်တဲ့ ကာဗိုဟိုက်ဒြိတ်တွေပါဝင်ပါတယ်
၊ အားဖြစ်စေတဲ့
တြိုင်ဂလစ်စရိုက်တွေလည်းပါဝင်ပါတယ်၊
ဒါကြောင့်မို့ နာလန်ထစ ခွေးကြောင်တွေအတွက် အထူးသင့်လျှော်ပြီးအမြန်ဆုံးအင်အားပြည့်လာစေနိုင်ပါတယ်။
ဒါ့အပြင်ခန္တာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်ဓါတ်တွေ၊
အမိုင်နိုအက်စစ်တွေနဲ့
လက်စီသင်ဓါတ်တွေအများကြီး ပါဝင်ပါတယ်။
Nutri-forte gel ဟာ ခွေးကြောင်များရဲ့အစာစားချင်စိတ်ကိုလည်းအထူးဖြစ်စေပါတယ်
ခွေးကြောင်များ ခန္တာကိုယ်အလေးချိန်(၅)ကီလိုအလေးချိန်နဲ့အောက်ဆိုရင်
(၆)နာရီခြားတိုင်း
လ္ဘက်စားဇွန်းတစ်ဇွန်း တိုက်ကျွေးပေးသင့်ပါပြီး
ခန္တာကိုယ်အလေးချိန်(၁၀)ကီလိုအလေးချိန်နဲ့
အထက်ဆိုရင် (၆)နာရီခြားတိုင်း လ္ဘက်စားဇွန်းနှစ်ဇွန်း
တိုက်ကျွေးပေးနိုင်ပါတယ်။
အထူးသဖြင့် ဒီအားဆေးဂျယ်ဟာ
ခွေးကြောင်များအလွန်ကြိုက်နှစ်သက်တဲ့အရသာရှိတာကြောင့်
စားဆေးတိုက်ကျွေးဖို့ခက်ခဲတဲ့ခွေးကြောင်တွေကို
ဆေးတိုက်ရတဲ့အခါ ဆေးပြားကို Nutri-forte
gel လေး
နည်းနည်းသုပ်ပြီးကျွေးရင် ဆေးတိုက်ရအလွန်လွယ်ကူစေပါတယ်။