တိရစ္ဆာန်ငယ်ကုသပေးတဲ့ဆေးခန်းတွေမှာမကြာခဏဆိုသလို့ခွေးကြောင်လေးတွေကို
မေ့ဆေးပေးရလေ့ရှိပါတယ်
မေ့ဆေးပေးရလေ့ရှိပါတယ်
ဒီလိုမေ့ဆေးပေးရတဲ့အခါမှာ
မေ့ဆေးရဲ့အရှိန်ကြောင့်အန်တတ်ပါတယ်
အဲဒီလိုအန်တဲ့အခါမှာ
အခန့်မသင့်ရင် အန်ဖတ်တွေဟာ အသက်ရှုလမ်းကြောင်းထဲကိုဝင်သွားပြီး
ပိတ်ဆို့သွားရင်သေတတ်ပါတယ်
ဒါကြောင့်မို့ တိရစ္ဆာန်ငယ်လေးတွေကိုမေ့ဆေးမပေးခင့်
(၁၂)နာရီလောက်ကြိုတင်
ပြီး
ဘာအစာမှမကျွေးပဲထားဖို့အရေးကြီးပါတယ်
နောက်တစ်ပိုင်းကတော့
ဆေးခန်းရောက်တဲ့အခါမှဆောင်ရွက်ပေးရတာဖြစ်ပါတယ်
တိရစ္ဆာန်ငယ်ဆေုးကုခန်းအများစုမှာ
မေ့ဆေးပေးထားတဲ့အခြေအနေမှာဖြစ်ပေါ်
နေတဲ့နှလုံးခုန်မှုအနေအထားကို
စောင့်ကြညိ့ထိမ်းချုပ်ပေးဖို့အတွက် မေ့ဆေးဆရာဝန်ရယ်လို့ သီးခြားမရှိကြတဲ့အပြင်
နှလုံးခုန်မှုကိုအချက်ပြပေးနေတဲ့
audible rate
monitor စက်လည်းမရှိကြတာများပါတယ်
ဒီလိုအခြေအနေမျိုးမှာ
မေ့ဆေးပေးရတဲ့အခါ မေ့ဆေးကြောင့်နှလုံးခုန်နှုန်းမမှန်ဖြစ်
လာတာတို့
နှလုံးခုန်နှုန်းအရမ်းနှေးလာပြီးရပ်သွားတာမျိုးတိ့မဖြစ်အောင် ကာကွယ်
ထားဖို့လိုအပ်ပါတယ်
မေ့ဆေးတွေဟာနှလုံးခုန်မှုကိုထိခိုက်စေတဲ့အတွက်
မေ့ဆေးလွန်ရင်သေဆုံးတတ်
ပါတယ်
၊ ဒီအန္တရာယ်ကိုနည်းနိုင်သမျှနည်းသွားစေဖို့အတွက်
မေ့ဆေးမပေးခင်
ကြိုတင်ထိုးနှံပေးထားရတဲ့ဆေးတွေရှိပါတယ်
၊
မေ့ဆေးမထိုးခင်ကြိုတင်ထိုးနှံပေးထားရတဲ့ဆေးတွေထဲမှာ
Atropineဆိုတဲ့ဆေးဟာ
အန္တရာယ်အကင်းဆုံးနဲ့
စိတ်အချရဆုံးဆေးတစ်မျိုးဖြစ်ပါတယ်
atropine ထိုးဆေးဟာ
မေ့ဆေးကြောင့်နှလုံးခုန်နှုန်းမမှန်ဖြစ်လာတာတို့ နှလုံးခုန်နှုန်း
အရမ်းနှေးလာပြီးရပ်သွားတာမျိုးတိ့မဖြစ်အောင်
ကာကွယ်ပေးထားနိုင်ပါတယ်
ဒါကြောင့်မို့ တိရစ္ဆာန်ငယ်လေးတွေကိုမေ့ဆေးမပေးခင့်
(၅)မိနစ်လောက်ကြိုတင်
ပြီး
Atropine ဆိုတဲ့ထိုးဆေးကို
အကြောကနေသွင်းပေးထားရပါတယ်