စအိုအတွင်းကို လက်ချောင်းတစ်ချောင်းထိုးသွင်းစမ်းသပ်ခြင်းအားဖြင့်
ရောဂါဖြစ်ပွားမှုအပေါ်မှန်းဆနိုင်ဖို့ အရေးပါတဲ့အချက်အလက်တွေကိုသိရှိလာနိုင်ပါတယ် ၊ စအိုရဲ့အပေါ်ဖက်ပိုင်းမှာရှိနေတတ်တဲ့
ခါးရိုးဆစ်အောက်အကြိတ်(sublumbar lymph
nodes)တွေကို စမ်းသပ်တွေ့ရှိနိုင်ပါတယ်
၊ အဲဒီအကြိတ်တွေကြီးမားနေရင် ကိုယ်တွင်းခေါင်းထဲရောဂါပိုးဝင်ရောက်မှုနဲ့ မြစ်ပွားနာဖြစ်ပွားမှုကို ခန်းမှန်းသိရှိနိုင်ပါတယ်
၊ စစ်ဆေးချိန်မှာတင်ဆုံရိုးခွေနှစ်ဖက်စလုံးကိုစမ်းသပ်တဲ့အခါ ဘက်ညီညီရှိမရှိ စမ်းသပ်နိုင်တဲ့အတွက်
ထိခိုက်ဒါဏ်ရာရထားတဲ့ခွေးတွေမှာ တင်ဆုံရိုးကျိုးမကျိုးကိုခန့်မှန်းသိရှိနိုင်ပါတယ်
၊ စအိုအတွင်းပိုင်းပတ်ပတ်လည်ကိုစမ်းသပ်ခြင်းအားဖြင့် ပုံမှန်မဟုတ်တဲ့အဖုအကြိတ်တွေဖြစ်ပေါ်နေတာမျိုးနဲ့
အူကျွံအူခေါက်ဖြစ်နေတာမျိုးတွေကိုလည်းသိရှိနိုင်ပါတယ် ၊ ဒါ့အပြင်စအိုအတွင်းမှာရှိနေတတ်တဲ့
ဝမ်းအစအနတွေရဲ့ ပျော့ခြင်းမာခြင်း ၊ အရောင်ပြောင်းလဲမှုအမျိုးမျိုးအပြင် အကျိအချွဲနဲ့သွေးစပါခြင်းမပါခြင်း
စတဲ့အချက်အလက်တွေကိုသိရှိခြင်းအားဖြင့် ရောဂါခန့်မှန်းရာမှာများစွာအထောက်အကူဖြစ်စေနိုင်ပါတယ်
၊ အရွယ်ရောက်ပြီးခွေးအထီးတွေကို စအိုအတွင်းစမ်းသပ်မှုပြုလုပ်ခြင်းအားဖြင့် ဆီးကြိတ်တွေရဲ့ အရွယ်ပမာဏကိုအလွယ်တကူစမ်းသပ်နိုင်ပါတယ်
၊ သာမန်အခြေအနေမှာ ဆီးကြိတ်နှစ်ခုဟာ အရွယ်တူဆိုဒ်တူရှိနေပြီး နူးညံ့ချောမွေ့စွာရှိနေတဲ့အပြင်
လက်နဲ့ထိတွေ့စမ်းသပ်တဲ့အခါ နာကျင်မှုလုံးဝမရှိတတ်ပါဘူး ၊ ဆီးကြိတ်တွေမှာ ရောဂါဝေဒနာရှိနေပြီဆိုရင်တော့ အရွယ်ပမာဏနဲ့
အပျော့အမာပြောင်းလဲမှုတွေကို စမ်းသပ်တွေ့ရမှာဖြစ်ပြီး ထိတွေ့စမ်းသပ်တဲ့အခါမှာလည်း နာကျင်မှုခံစားရတာကိုတွေ့ရှိရမှာဖြစ်ပါတယ်
၊ အရွယ်ရောက်ပြီးခွေးမတွေကို စအိုအတွင်းစမ်းသပ်မှု ပြုလုပ်ခြင်းအားဖြင့် သူတို့ရဲ့သားအိမ်နဲ့
ဆီးအိမ်ကထွက်လာတဲ့ဆီးပြွန်မှာ ဖြစ်ပေါ်နေတဲ့အဖုအကြိတ်တွေနဲ့ အခြားပြောင်းလဲမှုတွေကိုသိရှိနိုင်ပါတယ်
၊
Text content goes here
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံး
-
ခွေးတွေမှာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ဒီရောဂါဟာ ခွေးတွေမှာ အထီးအမ မရွေးပဲ အသက်(၆)လကနေ(၁)နှစ်ကြားမှာ အဖြစ်များ...
-
ခွေးမတွေရဲ့ မြိုင်သံသရာကိုလေ့လာရင် (၁) proestrus (၂) estrus (၃) diestrus နဲ့ (၄) anestrus ဆိုပြီးတော့ အဆင့်(၄)ဆင့်ခွဲခြားလေ့လာနိုင်ပ...
-
Unicode ဒီရောဂါကတော့ ကြောင်တွေရဲ့အသက်ရှုလမ်းကြောင်းမှာဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် Bordetella bronchiseptica လို့ခေါ်တဲ့ဘက်တီးရီးယားပို...
-
တယ်ရီယာခွေးအမျိုးအစားကတော့ အများကြီးရှိပါတယ် အောက်မှာကြည့်လိုက်ပါ Airedale Terrier American Staffordshire Terrier Australian Terrie...
Send me your comment.
31 Aug 2017
Subscribe to:
Post Comments (Atom)