«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Aug 2017

ပြည်တည်နာရောဂါ (Actinomycosis)

,
ဒီရောဂါကတော့Actinomyces  odontolyticus လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားရတာ 
 
ဖြစ်ပါတယ် ၊ ဒီဘက်တီးရီးယားတွေဟာ ကြောင်တွေရဲ့ပါးစပ်ထဲမှာ သဘာဝအတိုင်းရှိနေတတ်
 
တဲ့ပိုးတွေဖြစ်ပါတယ် ၊ ကြောင်ရဲ့ပါးစပ်မှာထိခိုက်ဒါဏ်ရာရတဲ့အခါ ၊ သွားရောဂါဖြစ်လာတဲ့အခါနဲ့
 
ကိုယ်ခံစွမ်းအားကျဆင်းတဲ့ အခါမျိုးတွေမှာ ရောဂါအဖြစ်ကြောင်တွေကိုဒုက္ခပေးတတ်တဲ့ပိုးတွေ
 
ဖြစ်ပါတယ်။

 
ဒီဘက်တီးရီးယားတွေဟာ အချောင်းပုံစံ အလုံးပုံစံစသဖြင့်ပုံစံအမျိုးမျိုးပြောင်းလဲနေတဲ့ပိုးတွေ
 
ဖြစ်ပြီး လေမရှိတဲ့နေရာမှာရှင်သန်ပေါက်ပွားနိုင်ကြပါတယ် ၊ ဒီပိုးအမျိုးအစားဟာသီးသန့်နေလေ့
 
သိပ်မရှိပဲအခြားဘက်တီးရီးယားတွေနဲ့အတူရောနှောနေထိုင်လေ့ရှိတဲ့ဘက်တီးရီးယားတွေဖြစ်ပါ
 
တယ် ရောဂါဖြစ်တဲ့ကြောင်ဟာ မကြာခဏဖျားနေတတ်ပါတယ် ၊ မျက်နှာနဲ့လည်ပင်းပိုင်းတွေမှာ 
 
နေရာကွက်ပြီးရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်

 
 
စတင်ဖြစ်ပွားတဲ့နေရာကအရေပြားဟာယောင်ယမ်းလာပါမယ် ၊နောက်တော့ပြည်ဖုတွေဖြစ်လာပြီး
 
ပေါက်ထွက်လာတတ်ပါတယ်
 
 
၊အဲဒီနောက်တဖြည်းဖြည်းနဲ့နေရာအနှံ့ဆက်လက်ပွားသွားတတ်ပါတယ် ၊ ရောဂါရင့်လာတဲ့အခါ 
 
ခြေလက်တွေမှာရှိတဲ့အရိုးတွေထဲကိုရောဂါပိုးရောက်ရှိသွားပြီး အရိုးရောဂါဖြစ်လာတတ်ပါတယ် ၊ 
 
အရိုးကြီးထွားမှုပုံမမှန်ဖြစ်လာတတ်ပါတယ် ၊ ဒီရောဂါဖြစ်ကြောင်းအတိအကျသိနိုင်ဖို့ကတော့ 
 
အနာကထွက်နေတဲ့ပြည်စကို ဓါတ်ခွဲခန်းပို့ပြီးပိုးမွေးမြူရပါမယ် ၊ အဲဒီပိုးတွေကို Gram staining နဲ့ 
 
acid-fast staining စတဲ့ဆေးအမျိုးမျိုးဆိုးကြည့်နည်းတွေနဲ့စစ်ဆေးခွဲခြားနိုင်ပါတယ်
 
 
ဒီရောဂါကိုကုသတော့မယ်ဆိုရင် ရောဂါဖြစ်တဲ့နေရာကပြည်ဖုတွေကိုခွဲပြီး ညှစ်ထုတ်ပစ်ရပါမယ် 
 
၊အဲဒီပြည်ဖုတွေရဲ့အတွင်းပိုင်းကိုသန့်စင်သွားအောင ်ရက်အတော်ကြာကြာပိုးသတ်ဆေးရည်နဲ့ 
 
ဆေးကြောပေးရပါမယ် ၊ အတွင်းဖက်အထိနက်တဲ့ပြည်ဖုမျိုးဆိုရင် ရာဘာပိုက်အပျော့စားလေးကို 
 
ထိုးသွင်းထားနိုင်ပါတယ် ၊ အနာကြီးရင်တော့ခွဲစိပ်ပြီး မကောင်းတဲ့အသားဆွေးနဲ့ အရိုးဆွေးတွေကို
 
ခြစ်ထုတ်ပစ်ရပါတယ် ၊ ရောဂါပိုးကိုသေစေတဲ့ ပဋိဇီဝဆေးကို သုံးလလောက်ရက်မပျက်တိုက်ကျွေး
 
ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်

 
ဒီရောဂါပိုးကို amoxycillin နဲ့ sulphadiazine  ပူးတွဲတိုက်ကျွေးခြင်းဖြစ်စေ amoxycillin နဲ့ 
 
trimethoprim ပူးတွဲတိုက်ကျွေးခြင်းဖြင့်ဖြစ်စေကုသပေးနိုင်ပါတယ် 
 

Zawgyi

 ဒီေရာဂါကေတာ့ Actinomyces  odontolyticus လို႔ေခၚတဲ့ဘက္တီးရီးယားပိုးေၾကာ
င့္ျဖစ္ပြားရတာျဖစ္
ပါတယ္ ၊ ဒီဘက္တီးရီးယားေတြဟာ ေၾကာင္ေတြရဲ႕ပါးစပ္ထဲမွာ သဘာ၀အတိုင္းရွိေနတတ္တဲ့ပိုးေတြ
ျဖစ္ပါတယ္ ၊ ေၾကာင္ရဲ႕ပါးစပ္မွာထိခိုက္ဒါဏ္ရာရတဲ့အခါ ၊ သြားေရာဂါျဖစ္လာတဲ့အခါနဲ႕ကိုယ္ခံစြမ္းအား
က်ဆင္းတဲ့ အခါမ်ိဳးေတြမွာ ေရာဂါအျဖစ္ေၾကာင္ေတြကိုဒုကၡေပးတတ္တဲ့ပိုးေတြျဖစ္ပါတယ္ 
ဒီဘက္တီးရီးယားေတြဟာ အေခ်ာင္းပံုစံ အလံုးပံုစံ စသျဖင့္ပံုစံအမ်ိဳးမ်ိဳးေျပာင္းလဲေနတဲ့ပိုးေတြျဖစ္ၿပီး ေလမရွိတဲ့ေနရာမွာရွင္သန္ေပါက္ပြားႏိုင္ၾကပါတယ္ ၊ ဒီပိုးအမ်ိဳးအစားဟာသီးသန္႔ေနေလ့သိပ္မရွိပဲ အျခားဘက္တီးရီးယားေတြနဲ႔အတူေရာေႏွာေနထိုင္ေလ့ရွိတဲ့ဘက္တီးရီးယားေတြျဖစ္ပါ
တယ္ ေရာဂါျဖစ္တဲ့ေၾကာင္ဟာ မၾကာခဏဖ်ားေနတတ္ပါတယ္ ၊ မ်က္နွာနဲ႔လည္ပင္းပိုင္းေတြမွာ ေနရာကြက္ၿပီးေရာဂါလကၡဏာေတြေပၚလာတတ္ပါတယ္
 
၊စတင္ျဖစ္ပြားတဲ့ေနရာကအေရျပားဟာေယာင္ယမ္းလာပါမယ္ ၊ ေနာက္ေတာ့ျပည္ဖုေတြျဖစ္လာၿပီးေ
ေပါက္ထြက္လာတတ္ပါတယ္ ၊ အဲဒီေနာက္တျဖည္းျဖည္းနဲ႔ေနရာအႏွံ႕ဆက္လက္ပြားသြားတတ္ပါတယ္ ၊ ေရာဂါရင့္လာတဲ့အခါ ေျခလက္ေတြမွာရွိတဲ့အရိုးေတြထဲကိုေရာဂါပိုးေရာက္ရွိသြားၿပီး အရိုးေရာဂါျဖစ္လာတတ္ပါတယ္ ၊ အရိုးႀကီးထြားမႈပံုမမွန္ျဖစ္လာတတ္ပါတယ္ ဒီေရာဂါျဖစ္ေၾကာင္အတိအက်သိႏိုင္ဖို႔ကေတာ့ အနာကထြက္ေနတဲ့ျပည္စကို ဓါတ္ခြဲခန္းပို႔ၿပီးပိုးေမြးျမဴရပါမယ္ ၊ အဲဒီပိုးေတြကို Gram staining နဲ႔ acid-fast staining စတဲ့
ေဆးအမ်ိဳးမ်ိဳးဆိုးၾကည့္နည္းေတြနဲ႔စစ္ေဆးခြဲျခားႏိုင္ပါတယ္ ဒီေရာဂါကိုကုသေတာ့မယ္ဆိုရင္ ေရာဂါျဖစ္တဲ့ေနရာကျပည္ဖုေတြကိုခြဲၿပီး ညွစ္ထုတ္ပစ္ရပါမယ္ ၊အဲဒီျပည္ဖုေတြရဲ႕အတြင္းပိုင္းကိုသန္႔စင္သြားေအာင ္ရက္အေတာ္ၾကာၾကာပိုးသတ္ေဆးရည္နဲ႔ ေဆးေၾကာေပးရပါမယ္ ၊ အတြင္းဖက္အထိနက္တဲ့ျပည္ဖုမ်ိဳးဆိုရင္ ရာဘာပိုက္အေပ်ာ့စားေလးကို ထိုးသြင္းထားႏိုင္ပါတယ္ ၊ အနာႀကီးရင္ေတာ့ခြဲစိပ္ၿပီး မေကာင္းတဲ့အသားေဆြးနဲ႔ အရိုးေဆြးေတြကို
ျခစ္ထုတ္ပစ္ရပါတယ္ ၊ ေရာဂါပိုးကိုေသေစတဲ့ ပဋိဇီ၀ေဆးကို သံုးလေလာက္ရက္မပ်က္တိုက္ေကၽြးေပးဖို႔ လိုအပ္မွာျဖစ္ပါတယ္
ဒီေရာဂါပိုးကို amoxycillin နဲ႔ sulphadiazine  ပူးတြဲတိုက္ေကၽြးျခင္းျဖစ္ေစ 
amoxycillin နဲ႔ trimethoprim ပူးတြဲတိုက္ေကၽြးျခင္းျဖင့္ျဖစ္ေစကုသေပးႏိုင္ပါတယ္

0 မှတ်ချက်များ to “ပြည်တည်နာရောဂါ (Actinomycosis)”

Post a Comment