«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

27 Jan 2019

ခုခံအားစနစ်ကြောင့်ဖြစ်ပွားသောသွေးအားနည်းရောဂါ-Immune-mediated hemolytic anemia (IMHA)

,
ဒီရောဂါကတော့ကျန်းမာနေတဲ့အသက်အရွယ်အလည်အလတ်ရှိတဲ့ခွေးတွေမှာ မမြော်လင့်ပဲရုတ်တရက်ဖြစ်လာတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
ဒီရောဂါဟာ ဘယ်ခွေးအမျိုအစားမဆိုဖြစ်တတ်ပြီး Cocker Spaniel ခွေးအမျိုးအစားကတော့ပိုပြီးအဖြစ်များတတ်ပါတယ်
ဒီရောဂါဖြစ်လာရင် ကိုယ်ခံအားစနစ်တစ်ခုဖြစ်တဲ့ခွေးရဲ့သရက်ရွက်ဟာ သွေးနီဥတွေကို ရန်သူအဖြစ်အမှတ်မှားပြီး တိုက်ချုက်ဖျက်ဆီးနေတဲ့အတွက် သွေးအားချက်ချင်းနည်းလာတတ်ပါတယ်
ဖျက်ဆီးနေတဲ့နှုန်းဟာ သွေးနီးဥတွေအသစ်ဖြစ်ပေါ်လာတဲ့နှုန်းထက် အဆမတန်များလွန်းတဲ့အတွက် နေချင်းညချင်းသွေးအားကျဆင်းသွားတတ်ပါတယ်
ခွေးရဲ့နှုတ်ခမ်းနဲ့လျှာဟာ ပန်းရောင်မသန်းတော့ပဲပြာနှမ်းနှမ်းဖြစ်လာပါတယ် အားကုန်အားပြတ်ဖြစ်တဲ့လက္ခဏာတွေလည်းပြသလာတာကိုတွေ့နိုင်ပါတယ်
ဒီရောဂါဖြစ်တဲ့ခွေးကို အချိန်မီချက်ချင်းကုသဖို့လိုအပ်ပါတယ်
ကိုယ်ခံအားကသွေးနီဥတွေကိုဖျက်ဆီးနေတာ ချက်ချင်းရပ်တန့်သွားစေဖို့အတွက် ကိုယ်ခံအားစနစ်ကိုထိမ်းချုပ်တဲ့(Immuno-supressent)ဆေးတွေကို ပမာဏအများကြီးပေးဖို့လိုအပ်ပါတယ်
လိုအပ်ရင်အခြားခွေးတစ်ကောင်ရဲ့သွေးကိုသွင်းပေးရပါတယ်
သွေးအားပြန်ကောင်းလာတဲ့အထိ သွေးအားတိုးဆေးတွေကို တိုက်ကျွေထိုးနှံပေးရမှာဖြစ်ပါတယ်

0 မှတ်ချက်များ to “ခုခံအားစနစ်ကြောင့်ဖြစ်ပွားသောသွေးအားနည်းရောဂါ-Immune-mediated hemolytic anemia (IMHA)”

Post a Comment