«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

27 Jan 2019

ကြောင်ကျန်းမာရေးနှင့် အက်စပရင်ဆေးအန္တရာယ်

,
စတီးရွိုက်မဟုတ်သော အယောင်လျှော့ဆေးတစ်မျိုးဖြစ်တဲ့ Aspirin စားဆေးဟာ အယောင်လျှော့စေခြင်း ကိုယ်အပူချိန်ကျစေခြင်း နာကျင်ကိုက်ခဲမှုသက်သာစေခြင်းနဲ့ သွေးကိုကျဲစေတတ်သောအာနိသင်ရှိတဲ့အတွက်  တိရစ္ဆာန်ရောဂါကုသရေးမှာအသုံးများတဲ့ဆေးတစ်မျိုးဖြစ်ပါတယ် ဒါပေမယ့်ဒီဆေးဟာအန္တရာယ်ကင်းတဲ့ဆေးတစ်မျိုးတော့မဟုတ်ပါဘူး ဒီဆေးဟာခန္တာကိုယ်အတွင်းကိုရောက်တာနဲ့ salicylic acid အဖြစ်ပြောင်းသွားပြီးပြန့်နှံ့သွားလေ့ရှိပါတယ် အဲဒီ salicylic acid တွေကိုခန္တာကိုယ်ထဲက salicylate hydroxylase အင်ဇိုင်း ပြန်လည်ချေဖျက်ပေးရပါတယ် ထူးခြားတာက အဲဒီအင်ဇိုင်းဟာ ကြောင်တွေမှာလုံးဝမပါတဲ့အတွက် ပြန်လည်ချေဖျက်နိုင်ခြင်းမရှိတော့ပါဘူး ဒါကြောင့်Aspirin စားဆေးကိုကြောင်တွေမှာအသုံးပြုရင် အဆိပ်သင့်စေနိုင်ပါတယ်
Aspirin စားဆေးအဆိပ်သင့်ပြီဆိုရင် အစားအသောက်ချက်ချင်ပျက်လာပါတယ် အန်ခြင်းနဲ့ဝမ်းလျှောခြင်းတွေဖြစ်လာပြီး အခြေအနေဆိုးရင်တော့ အစာအိမ်နဲ့အူသိမ်အတွင်းပိုင်းတွေမှာ အနာတွေဖြစ်ပြီးသွေးထွက်လွန်တဲ့အတွက် ဝမ်းသွားတဲ့အခါသွေးတွေပါလာတတ်ပါတယ် တစ်ချိန်တည်းမှာဒီဆေးဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထိခိုက်ပျက်စီးစေတဲ့အတွက်
မလှုပ်ချင်မကိုင်ချင်အားအင်ချည့်နဲ့လာတဲ့အတွက် လမ်းလျှောက်တဲ့အခါဒယီးဒယိုင်ဖြစ်လာစေနိုင်ပါတယ်
အခြေအနေတဖြည်းဖြည်းပိုဆိုးလာပြီး ရုတ်တရက်ကျကာသတိလစ်ပြီးသေဆုံးတတ်ပါတယ်
တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဟာ ကြောင်တွေမှာဒီဆေးကို အသုံးပြုလေ့မရှိကြပါဘူး ဆေးပမာဏနည်းနည်းလေးများသွားတာနဲ့ အလွန်အန္တရယ်များတဲ့အတွက်ဖြစ်ပါတယ်

Aspirin စားဆေးတိုက်မိပြီးဆိုရင် အမြန်ဆုံးပြန်အန်ထုတ်ပစ်အောင်လုပ်ရမှာဖြစ်ပါတယ် ကြောင်အဆိပ်မိတဲ့အခါလုပ်ရမယ့်အတိုင်း လုပ်ပေးပြီးမှ ဆေးခန်းကိုသွားရပါမယ် အန်ထုတ်အောင်မလုပ်ပဲဆေးခန်းကိုသွားရင် အချိန်မမီဖြစ်တတ်ပါတယ် ဆေးခန်းရောက်ရင်တော့ အစာအိမ်ဆေးခြင်း နဲ့ သွေးစစ်ဆေးခြင်းတွေဆောင်ရွက်ပြီးလိုအပ်သလိုဆက်လက်ကုသပေးမှာဖြစ်ပါတယ် ပြန်လည်သက်သာလာရင်တော့ ဓါတ်ဆားရည်ကို ရက်အတော်ကြာဆက်လက်တိုက်ကျွေးပေးရမှာဖြစ်ပါတယ်

0 မှတ်ချက်များ to “ကြောင်ကျန်းမာရေးနှင့် အက်စပရင်ဆေးအန္တရာယ်”

Post a Comment