«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Jan 2019

အစာရေမျိုကျယ်ခြင်း(Megaesophagus)

,
Megaesophagus ဆိုတာကတော့ အစာရေမျိုပိုင်းနေရာဟာ
သာမန်ထက်ပိုပြီးကျယ်လွန်းနေခြင်းကိုပြောတာဖြစ်ပါတယ်
အဲဒီလိုကျယ်နေတဲ့အတွက်ကြောင့်အစာစားလိုက်တဲ့အခါ မျိုချနေပေမယ့်လည်းအစာတွေဟာအစာအိမ်ထဲကို တန်းမရောက်သွားသေးပဲ ဘောလုံးကြီးလိုဖောင်းကားနေတဲ့ အဲဒီနေရာမှာယာယီရောက်နေပြီး အစာတွေဟာအစာအိမ်ထဲကိုမရောက်နိုင်ပဲဖြစ်နေခြင်းကို Megaesophagus လို့ခေါ်ခြင်းဖြစ်ပါတယ်
Megaesophagus ရဲ့အဝင်ဝနေရာကကြွက်သားတွေဟာ အစာအိမ်မှာလို တံခါးတစ်ချပ်ပိတ်ထားသလို ထိမ်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် အစာတွေဟာမကြာခဏအပေါ်ဖက်ကို ပြန်ပြန်တက်လာတတ်ပါတယ်
အဲဒီအခါမှာချောင်းဆိုးတတ်ပါတယ် အန်သလိုလည်းဖြစ်တတ်ပါတယ် အခန့်မသင့်ရင်အဆုပ်လမ်းကြောင်းထဲကိုဝင်သွားပြီး အဆုပ်ရောင်ခြင်းကိုဖြစ်စေပါတော့တယ်
Megaesophagus ဖြစ်နေတဲ့ခွေးကြောင်တွေဟာ အမြဲတန်းပိန်ချုံးနေလေ့ရှိပါတယ်
Megaesophagus ဖြစ်လာခြင်းဟာ မွေးရာပါ အစာကိုမျိုချတဲ့ကြွက်သားတွေအားနည်းလို့ဖြစ်ပါတယ်
နောက်တစ်ချက်ကတော့ ပြင်ပကပစ္စည်းတစ်ခုခုကိုမျိုချမိလို့ အစာအိမ်အဝမှာ အကြာကြီးတစ်ဆို့နေရင်လည်းMegaesophagus ဖြစ်လာတတ်ပါကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “အစာရေမျိုကျယ်ခြင်း(Megaesophagus)”

Post a Comment