«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

24 Jan 2019

ဟန်ချက်ထိမ်းရခက်သောရောဂါ (Vestibular disease)

,
နားရဲ့အတွင်းပိုင်းမှာ Labyrinth လို့ခေါ်တဲ့ ဟန်ချက်ထိမ်းအရည်အိတ်(vestibule)လေးတစ်ခုရှိပါတယ် အဲဒီအရည်အိတ်လေးဟာ ခန္တာကိုယ်ကိုတည့်မတ်အောင်ထိမ်းပေးနေတဲ့အာရုံခံအင်္ဂါတစ်ခုဖြစ်ပါတယ် Labyrinth ဟာမြေဆွဲအား ကိုအာရုံခံပြီး လှုပ်ရှားရင်းနဲ့ ခန္တာကိုယ်ကိုတည့်မတ်အောင်ထိမ်းပေးနေတာဖြစ်ပါတယ် ရောဂါပိုးမွှားကြောင့်ဖြစ်စေ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ Labyrinth ယောင်ယမ်းလာခြင်းကို Labyrinthitis လို့ခေါ်ပါတယ်

နားရဲ့အတွင်းပိုင်းကို ရောဂါပိုးဝင်ရောက်ခြင်း အပူဒါဏ်သင့်ခြင်း ဦးနှောက်မှာအကြိတ်တည်ခြင်း Thiamin ခေါ် ဗီတာမင်ဘီဝမ်းဓါတ်ချို့တဲ့ခြင်း ဦးနှောက်ထဲပိုးဝင်ခြင်း ဦးခေါင်းကိုထိခိုက်မိခြင်းနဲ့ aminoglycoside antibiotics ကဲ့သိုဆေးဝါးတွေလွန်ကဲပြီးအဆိပ်သင့်ခြင်း စတဲ့အခါမျိုးတွေမှာ Labyrinth လို့ခေါ်တဲ့အရည်အိတ်ကလေးဟာယောင်လာတတ်ပါတယ်

Labyrinth ယောင်ယမ်းလာတဲ့အခါမှာ ကြောင်ဟာ မိမိခန္တာကိုယ်ကိုတည့်မတ်အောင် ဟန်ချက်ညီညီထိမ်းနိုင်ခြင်းမရှိတော့ပဲဒယီးဒယိုင်ဖြစ်လာ တတ်ပါတယ် ခန္တာကိုယ်ကိုတည့်မတ်အောင်ထိမ်းဖို့ခက်တာတဲ့အတွက် နံရံလိုဟာမျိုးတွေမှာမှီပြီးနားခိုနေတတ်ပါတယ်
မျက်လုံးဟာတဆတ်ဆတ်နဲ့ အထက်အောက်လူးလာခတ်နေပြီး(nystagmus လို့ခေါ်ပါတယ်)ဦးခေါင်းကလည်းငြိမ့်တောင့်ငြိမ့်တောင့်ဖြစ်နေ တတ်ပါတယ်
လမ်းလျှောက်တဲ့အခါမှာအရက်သောက်ထားတဲ့လူတစ်ယောက်လို ဒယီးဒယိုင်ဖြစ်ပြီးလဲကျသွားလိုက် ပြန်ထသွားလိုက်ဖြစ်နေတတ်ပါတယ်
တစ်ချို့ဥရောပကြောင်မျိုးတွေမှာမွေးရာပါ ဗီဇကြောင့်ဟန်ချက်ထိမ်းအရည်အိတ်မကောင်းတာမျိုးတွေဖြစ်လာတတ်ပါတယ် ဖြစ်ရခြင်ရဲ့
အကြောင်းရင်းကိုမသိရပဲဖြစ်လာတဲ့အတွက် အဲဒီလိုဖြစ်လာတာကို(Idiopathic vestibular syndrome)လို့ခေါ်လေ့ရှိကြပါတယ်

ယိုးဒယားကြောင်မျိုးတွေမှာဟန်ချက်ထိမ်းအရည်အိတ်ယောင်ရင် နားမကြားတာနဲ့လည်းတွဲဖြစ်တတ်ပါတယ်သာမန်ဟန်ချက်ထိမ်း အရည်အိတ်ယောင်တာဟာ (၂-၃)ရက်နေရင် အလိုလိုပြန်ကောင်းသွားတတ်ပါတယ်ရောဂါပိုးဝင်လို့ဟန်ချက်ထိမ်းအရည်အိတ်ယောင်တာ ဆိုရင် ရက်သတ္တ(၃)ပါတ်လောက်ဆေးတိုက်ဖို့လိုအပ်ပါတယ်
တစ်ချို့ကြောင်တွေဟာရက်သတ္တ(၃)ပါတ်လောက်ဆေးကုသပြီးလို့ ဟန်ချက်ထိမ်းပြီးလမ်းလျှောက်လာနိုင်ပေမယ့် ဦးခေါင်းငြိမ့်တောင့်ငြိမ့်တောင့်ဖြစ်တာ က သက်သာမလာတော့ပဲလည်းရှိနေတတ်ပါတယ်အဖြစ်များတဲ့ ဟန်ချက်ထိမ်းရခက်သောရောဂါ တစ်မျိုး ကတော့ Neurologic cryptococcosis ရောဂါဖြစ်ပါတယ်

0 မှတ်ချက်များ to “ဟန်ချက်ထိမ်းရခက်သောရောဂါ (Vestibular disease)”

Post a Comment