«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Feb 2019

ပြင်ပကပ်ပါးနှိမ်နင်းရေးဆိုင်ရာသိကောင်းစရာများ

,
ခွေးကြောင်တွေရဲ့အရေပြားပေါ်မှာတွယ်ကပ်နေထိုင်တဲ့ သန်း၊မွှားနဲ့လှေးကောင်တွေစွဲကပ်နေရင် 
 
ခွေးကြောင် တွေရဲ့သဘာဝအလှအပကိုထိခိုက်ပျက်စီးစေတတ်သလို မလိုလားအပ်တဲ့ရောဂါတွေ 
 
လည်းကူးစက်ဖြစ်ပွားလာစေနိုင်တဲ့အတွက်  အချစ်တော်ခွေးကြောင်တွေမှာပြင်ပကပ်ပါးတွေ 
 
ကင်းစင်နေအောင်အမြဲသတိပြုထိမ်းသိမ်းပေးသင့်ပါတယ်၊အကယ်၍သင်မွေးမြူထားတဲ့ခွေးကြောင် 
 
တွေမှာ ပြင်ပကပ်ပါးကောင်တွေစွဲကပ်နေပြီဆိုရင် အောက်မှာ ဖော်ပြထားတဲ့အချက်တွေအတိုင်း 
 
လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သန်းမွှားပြသနာကိုအလွယ်တကူ ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ် 

 
(၁) ပြင်ပကပ်ပါးကောင်တွေကိုထိရောက်စွာသုပ်သင်နိုင်တဲ့အပြင်အာနိသင်အားဖြင့်လည်းတာရှည်
ခံတဲ့ ဆေးအမျိုးအစားတွေကိုသာ ရွေးချယ်အသုံးပြုပါ
 
လှေးနဲ့မွှားကောင်တွေကို သုပ်သင်နိုင်တဲ့ဆေးတွေ များစွာရှိတဲ့အနက် isoxazolinesအုပ်စုဝင် 
 
ဆေးတွေဟာ လှေးနဲ့ မွှားကောင် တွေကို အချိန်(၃)နာရီအတွင်းမှာသုပ်သင်နိုင်ပြီး ရက်သတ္တပါတ် 
 
ပေါင်းများစွာ အာနိသင်မပြယ်ပဲ ဆက်လက်တားဆီးကာကွယ်ပေးထားနိုင်တဲ့ဆေးအမျိုးအစားတွေ
 
ဖြစ်ပါတယ်
 
 
ဒါပေမယ့်ဒီဆေးကတိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့လက်မှတ်နဲ့သာဝယ်ယူလို့ရနိုင်တဲ့ဆေးအမျိုးအစား 
 
ဖြစ်ပါတယ် ၊ ဒီဆေးကို Simparica, NexGard နဲ့ Bravecto ဆိုတဲ့နာမည်တွေနဲ့ထုတ်လုပ်ရောင်းချ 
 
ပါတယ် Simparica  နဲ့ NexGard ကတော့ ခွေးကြောင်တွေဝါးစားနိုင်တဲ့ပုံစံမျိုးနဲ့ထုတ်လုပ်ထားပြီး
 
လစဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်Bravectoတံဆိပ်ကတော့ဝါးစားနိုင်တဲ့ပုံစံမျိုးအဖြစ်ထုတ်လုပ်
 
ထားပြီး (၃)လတစ်ကြိမ်သာတိုက်ကျွေးဖို့လိုအပ်ပါတယ်။
 
 
Bravecto ဆေကိုလိမ်းဆေးအနေနဲ့လည်းထုတ်လုပ်ရောင်းချတာတွေရှိပါတယ်ဒီဆေးကဘေးထွက်
 
ဆိုးကျိုးအနေနဲ့အာရုံကြောစနစ်ကိုထိခိုက်စေနိုင်တဲ့အတွက်တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့ညွှန်ကြား
 
ချက်အတိုင်း သာ အသုံးပြုသင့်ပါတယ် ၊ နောက်တစ်မျိုးကတော့ SPINOSAD စားဆေးဖြစ်ပါတယ် 
 
၊ ဒီဆေးကိုလည်း ခွေးကြောင်တွေဝါးစားနိုင်တဲ့ပုံစံမျိုးအဖြစ်ထုတ်လုပ်ထားပြီးလစဉ်တိုက်ကျွေးရတဲ့
 
ဆေးမျိုးဖြစ်ပါတယ်  ဒီဆေးကိုခွေးအတွက်နဲ့ကြောင်အတွက်ဆိုပြီး သီးခြားစီထုတ်လုပ်ရောင်းချကြပါတယ် ၊ 
 
ဒီဆေးရဲ့ကောင်းတဲ့အချက်ကတော့ လှေးတွေကို(၃၀)မိနစ်အတွင်းမှာသုပ်သင်နိုင်တာပါပဲ 
 
မကောင်းတဲ့အချက်က ဆေးတိုက်တဲ့အခါမှာ အန်တတ်တာဖြစ်ပါတယ်၊ ဒါကြောင့်အဲဒီဆေးကို 
 
တိုက်ကျွေးမယ်ဆိုရင် အစာနဲ့ရောကျွေးဖို့လိုအပ်ပါတယ်။
 
 
(၂) ဆေးလည်ပါတ်တပ်ဆင်ပေးထားပါ
 
တချို့ပိုင်ရှင်တွေကတော့ လှေးနဲ့မွှားကိုကာကွယ်ဖို့အတွက် ဆေးလည်ပတ်တပ်ဆင်ပေးရတာကို 
 
ပိုပြီး နှစ်သက်လေ့ရှိပါတယ်။
 
Seresto အမျိုးအစား ဆေးလည်ပတ်တွေမှာ imidacloprid  နဲ့ flumethrin စတဲ့  ဆေးတွေပါဝင်တဲ့အတွက် 
 
အဲဒီဆေးလည်ပတ်မျိုးကိုတပ်ဆင်ပေးထားရင်မွှားနဲ့လှေးတွေရဲ့အန္တရာယ်ကနေ(၈)လလောက်အထိ
 
ကာကွယ်ပေးထားနိုင်ပါတယ်၊အဲဒီလိုအချိန်ကြာကြာကာကွယ်ပေးထားနိုင်တာဟာဆေးလည်ပတ် 
 
တွေရဲ့အားသာချက်တစ်ခုဖြစ်ပါတယ် ။
 
 
ဆေးလည်ပတ်တွေမှာပါဝင်တဲ့ဆေးတွေဟာလူကိုအန္တရာယ်မပေးနိုင်တဲ့အတွက်ခွေးကြောင်တွေကို 
 
ဆေးလည်ပတ် တပ်ဆင်ပေးတဲ့အခါမှာ လက်အိပ်စွပ်ပြီးကိုင်တွယ်ဖို့ အထူးမလိုအပ်ပါဘူး  ၊ 
 
တပ်ဆင်ပေးပြီးရင် တော့လက်ကိုသေချာစွာဆေးကြောပစ်သင့်ပါတယ် ၊ ဆေးလည်ပတ်တွေဟာ 
 
ရေနဲ့ထိတွေ့တဲ့အခါအာနိသင်လျှော့သွားတတ်ပါတယ်၊ဒါကြောင့်မို့ ဆေးလည်ပတ်တပ်ဆင်ပေးထား
 
တဲ့ခွေးကိုရေကူးခိုင်းရင်တော့ဆေးလည်ပတ်ရဲ့အာနိသင်က(၈)လအထိမရနိုင်တော့ပဲ(၅)လလောက်
 
နဲ့ အာနိသင်ကုန်သွားတတ်ပါတယ်။
 
 
(၃) ကပ်ပါးကောင်တွေရဲ့မျိုးဆက်ပွားမှုသံသရာစက်ဝန်းကို တားဆီးပေးနိုင်တဲ့ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုပါ
 
ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာလှေးမွှားစတဲ့ကပ်ပါးကောင်တွေကင်းစင်နေအောင်ဆောင်ရွက်တဲ့ 
 
အခါအရွယ်ရောက်ပြီးသား လှေးမွှားတွေကို သုပ်သင်ပစ်ရုံနဲ့မလုံလောက်ပဲသူတို့ရဲ့မျိုးဆက်ပွားမှုကို
 
ပါ တားဆီးနိုင်ဖို့လိုအပ်ပါတယ် လှေးကောင်တွေရဲ့မျိုးပွားမှုသံသရာစက်ဝန်းဟာ အလွန်တိုတောင်း
 
လှတာ ကြောင့် လှေးတွေရဲ့မျိုးပွားမှုကိုတားဆီးဖို့ကသိပ်ပြီးခက်ခဲလေ့မရှိပါဘူး။
 
လှေးတစ်ကောင်ဟာခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်ကိုတွယ်ကပ်ပြီးတဲ့အခါ သွေးကိုစုပ်ယူ
 
စားသောက်ပြီး  တစ်နေ့လျှင်ဉပေါင်း(၄၉-၅၀)ခန့် ဉချလေ့ရှိပါတယ် lufenuron  နဲ့ Sentinel  
 
ဆေးတွေကိုအသုံးပြုပြီး နှိမ်နင်းမယ်ဆိုရင် အရွယ်မရောက်‌သေးတဲ့ အကောင်ကြီးတွေသာမက 
 
သားလောင်းတွေနဲ့ ဉတွေကိုပါ ဆက်လက်ဖွံ့ဖြိုးမလာနိုင်တော့အောင်တားဆီးပေးနိုင်ပါတယ်။  
 
 
(၄) မိမိအိမ်ရှိခွေးကြောင်များအားလုံးကိုတစ်ပြိုင်နက်တည်းကပ်ပါးနှိမ်နင်းရေးဆောင်ရွက်ပါ
 
လှေးမွှားနှိမ်နင်းရေးဆောင်ရွက်တဲ့အခါနောက်တစ်ဖန်ပြန်မဖြစ်စေရေးအတွက်ပြန်လည်ပွားများ
 
ကူးစက်လာနိုင်ခြင်းမရှိစေဖို့တစ်ကောင်မှမကျန်အောင်သုပ်သင်ပစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်မို့
 
မိမိအိမ်မှာရှိတဲ့  ခွေးကြောင်တွေအားလုံးကိုတစ်ပြိုင်နက်တည်းဆောင်ရွက်ဖို့အရေးကြီးလှပါတယ်။
 
ဒါကြောင့် လှေးမွှားနှိမ်နင်းရေးဆောင်ရွက်တဲ့အခါခွေးကြောင်တစ်ကောင်တည်းကိုပဲရွေးပြီး
 
ဆောင်ရွက်ခြင်းအားဖြင့် အခြားခွေးကြောင်တွေမှာစွဲကပ်နေတဲ့အကောင်တွေကနေ ပြန်လည်
 
ကူးစက်လာနိုင်တဲ့ အတွက် မိမိအိမ်မှာရှိတဲ့ခွေးကြောင်တွေအားလုံးကို တစ်ပြိုင်နက်တည်း
 
လုပ်ဖို့လိုအပ်တဲ့အပြင် သူတို့ကိုထားတဲ့နေရာတွေနဲ့လှောင်အိမ်တွေကိုလည်း ပိုးသတ်ဆေးဖျန်း
 
ပစ်ဖို့လိုအပ်ပါတယ်။
 
(၅) သားလောင်းကောင်တွေခိုအောင်းနေတတ်တဲ့နေရာတွေကိုဆေးဖျန်းပါ
 
လှေးတွေမွှားတွေဟာခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာပဲရှိနေတတ်တာမဟုတ်ပါဘူးခန္တာကိုယ်ပေါ်
 
ကနေ ပြုတ်ကျပြီး အိမ်ရဲ့အခင်းတွေ ကော်ဇောတွေနဲ့ ခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေရဲ့ 
 
အနီးကနံရံနဲ့ကြမ်းပြင်ရဲ့အကြိုအကြားနေရာတွေမှာလည်းခိုအောင်းနေလေ့ရှိတယ်ဆိုတာကိုသိထား
 
သင့်ပါတယ် ကပ်ပါးကောင်တွေရှိနေပြီဆိုရင်ခွေးကြောင်တွေရဲ့ခန္တာကိုယ်ပြင်ပမှာသူတို့ခိုအောင်း
 
နေတဲ့အသိုက်တစ်ခုအမြဲရှိနေတတ်တယ်ဆိုတာကိုသိထားသင့်ပါတယ်။
 
 
ဒါကြောင့်မို့မိမိရဲ့အိမ်မှာရှိတဲ့ခွေးကြောင်တွေကိုပြင်ပကပ်ပါးနှိမ်နင်းရေးလုပ်တဲ့အခါသူတို့ရဲ့ခန္တာကိုယ် 
 
အပေါ်က အကောင်တွေကို သုပ်သင်ခြင်းနဲ့တစ်ပြိုင်တည်း ခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေ ၊ 
 
ကြမ်းပြင်တွေအပါအဝင်လှေးမွှားတွေခိုအောင်းနေတဲ့နေရာ၊အသိုက်ကိုပါတွေ့အောင်ရှာပြီးသင့်လျှော်
 
တဲ့ အင်းဆက်ပိုးသတ်ဆေးရည်တစ်မျိုးမျိုးနဲ့ ပက်ဖျန်းသုပ်သင်ပစ်ဖို့အလွန်အရေးကြီးလှပါတယ်။
 
 
(၆) ဖုန်စုပ်စက်ကိုအသုံးပြုပါ

မိမိအိမ်ကခွေးကြောင်တွေမှာ ကပ်ပါးကောင်တွေစွဲကပ်နေပြီဆိုရင် အင်မတန်သေးငယ်လှတဲ့
 
ကပ်ပါးဉ တွေဟာအိမ်ရဲ့ကြမ်းပြင်နေရာအနှံ့မှာရှိနေနိုင်တယ်ဆိုတာကိုသိထားသင့်ပါတယ်၊ 
 
ကပ်ပါးနှိမ်နင်းရေးဆိုင်ရာသုတေသနပြုချက်တစ်ခုအရခွေးကြောင်တွေနေလေ့ရှိတဲ့နေရာတွေက
 
ကြမ်းပြင်တွေအခင်းတွေနဲ့ လှောင်အိမ်တွေကိုဖုန်စုပ်စက်အသုံးပြုပြီး သန့်ရှင်းရေးဆောင်ရွက်ပေး
 
ခြင်းဟာလှေးမွှားစတဲ့ပြင်ပကပ်ပါးများနှိမ်နင်းရေးမှာအလွန်ထိရောက်မှုရှိတယ်လို့တွေ့ရှိထားပါကြောင်း 
 
ဗဟုသုတအဖြစ်တင်ပြပါတယ်။

Dr. Sarah Wooten(D.V.M) ၏စာတမ်းကိုဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။
ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက ခလုပ်ကိုနှိပ်ပါ 

1 မှတ်ချက်များ:

  • 15 October 2021 at 15:42
    Aung Si Wun says:

    ကျေးဇူးတင်ပါတယ်ခင်ဗျာ

Post a Comment