Kennel cough ရောဂါဟာ Bordetella bronchiseptica ဆိုတဲ့ဘက်တီးရီးယားနဲ့အခြား
ဗိုင်းရပ်ပိုးတွေအတော်များများစုပေါင်းပြီးဖြစ်ပွားတာမို့ ဆိုးရွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
နေရာကျဉ်းကျဉ်းမှာ ခွေးတွေအများကြီးမွေးထားလေ့ရှိတဲ့ ခွေးသားဖောက်ခြံလိုခွေးခြံတွေမှာ
မကြာခဏကြုံရတတ်တဲ့ပြသနာတစ်ခုဖြစ်ပါတယ် ဒီရောဂါဖြစ်လာရင်ကူးစက်နှုန်းမြန်တဲ့အတွက်
ခွေးအတော်များများဟာ အချိန်အတော်ကြာအောင် ချောင်းဆိုးဝေဒနာကို ခံစားနေရတတ်ပါတယ်
ဒီရောဂါဖြစ်တဲ့အခါ နောက်ဆက်တွဲရောဂါပိုးတွေဝင်လာရင် ကုသဖို့ခက်ခဲတတ်သလို ဖြစ်လာရင်
လည်း ရက်သတ္တပါတ်ပေါင်းများစွာခံစားရနိုင်ပြီး နာတာရှည်ရောဂါအဖြစ်နဲ့ဖြစ်ပွားနေတတ်တဲ့
ရောဂါတစ်ခုဖြစ်ပါတယ်။
မိမိရဲ့ခွေးခြံမှာ Kennel cough ဖြစ်နေရင် ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေဖို့ ချောင်းဆိုးနေတဲ့
ခွေးတွေကိုသီးခြားခွဲထားကာ၊ခွေးတွေထားတဲ့အခန်းတွေကိုလည်း၊လေဝင်လေထွက်ကောင်းမွန်ပြီး
နွေးထွေးခြောက်သွေ့အောင်စီစဉ်သင့်တဲ့အပြင်တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့အကူအညီကိုချက်ချင်း
ရယူသင့်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အဲကွန်းထက်စာရင်၊ ရေထည့်ပြီးအေးစေတဲ့ လေအေးပေးစက်မျိုးဟာ
အပူချိန်ကိုလျှော့ကျစေနိုင်တဲ့အပြင် ရေငွေ့လည်းရစေနိုင်တဲ့အတွက် ခွေးအတွက်အသင့်တော်ဆုံး
ဖြစ်ပါတယ်။
အကယ်၍လေအေးပေးစက်အလွယ်တကူထားမပေးနိုင်သေးရင် ခွေးကိုရေချိုးခန်းထဲမှာထားပေး
နိုင်ပါတယ်၊Kennel cough ဖြစ်နေတဲ့ခွေးကိုပြင်းထန်တဲ့လေ့ကျင့်ခဏ်းမျိုးတွေမလုပ်စေသင့်ပါဘူး။
လေ့ကျင့်ခဏ်းလုံးဝမလုပ်ခိုင်းတာဟာလည်း မမှန်ပါဘူး၊ သင့်တင့်တဲ့လေ့ကျင့်ခဏ်းလုပ်စေခြင်း
အားဖြင့် အသက်ရှုလမ်းကြောင်းထဲမှာပိတ်ဆို့နေတဲ့ အယိအချွဲတွေထွက်သွားစေနိုင်တဲ့အတွက်
ရောဂါကုသရေးမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။
Kennel cough ရောဂါဖြစ်နေတဲ့ခွေးကို septrin ဆေးပြားနဲ့ tetracycline ဆေးတောင့်ကိုပူးတွဲပြီး
(၇)ရက်ကနေ(၁၀)ရက်လောက်အထိတိုက်ကျွေးပေးနိုင်ပါတယ်၊အလွန်အမင်းချောင်းဆိုးနေရင်
တော့ Dextromethorphan (သို့)Butorphanol စတဲ့ဆေးတွေပါတဲ့ချောင်းဆိုးသက်သာစေမယ့်
ဆေးတွေကိုတိုက်ကျွေးပေးသင့်ပါတယ်။
ဒီရောဂါရနေတဲ့ခွေးဟာအဆုပ်ယောင်နေတဲ့အပြင် အသက်ရှုပြွန်ပါယောင်ယမ်းနေတဲ့အတွက်
အလွန်အမင်းချောင်းဆိုးနေရင်တော့ ပဋိဇီဝဆေးတွေကိုအကြောကနေသွင်းပေးပြီး အသက်ရှုပြွန်
တွေကိုကျယ်စေ တဲ့ဆေးတွေကို နာရီပိုင်းအလိုက်ထိုးနှံှကုသပေးရမှာဖြစ်တာမို့ ခွေးကိုဆေးရုံ
တင်ထားပြီး စနစ်တကျကုသပေးတာကတော့အကောင်းဆုံးဖြစ်ပါတယ်။
Parainfluenza ရောဂါ ၊ Bordetella ရောဂါ နဲ့ CAV-2 ရောဂါတွေအတွက် DHPPL ကာကွယ်ဆေး
ကို အချိန်မှန်ထိုးနှံထားရင် မိမိရဲ့ခွေးခြံမှာ Kennel cough ရောဂါဖြစ်ပွားမှုနှုန်းလျှော့ကျသွားနိုင်
ပေမယ့် ကာကွယ်ဆေးထိုးထားရင်လုံးဝမဖြစ်ဘူးလို့တော့မပြောနိုင်ပါကြောင်း ခွေးခြံသမားများ
အတွက် ဗဟုသုတအဖြစ်တင်ပြလိုက်ပါတယ်။