«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

2 Nov 2019

ကြောင်တုပ်ကွေးရောဂါ(Cat Flu)

,
လူတွေအပါအဝင် ဝက်တွေနဲ့‌ခွေးကြောင်တွေမှာဖြစ်ပွားတဲ့ တုပ်ကွေးရောဂါဗိုင်းရပ်ဟာ ကြောင်တွေကိုလည်း
ကူးစက်စေနိုင်ပါတယ်၊ဝက်တုပ်ကွေးရောဂါလို့အများသိထားတဲ့ H1N1ရောဂါပိုးကို ၂၀၀၉ခုနှစ်မှာစတင်တွေ့ ရှိခဲ့ပြီး တစ်ကမ္ဘာလုံးပြန့်နှံ့ခဲ့ပါတယ်
ကြောင်တွေမှာH1N1ဗိုင်းရပ်ပိုးကူးစက်ခံရတဲ့အခါရောဂါလက္ခဏာပြသပုံဟာအမျိုးမျိုးဖြစ်တတ်ပါတယ်၊ တစ်ချို့ကြောင်တွေမှာရောဂါလက္ခဏာပြင်းထန်တဲ့အတွက်သိသာထင်ရှားပေမယ့်တစ်ချို့ကြောင်တွေမှာတော့ 
ဘာလက္ခဏာမှမပြပဲလည်းရောဂါဖြစ်နေတတ်ပါတယ်
ကြောင်တွေမှာH1N1ဗိုင်းရပ်ပိုးကူးစက်ခံရတဲ့အခါ ‌ကိုယ်အပူချိန်တက်လာပြီးချောင်းဆိုးခြင်းနှာချေခြင်း အစားအသောက်ပျက်ပြီးနုန်းခွေနေတတ်ခြင်း နှာရည်မျက်ရည်ယိုခြင်းနဲ့ အသက်ရှုမဝခြင်းတွေဖြစ်လာတတ် ပါ တယ် ၊ ရောဂါဖြစ်တဲ့ကြောင် အများစုကတော့ရောဂါလက္ခဏာပြင်းပြင်းထန်ထန်ပြလေ့မရှိပါဘူး
ကြောင်နေမကောင်းဖြစ်ပြီးမကြာခင်မှာ အိမ်သူအိမ်သားတွေထဲကတစ်ယောက်ယောက် တုပ်ကွေးရောဂါ
လက္ခဏာတွေဖြစ်လာရင်တော့ ကြောင်တုပ်ကွေးရောဂါကိုထည့်စဉ်းစားဖို့လိုအပ်ပါတယ်
ကြောင်တုပ်ကွေးရောဂါဟုတ်မဟုတ်အတိအကျသိနိုင်ဖို့ဆိုရင်တော့ကြောင်ရဲ့နှာခေါင်းထဲကိုဖြစ်စေ လည်ချောင်းထဲကိုဖြစ်စေ ဂွမ်းစနဲ့သုပ်ယူပြီးဓာတ်ခွဲခန်းမှာPCRTestလုပ်ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်၊ ကြောင်ကိုရင်ခေါင်းဓာတ်မှန်ရိုက်ကြည့်ပြီး အဆုပ်ယောင်နေခြင်းရှိမရှိကိုလည်းစစ်ဆေးရပါတယ်
ကြောင်တုပ်ကွေးရောဂါပိုးကိုထိထိရောက်ရောက်သုပ်သင်နိုင်တဲ့ဆေးရယ်လို့မရှိသေးတာကြောင့် ဒီရောဂါဖြစ်လာရင် ရောဂါလက္ခဏာတွေသက်သာအောင်ကုသပေးတဲ့ကုထုံးတွေနဲ့သာ ကုသပေးလေ့ရှိကြ
ပါတယ် ၊ ဒီရောဂါဖြစ်နေတဲ့ကြောင်ရဲ့မျက်လုံးနဲ့နှာခေါင်းတွေမှာ အယိအချွဲတွေပိတ်ဆို့နေတတ်တဲ့အတွက် မကြာခဏသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ် ရောဂါဖြစ်နေတဲ့ကြောင်ဟာ ရက်အကြာကြီးအစာမစားပဲနေ
တတ်တဲ့အတွက် အာဟာရပြတ်မသွားစေဖို့ အစာကိုဝင်အောင်ခွံ့ကျွေးပေးဖို့လည်းလိုအပ်ပါတယ်
ဒီရောဂါခံစားနေရစဉ်မှာ အခြားရောဂါပိုးတွေထပ်မံဝင်ရောက်ဒုက္ခပေးခြင်းမှတားဆီးဖို့အတွက် သင့်လျှော်တဲ့ ပဋိဇီဝဆေးတွေကိုထိုးနှံတိုက်ကျွေးပေးရမယ့်အပြင်ဓာတ်ဆားရည်ကိုလည်းမဖြစ်မနေတိုက်ကျွေးပေးသင့် ပါတယ်
ဒီရောဂါဘေးကနေကင်းဝေးစေဖို့အတွက် မိမိကြောင်ကို အိမ်မလည်အောင်ဖြစ်နိုင်သမျှစီစဉ်သင့်ပြီး လူကို ကူးစက်မခံရဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုရှိနေဖို့အလွန်အရေးကြီးပါတယ် ၊မိမိအိမ်သားအားလုံးလက်ကို ပြောင်စင်အောင်မကြာခဏဆေးကြောဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “ကြောင်တုပ်ကွေးရောဂါ(Cat Flu)”

Post a Comment