«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

9 Mar 2019

နားတွင်းစွဲကပ်သောကပ်ပါးအကြောင်း(Otodectic mites)

,
Otodectic mites လို့ခေါ်တဲ့ပိုးကောင်လေးတွေဟာ နားထဲမှာစွဲကပ်ဒုက္ခပေးတဲ့အရေပြား ပိုးကောင်လေးတွေဖြစ်ပါတယ် ဒီပိုးကောင်လေးတွေဟာခွေးကြောင်တွေအချင်းချင်း အလွန်ကူးစက်လွယ် တဲ့အကောင်လေးတွေဖြစ်ပါတယ်
ခွေးတွေရဲ့နားနှစ်ဖက်စလုံးမှာပြသနာရှိလာပြီဆိုရင် ဒီပိုးကောင်လေးတွေကြောင့်ဖြစ်တာကခပ်များများဖြစ် ပါတယ်
နားထဲမှာဒီပိုးကောင်လေးတွေစွဲကပ်နေပြီဆိုရင် အလွန်ယားတဲ့အတွက် နားရွက်အရင်းကိုကုတ်ခြစ်တာမျိုး နဲ့ ဦးခေါင်းကိုခါရမ်းနေတာမျိးကိုတွေ့ရတတ်ပါတယ်
နားရွက်ပြားအတွင်းဖက်မျက်နှာပြင်တွေဟာနီရဲနေပြီး အက်ကွဲကြောင်းလေးတွေနဲ့အတူအချို့နေရာတွေမှာ အသားစလေးတွေအဖတ်လန်ပြီးကွာထွက်နေတာကိုတွေ့မြင်နိုင်ပါတယ်
နားအတွင်းလှိုဏ်ခေါင်းထဲမှာကော်ဖီရောင်စေးပျစ်ပျစ်နားဖာချေးတွေရှိနေတတ်ပြီး အဲဒီနားဖာချေးတွေ ရဲ့အောက်မှာ နားပိုးတွေရှိနေတာဖြစ်ပါတယ်ဒီအကောင်လေးတွေစွဲကပ်နေတာလို့သံသယဖြစ် လာရင် နားထဲကနားဖာချေးတွေကိုဂွမ်းစနဲ့ဖယ်ရှားသန့်စင်ပြီး အောက်အအရေပြားမှာတွယ်ကပ်စိုက်ဝင်နေတဲ့ နားတွင်းကပ်ပါးပိုးတွေကိုခြစ်ယူနိုင်ပါတယ် အဲဒီခြစ်ယူရှိတဲ့အဖတ်တွေကို အနက်ရောင်ဖန်ပြားပေါ်တင်ပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ရင် ပင်အပ်ထိပ်ဖူးလောက်အရွယ်အစားရှိတဲ့ အဖြူရောင် ပိုးကောင်လေးတွေလှုပ်ရှားနေတာကိုမြင်တွေ့နိုင်ပါတယ်
ဒီပိုးကောင်ကြောင့်ဖြစ်တာသေချာပြီဆိုရင် ပိုးကောင်အားလုံးအမြစ်ပြတ်သုပ်သင်နိုင်ဖို့အတွက် တစ်အိမ်လုံး မှာရှိတဲ့ မဖြစ်သေးတဲ့ခွေးကြောင်တွေအားလုံးကိုပါ  ဆေးကုပစ်မှသာနောက်ထပ်တဖန်ပြန်မဖြစ်တော့ မှာဖြစ်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်
ဆေးကုသပေးတဲ့အခါနားထဲကထွက်တဲ့နားဖားချေးအချွဲတွေဟာဆေးနဲ့ပိုးကောင်ကိုထိတွေ့ခြင်းမရှိအောင် ကာကွယ်ပေးထားဖြစ်တဲ့အတွက် ဆေးရဲ့ထိရောက်မှုကိုလျှော့ကျစေပါတယ် ဒါကြောင့်မို့နားအတွင်းကိုဂွမ်းစနဲ ပြောင်စင်အောင်သေသေချာဆေးကြောသန့်ရှင်းပြီးမှ ပိုးသတ်ဆေးတွေ ကိုလိမ်းကြံပေးသင့်ပါတယ်
ဒီပိုကောင်လေးတွေကို pyrethrins ဆေးနဲ့ thiabendazole တွေပါဝင်တဲ့လိမ်းဆေးတစ်မျိုးမျိုးနဲ့ သုပ်လိမ်းပြီးနှိမ်နင်းရမှာဖြစ်ပါတယ်
အဲဒီဆေးတွေပါဝင်တဲ့ဆေးတွေဟာအောက်ပါအတိုင်းနာမည်အမျိုးမျိုးနဲ့ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်
အဲဒီနာမည်တွေကတော့ Nolvamite, Cerumite, Mitox, Acarex နဲ့ Tresaderm တို့ဖြစ်ပါတယ်
Tresadermတံဆိပ်ကတော့ကပ်ပါးကောင်သတ်တဲ့ဆေးနဲ့ပဋိဇီဝဆေးပူးတွဲပါရှိတဲ့အပြင်စတီးရွိုက်ဆေးတွေ ပါထည့်ပေးထားတဲ့အတွက် ယားယံမှုကိုပါ သက်သာစေတာမို့ နားတွင်းကပ်ပါးပိုးနှိမ်နင်းရာမှာ အတော်လေး အဆင်ပြေတဲ့လိမ်းဆေးဖြစ်ပါတယ်
အခုနောက်ပိုင်းထွက်ပေါ်လာတဲ့ လှေးကာကွယ်ရေးဆေးအချို့ဟာ နားတွင်းပိုးကိုကာကွယ်နှိမ်နင်း ရာမှာလည်းအသုံးပြုနိုင်ပါတယ်
ကပ်ပါးပိုးစွဲကပ်မှုဟာအလွန်ဆိုးရွားတဲ့အခြေအနေဆိုရင် Ivermectin ထိုးဆေးကိုထိုးနှံပေးရမှာဖြစ်ပါတယ်
ဆေးလိမ်းတဲ့အခါမှာ ဆေးပါတ်လည်သည်အထိလိမ်းပေးဖို့လိုပါတယ် ဆေးပါတ်မလည်သေးပဲဆေးလိမ်းတာကိုဖြတ်လိုက်ရင် ပိုးကောင်လေးတွေမျိုးဆက်မပြတ်ပဲပြန်ဖြစ်လာ တတ်ပါတယ်
ကုသနေစဉ်အချိန်မှာပိုးကောင်လေးတွေဟာနားထဲကနေထွက်ပြီးခွေးရဲ့ခန္တာကိုယ်အနှံ့မှာယာယီအားဖြင့်ရွှေ့ ပြောင်းတွယ်ကပ်နေတတ်ပါတယ် အဲဒီအကောင်လေးတွေတွယ်ကပ်တဲ့နေရာတိုင်းမှာယားယံလာတဲ့အတွက် ကုပ်ခြစ်နေတတ်ပါတယ်
ဒါကြောင့်မို့ နားအခေါင်းထဲကကိုကုသနေစဉ်အချိန်နဲ့တစ်ပြိုင်နက်တည်း အခြားနေရာတွေကို ယာယီ အားဖြင့်ရွှေ့ပြောင်းတွယ်ကပ်နေမယ့်ပိုးကောင်လေးတွေကိုသုပ်သင်ဖို့အတွက် pyrethrin ဆေးပါတဲ့ ရေချိုးဆပ်ပြာshampooနဲ့(၁)ပါတ်တစ်ကြိမ်ရေချိုးပေးခြင်းကိုလည်း(၄)ပါတ်လောက်ဆက်တိုက်ပြုလုပ်ပေး သင့်ပါတယ်
ဒီပိုးကောင်တွေစွဲကပ်တဲ့အခါနောက်ဆက်တွဲအနေနဲ့ဘက်တီးရီးယားပိုးတွေဝင်ရောက်လာပြီးနားအုံယောင် တတ်ပါတယ် ဒါကြောင်းမို့ဘက်တီးရီးယားပိုးသတ်ဆေးတွေနဲ့လည်းပူးတွဲကုသပေးသင့်ပြီး ယားယံမှုကို သက်သာစေဖို့အတွက် စတီးရွိုက်စားဆေးတွေကိုလည်းပူးတွဲတိုက်ကျွေးသင့်ပါတယ်

(Unicode)
Otodectic mites လို့ခေါ်တဲ့ကပ်ပါးပိုးကောင်လေးတွေဟာ ခွေးကြောင်တွေရဲ့နားထဲမှာစွဲကပ်ပြီး ဒုက္ခပေးလေ့ရှိတဲ့အရေပြားပိုးကောင်လေးတွေဖြစ်ပါတယ်
ဒီပိုးကောင်လေးတွေဟာခွေးကြောင်တွေအချင်းချင်းအလွန်ကူးစက်လွယ်တဲ့ကပ်ပါးကောင်လေးတွေဖြစ် ပါတယ် ၊ ခွေးတွေရဲ့နားနှစ်ဖက်စလုံးမှာပြသနာရှိလာပြီဆိုရင်တော့ ဒီပိုးကောင်လေးတွေကြောင့် ဖြစ်လေ့ရှိတာကခပ်များများဖြစ်ပါတယ်
နားထဲမှာဒီပိုးကောင်လေးတွေစွဲကပ်နေပြီဆိုရင် အလွန်ယားယံတဲ့အတွက် ခွေးကြောင်တွေဟာ သူတို့ရဲ့နားရွက် အရင်းကိုကုပ်ခြစ်နေတတ်ပြီး ဦးခေါင်းကိုလည်းမကြာခဏခါယမ်းနေတတ်ပါတယ်
သေချာကြည့်ရင် ခွေးရဲ့နားရွက်ပြားအတွင်းဖက်မျက်နှာပြင်ပိုင်းဟာနီရဲနေတဲ့အပြင် အရေပြားတွေဟာ အက်ကွဲနေတတ်ပြီး အချို့နေရာတွေမှာဆိုရင်အသားစလေးတွေဟာအဖတ်လန်ပြီးတောင် ကွာထွက် နေတာကို တွေ့မြင် ရမှာဖြစ်ပါတယ်
နားရွက်ရဲ့အတွင်းဖက်လှိုဏ်ခေါင်းထဲမှာတော့ ကော်ဖီရောင်စေးပျစ်ပျစ်နားဖာချေးတွေ ရှိနေတတ်ပြီး အဲဒီနားဖာချေးတွေရဲ့အောက်မှာ Otodectic mites ပိုးကောင်လေးတွေရှိနေတတ်ပါတယ်
ဒီအကောင်လေးတွေစွဲကပ်နေပြီလို့သံသယဖြစ်လာရင် နားထဲကနားဖာချေးတွေကို ဂွမ်းစသန့်သန့်နဲ့ ဖယ်ရှားသန့်စင်ပြီး အောက်ကအရေပြားမှာတွယ်ကပ်ပြီးစိုက်ဝင်နေတဲ့ နားတွင်းစွဲကပ်ပါးပိုးကောင်လေး တွေ ပါလာအောင်ခြစ်ယူရပါတယ် အဲဒီလိုခြစ်ယူရရှိတဲ့အဖတ်တွေကို အဏုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်တဲ့အခါ ပင်အပ်ထိပ်ဖူးအရွယ်လောက်ရှိတဲ့အဖြူရောင်ပိုးကောင်လေးတွေလှုပ်ရှားနေတာ ကိုတွေ့ရရင် Otodectic mites ကပ်ပါးစွဲကပ်နေပြီလို့အတိအကျပြောနိုင်ပြီဖြစ်ပါတယ်
ဒီ Otodectic mites ပိုးကောင်သေချာ ပြီဆိုရင် ပိုးကောင်တွေအားလုံးကို အမြစ်ပြတ်သုပ်သင်နိုင်ဖို့ ဆိုတာ လက်ရှိဖြစ်ပွားနေတဲ့ခွေးကြောင်ကိုကုသပေးရုံလောက်နဲ့မရနိုင်ပဲ မိမိရဲ့တစ်အိမ်လုံးမှာရှိတဲ့ ခွေကြောင်တွေအားလုံကိုကုသပေးမှသာ ဒီပြသနာမျိုးနောက်ထပ်ပြန်မဖြစ်တော့မှာဖြစ်ပါတယ်
ဆေးကုသပေးတဲ့အခါမှာ နားထဲကနေအမြဲလိုလိုထွက်နေတတ်တဲ့နားဖာချေးတွေကြောင့် ပိုးကောင်တွေ ဟာဆေးနဲ့ထိတွေ့မှုမရှိပဲ ကုသမှုကိုထိရောက်မှုမရှိအောင်အနှောက်အယှက်ပေးတတ်တာကို သိထားဖို့ လိုပါတယ်၊ ဒါကြောင့်မို့ဆေးထည့်ပေးတဲ့အခါတိုင်း နားဖာချေးတွေကိုဂွမ်းစသန့်သန့်နဲ့ပြောင်စင်အောင် သေသေချာချာ ဆေးကြောသန့်စင်ပြီးမှ သင့်တော်တဲ့ပိုးသတ်ဆေးကိုလိမ်းကြံပေးရမှာဖြစ်ပါတယ်
တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဒီပိုးကောင်စွဲကပ်တဲ့ရောဂါကိုကုသတဲ့အခါ   ဝေဒနာအပေါ်မူတည်ပြီး ခွေးကြောင်နဲ့သင့်တော်တဲ့ လိမ်းဆေးတစ်မျိုးမျိုးကိုညွှန်လေ့ရှိပါတယ်
တိရစ္ဆာန်ဆေးကုဆရာဝန်အများစုကတော့ ဒီပိုးကောင်စွဲကပ်တဲ့ရောဂါကိုကုသတဲ့အခါ pyrethrins ဆေးနဲ့ thiabendazole ဆေးတွေပါဝင်တဲ့ဆေးတစ်မျိုးမျိုးကိုညွှန်လေ့ရှိပါတယ်
အဲဒီဆေးတွေပါဝင်တဲ့ဆေးတွေကို အောက်ပါအတိုင်းနာမည်အမျိုးမျိုးနဲ့ထုတ်လုပ်ရောင်းချလျှက် ရှိပါတယ်၊ အဲဒါတွေကတော့ Nolvamite, Cerumite, Mitox, Acarex နဲ့ Tresaderm စတဲ့နာမည်တွေဖြစ်ပါတယ် Tresaderm တံဆိပ်ဟာ ကပ်ပါးကောင်သတ်တဲ့ဆေးအပြင် ပဋိဇီဝဆေးနဲ့ စတီးရွိုက်ဆေးတွေလည်းပူးတွဲပါရှိတဲ့အတွက် ပိုမိုထိရောက်တဲ့အပြင်ယားယံမှုကိုပါ သက်သာစေ တဲ့အတွက် Otodectic mites နားတွင်းစွဲကပ်ပါးရောဂါကိုကုသတဲ့အခါ အတော်လေးအဆင်ပြေတဲ့ လိမ်းဆေးဖြစ်ပါတယ်
ဆေးလိမ်းပေးတဲ့အခါမှာလည်း ဆေးပါတ်လည်အောင်လိမ်းပေးဖို့တော့အထူးဂရုစိုက်ရမှာဖြစ်ပါတယ် ၊ ဆေးပါတ်မလည်သေးပဲ ဆေးလိမ်းတာကိုရပ်လိုက်ရင်တော့ ပိုးကောင်လေးတွေဟာမျိုးဆက်မပြတ် သေးတဲ့အတွက် ဝေဒနာတွေပြန်လည်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်
အနားတွင်းစွဲကပ်ပါးကို စနစ်တကျကုသမှုမလုပ်ခဲ့ရင် နောက်ဆက်တွဲအနေနဲ့ ဘက်တီးရီးယားပိုးတွေ ထပ်မံဝင်ရောက်ပြီး နားအုံတွေပါယောင်ယမ်းလာတတ်ပါတယ် ၊ အဲဒီအဆင့်ရောက်မှကုသရင်တော့ ပိုးကောင်သတ်တဲ့ဆေးအပြင် ဘက်တီးရီးယားပိုးသတ်ဆေးတွေနဲ့ ယားယံမှုသက်သာစေမယ့် စတီးရွိုက်စားဆေးတွေကိုပါ ပူးတွဲတိုက်ကျွေးပြီးကုသပေးရမှာဖြစ်ပါတယ်
နားထဲကိုစတင်ကုသပြီဆိုတာနဲ့ ပိုးကောင်လေးတွေဟာ နားထဲကနေထွက်ပြီးခန္တာကိုယ်ရဲ့အခြား နေရာအနှံ့ကို ပြောင်းရွှေ့ပြီးတွယ်ကပ်နေတတ်ပါတယ် ၊ အဲဒီအခါမှာ ဝေဒနာခံစားနေရတဲ့ကြောင်ဟာ နေရာအနှံ့မှာယားယံလာတဲ့အတွက် တစ်ကိုယ်လုံးအနှံ့ကိုကုပ်ခြစ်နေတတ်ပါတယ်
ဒါကြောင့်မို့နားအတွင်းကိုအာရုံစိုက်ပြီးကုသချိန်တဲ့တစ်ပြိုင်တည်းအခြားနေရာတွေကိုယာယီပြောင်းရွှေ့ြီး ခိုအောင်းနေတဲ့ပိုးကောင်တွေကိုပါ တစ်ပြိုင်နက်တည်းသုပ်သင်ဖို့အတွက် pyrethrins  ဆေးပါတဲ့ ရေချိုးဆပ်ပြာနဲ့ တစ်ပါတ်တိုင်းတစ်ကြိမ်နှုန်းနဲ့ရေချိုးပေးတာကို (၄)ပါတ်လောက်ဆက်တိုက် ပြုလုပ်ပေးသင့်ပါတယ်
အခုနောက်ပိုင်းထွက်ရှိလာတဲ့ လှေးကာကွယ်ရေးဆေးအချို့ဟာ Otodectic mites ပိုးကိုကာကွယ် နှိမ်နင်းရာမှာလည်း အသုံးပြုနိုင်ပါတယ်
ပိုးကောင်စွဲကပ်မှုအခြေအနေဟာ အလွန်ဆိုးရွားတဲ့အဆင့်ဆိုရင်တော့ ပိုးသတ်တဲ့ထိုးဆေးတွေထိုးနှံပြီး ကုသပေးရပါကြောင်း တိရစ္ဆာန်ချစ်သူများအတွက်ဗဟုသုတအဖြစ်ဖော်ပြအပ်ပါတယ်
 

0 မှတ်ချက်များ to “နားတွင်းစွဲကပ်သောကပ်ပါးအကြောင်း(Otodectic mites)”

Post a Comment