«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Aug 2020

မိခင်နို့နှင့်ဓာတ်မတည့်ခြင်း (Neonatal Isoerythrolysis in Kitten.)

,
မွေးလာတဲ့ကြောင်ပေါက်စလေးဟာမိခင်ကြောင်မကြီးနဲ့သွေးအုပ်စုချင်းမတူရင်မိခင်ကြောင်မကြီးထံကနို့ကို စုပ်ယူသောက်သုံးတဲ့အခါ ကြောင်ပေါက်စလေးရဲ့သွေးနီဉတွေကို မိခင်ရဲ့နို့ဦးရည်ထဲမှာပါလာတဲ့ ကိုယ်ခံအား antibodies တွေကတိုက်ခိုက်တဲ့အတွက် သေဆုံးသွားနိုင်ပါတယ်။ ကြောင်တွေရဲ့သွေးအုပ်စုများ ကြောင်တွေမှာသွေးအုပ်စု(၃)မျိုးရှိပါတယ် အဲဒါတွေကတော့ A , B နဲ့ AB အမျိုးအစားတွေဖြစ်ပါတယ် အဲဒီသွေးအုပ်စုတိုင်းမှာ ရောဂါဘယတွေကိုတွန်းလှန်တိုက်ခိုက်နိုင်တဲ့ သဘာဝကိုယ်ခံအား antibodies တွေဟာအမျိုးအစားအလိုက်အသီးသီးပါဝင်နေပါတယ် A အမျိုးအစားသွေးအုပ်စုမှာရှိတဲ့ကိုယ်ခံအားတွေ ဟာ B အမျိုးအစားသွေးအုပ်စုမှာရှိတဲ့သွေးနီဉတွေကိုတွေ့ရင်တိုက်ခိုက်လေ့ရှိပြီး B အမျိုးအစားသွေး အုပ်စုမှာရှိတဲ့ကိုယ်ခံအားတွေဟာ A အမျိုးအစားသွေးအုပ်စုမှာရှိတဲ့သွေးနီဉတွေကိုတွေ့ရင်တိုက်ခိုက် လေ့ရှိပါတယ် ဒီလိုဖြစ်တာကတော့ကြောင်တွေမှာသဘာဝအတိုင်းဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ် ကမ္ဘာပေါ်ကကြောင်တွေအားလုံးရဲ့(၉၅)ရာခိုင်နှုန်းဟာ A အမျိုးအစားသွေးအုပ်စုတွေဖြစ်ကြပြီးမြန်မာ့ ကြောင်မျိုးတွေဟာလည်း A အမျိုးအစားသွေးအုပ်စုတွေဖြစ်ကြပါတယ် ဒီခေတ်မှာတော့ မြန်မာနိုင်ငံမှလည်း နိုင်ငံခြားကြောင်မျိုးတွေကို တင်သွင်းမွေးမြူသူတွေရှိလာကြပြီဖြစ်တဲ့အတွက် မိခင်နို့နှင့်ဓာတ်မတည့်ခြင်း (Neonatal Isoerythrolysis in Kitten.)အကြောင်းကိုသိရှိထားသင့်ပါတယ် ဒီရောဂါဖြစ်လာရခြင်းရဲ့အကြောင်းရင်းကိုနားလည်ဖို့အတွက် ဆိုရင် မိခင်ရဲ့နို့ဦးရည်အကြောင်းကိုသိထားဖို့ လိုအပ်ပါတယ် မိခင်ကြောင်မကြီးရဲ့နို့ဦးရည်ထဲမှာ ကြောင်ငယ်လေးတွေအတွက်အာဟာရဓာတ်တွေ များစွာပါဝင်တဲ့အပြင် ကိုယ်ခံအားစနစ်ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ကြောင်ပေါက်စလေးတွေအဖို့ ရောဂါဒဏ်ကိုခံနိုင်ဖို့ အတွက် antibodies လို့ခေါ်တဲ့ခုခံအားတွေလည်းပါဝင်နေပါတယ် A အမျိုးအစားသွေးနဲ့ကြောင်မဟာ B သွေးအုပ်စုရှိတဲ့ကြောင်အထီးနဲ့မိတ်လိုက်ပြီး A အမျိုးအစားသွေး ရှိတဲ့ကြောင်လေးတွေမွေးလာဆိုရင် မိခင်နို့နဲဓာတ်မတည့်တဲ့ဖြစ်စဉ်ဖြစ်နိုင်ချေကပိုများလေ့ရှိပါတယ် မိခင်ကြောင်မကြီးရဲ့နို့ဦးရည်ထဲမှာ ကြောင်ငယ်လေးတွေအတွက်အာဟာရဓာတ်များစွာပါဝင်တဲ့အပြင် ကိုယ်ခံအားစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ကြောင်ပေါက်စလေးတွေ ရောဂါဒဏ်ကိုခံနိုင်ဖို့အတွက် antibodies လို့ခေါ်တဲ့ခုခံအားတွေလည်းပါဝင်ပါတယ် မွေးဖွားကာစကြောင်ပေါက်စလေးဟာ မိခင်ရဲ့နို့ဦးရည်ကိုစုပ်ယူစားသုံးလိုက်တဲ့အခါ မိခင်ထံကပါလာတဲ့ ခုခံအား antibodies တွေလည်းနို့ရည်နဲ့အတူပါလာပြီး အူလမ်းကြောင်းကနေစုပ်ယူပြီး သွေးထဲကို ရောက်ရှိသွားပါတယ် အဲဒီလိုရောက်ရှိပြီးနောက်(၁၂-၂၄)နာရီအကြာမှာ ကြောင်လေးရဲ့အူလမ်းကြောင်း ထဲကနေ နောက်ထပ် antibodies တွေထပ်မံဝင်မလာနိုင်တော့အောင် အူတံခါးကိုပိတ်ထား လိုက်လေ့ရှိ ပါတယ် မိခင်နို့ကိုစုပ်ယူပြီး ပထမ(၁၂-၂၄)နာရီအတွင်းအခြေအနေ အကယ်၍ A သွေး(သို့) AB သွေးဖြစ်တဲ့ကြောင်လေးဟာ အူတံခါးမပိတ်မီ AB သွေးဖြစ်တဲ့ ကြောင်မကြီးရဲ့နို့ကိုစို့ခဲ့တယ်ဆိုရင် အဲဒီနို့ထဲမှာပါလာတဲ့ A သွေးကိုတိုက်ခိုက်တတ်တဲ့ မိခင်ကြောင် မကြီးရဲ့ antibodies တွေက ကြောင်ငယ်လေးရဲ့သွေးနီဉတွေကိုစတင် ဖျက်ဆီးပါတော့ တယ် အဲဒီအခါမှာကြောင်ငယ်လေးဟာ နုံးခွေလာပြီး နို့မစို့နိုင်စတင်ဖြစ်လာတတ်ပါတယ် ၊ သူ့ရဲ့မျက်လုံး တွေကိုဖြဲကြည့်ရင်တော့ မျက်တွင်းသားတွေဖြူဖတ်ဖြူရော်ဖြစ်နေတာကိုတွေ့ရနိုင်ပြီး အခြေအနေဆိုး ရင်တော့ အဝါရောင်ဖက်ပိုများနေတတ်ပါတယ် ဆီးသွားတဲ့အခါ နီညို့ရင့်ရောင်သွားတာ ကိုတွေ့ နိုင်ပါတယ် ၊ ဒီအချိန်မှာကြောင်ငယ်လေးရဲ့သွေးကိုဖောက်ယူစစ်ဆေးကြည့်ရင်တော့ သွေးနီဉ ပါဝင်မှု အလွန်နည်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ဒီလိုလက္ခဏာမျိုးတွေဖြစ်လာတာဟာ မိခင်နို့ကိုစုပ်ယူပြီး နာရီပိုင်းအတွင်းမှာဖြစ်လာနိုင်သလိုရက်ပေါင်း အတန်ကြာမှလည်းဖြစ်လာတတ်ပါတယ် ရောဂါရဲ့ပြင်းထန်မှုနဲ့ ရောဂါစတင်ပေါ်လာမယ့်ကာလဟာ ကြောင်ငယ်လေးရဲ့သွေးထဲကို မိခင်ကြောင်မကြီးရဲ့ antibodies တွေဘယ်လောက်များများရောက်လာ သလဲဆိုတဲ့အပေါ်မှာမူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ် ကြောင်ချစ်သူများအနေနဲ့ဒီလိုရောဂါဖြစ်ပွားလာမှကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်းအကြံပြုလိုပါတယ် ဘယ်လိုကြိုတင်ကာကွယ်နိုင်သလဲ ကြိုတင်ကာကွယ်နိုင်တဲ့နည်းတစ်ခုကတော့ ကြောင်တွေကိုသားတင်မပေးခင်အထီးနဲ့အမနှစ်ကောင် စလုံးကို သွေးစစ်ကြည့်ပြီးမှ သင့်လျှော်မယ့်အထီးနဲ့အမကိုသာရွေးချယ်ပြီး သားတင်ပေးသင့်ပါတယ် မိမိသားတင်ပေမယ့်ကြောင်မဟာ A သွေးအမျိုးအစားဖြစ်နေရင် ဘယ်ကြောင်ထီးနဲ့မဆိုစိတ်ချလက်ချ သားတင်ပေးနိုင်ပါတယ် မွေးဖွားလာမယ်ကြောင်လေးတွေမှာပြသနာဖြစ်လာနိုင်ခြေမရှိပါဘူး ဒါပေမယ့် မိမိရဲ့ကြောင်မက B သွေးအမျိုးအစားဖြစ်နေရင်တော့ A သွေးအမျိုးအစားကြောင်ထီးနဲ့သားတင်ပေး ခြင်းမပြုသင့်ပါဘူး ၊ အကယ်၍ မသိပဲသားတင်ပေးမိရင်ဖြစ်စေ ကြောင်ထီးက B သွေးအမျိုးအစားဖြစ် တယ်လို့သံသယရှိနိုင်ရင်ဖြစ်စေ မွေးလာတဲ့ကြောင်ပေါက်စလေးတွေကို B သွေးအမျိုးအစားမိခင်ရဲ့ နို့ဦးရည်ကို သောက်စို့ခြင်းမပြုမိစေဖို့အတွက် ပထမ(၂)ရက်အတွင်း မိခင်ရဲ့နို့ကိုမတိုက်သေးပဲမွေးဖွားပြီး လျှင်ပြီးချင်းမိခင်နဲ့ခွဲထားသင့်ပါတယ် အခြားနို့တိုက်ကြောင်မတစ်ကောင်ရှိနေရင်တော့ အနံ့မခွဲတတ်တော့အောင် သားအရင်းတွေအပါအဝင် အဲဒီကြောင်လေးတွေရဲ့ခန္တာကိုယ်မှာရေမွှေးအနည်းငယ်ဆွတ်ပြီးလှည့်စားကာနို့တိုက်ပေးခိုင်းနိုင်ပါတယ် နို့တိုက်ကြောင်မရှိရင်တော့ အစားထိုးနို့ရည်တစ်မျိုးမျိုးကို အထူးသန့်ရှင်းအောင်စီမံပြီးတိုက်ကျွေး ထားနိုင်ပါတယ် အစားထိုးနို့ရည်တွေမှာကိုယ်ခံဓာတ်မပါတဲ့အတွက် အအေးမိတာ အဖျားဝင်တာတွေ ဖြစ်လာတတ်တဲ့အတွက် အထူးဂရုစိုက်ဖို့တော့လိုအပ်ပါတယ် အဲဒီလိုပြုစုနေရင်းနဲ့ အချိန်ကာလအားဖြင့်(၂)ရက်ကျော်လာပြီဆိုရင်တော့ မိခင်အရင်းမှာလည်း နို့ဦးရည်ထွက်ရှိမှုနည်းသွားပြီဖြစ်တဲ့အပြင် ကြောင်ငယ်လေးတွေရဲ့ အူတံခါးကလည်းပြန်ပိတ်သွားပြီ ဖြစ်တဲ့အတွက် မိခင်အရင်းရဲ့နို့ကို စိတ်ချလက်ချပြန်လည်တိုက်ကျေးနိုင်ပြီဖြစ်ပါတယ် အကယ်၍အထက်ပါအတိုင်းကာကွယ်မှုမပြုမိခဲ့လို့ ကြောင်ငယ်လေးတွေမှာ မိခင်နို့နဲဓာတ်မတည့်ခြင်း (Neonatal Isoerythrolysis) ဖြစ်နေတဲ့ရောဂါလက္ခဏာတွေဖြစ်နေမှသိရတယ်ဆိုရင်တော့ သွေးသွင်း ကုသဖို့လိုအပ်မယ့်အပြင် အောက်ဆီဂျင်ပေးပြီး အနီးကပ်စောင့်ကြည့်ကုသဖို့လိုအပ်မှာဖြစ်တဲ့အတွက် နီးစပ်ရာတိရစ္ဆာန်ရောဂါကုဆေးခန်းကို အမြန်ဆုံးပြသသင့််ပါတယ် မိမိအနေနဲ့မှတ်ယူထားသင့်တာကတော့ ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့ကြောင်လေးတွေကိုကယ်တင်နိုင် ဖို့ဆိုတာဟာ အလွန်ခက်ခဲပြီး သေနှုန်းများနိုင်တယ်ဆိုတာကိုလည်းသိရှိထားသင့်ပါကြောင်းတင်ပြ လိုက်ပါတယ်

‌ဖောင့်အခက်အခဲကြောင့် ဖတ်ရှုရန်အခက်အခဲရှှိပါက “ဧရာ”စာအုပ်စင်တွင်သွားရောက်ဖတ်ရှုရန်နှိပ်ပါ

ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက ခလုပ်ကိုနှိပ်ပါ 

0 မှတ်ချက်များ to “မိခင်နို့နှင့်ဓာတ်မတည့်ခြင်း (Neonatal Isoerythrolysis in Kitten.)”

Post a Comment