«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

22 Aug 2024

ခါးကော့သွားလိုက် ပြန်ကောင်းလိုက်ဖြစ်ခြင်း(Cataplexy)

,

 ခွေးကြောင်တွေဟာ နေ့ပိုင်းအချိန်တွေမှာ ရွှန်လန်းတက်ကြွခြင်းမရှိပဲ အမြဲတန်းလိုလိုအိပ်နေတာမျိုး ပြေးလွှားဆော့ကစား‌နေရင်းကနေ ရုတ်တရက်ကြီးအိပ်ပျော်သွားတာမျိုးကို တွေ့ဖူးကြမယ်ထင်ပါတယ်

ဒီလိုအခြေအနေမျိုးဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ အာရုံကြောဆိုင်ရာရောဂါတစ်မျိုးကြောင့်ဖြစ်ပါတယ်၊ ဒီရောဂါကို Narcolepsy ရောဂါလို့ခေါ်ပါတယ်

ဒီရောဂါခံစားနေရတဲ့ခွေးကြောင်တွေမှာ အထက်ကတင်ပြခဲ့သလို ရုတ်တရက်အိပ်ပျော်သွားချိန်မှာ ခြေလက်တွေဟာ အကြောဆွဲသလိုမျိုးလည်းဖြစ်တတ်ပါ‌တယ်၊ 

ဒါ့အပြင် Narcolepsy ရောဂါခံစားနေရတဲ့ခွေးကြောင်တွေဟာ ပုံမှန်သွားလာလှုပ်ရှားနေရင်းက သူတို့ရဲ့ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားစိုင်တစ်ခုခုဟာ ရုတ်တရက်လှုပ်ရှားနိုင်ခြင်းမရှိတော့တဲ့အခြေအနေမျိုးလည်းဖြစ်တတ်ပါသေးတယ်၊

ဥပမာအားဖြင့် ခွေးတစ်ကောင်ဟာ ပုံမှန်သွားလာလှုပ်ရှားနေရင်းက သူ့ရဲ့ခါးပိုင်းနေရာကကြွက်သားတွေ ရုတ်တရက်လှုပ်ရှားနိုင်ခြင်းမရှိဖြစ်တဲ့အခါ ရုတ်တရက် ခါးကော့သွားလိုက် ပြန်ကောင်းသွားလိုက်ဖြစ်တတ်ပါတယ်၊ သူ့ရဲ့ခြေထောက်ကြွက်သားတွေ ရုတ်တရက်လှုပ်ရှားနိုင်ခြင်းမရှိဖြစ်တဲ့အခါ ခြေထောက်တွေဟာ ရုတ်တရက် မြေကြီးမှာ တရွတ်တိုက်ဆွဲသွားလိုက် ပုံမှန်အတိုင်းပြန်ကောင်းသွားလိုက်ဖြစ်နေတတ်ပါတယ်၊ အဲဒီလိုဖြစ်တာကိုတော့ ဆေးပညာအသုံးအနှုန်းအရ Cataplexy လို့ခေါ်ပါတယ်။

ခွေးကြောင်တွေမှာ အခုဖော်ပြခဲ့တဲ့အခြေအနေမျိုးတွေဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ အာရုံကြောဆိုင်ရာရောဂါဖြစ်တဲ့အတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသပြီး စနစ်တကျကုသခြင်းအားဖြင့် ပုံမှန်အတိုင်းလှုပ်ရှားသွားလာ ပြေးလွှားဆော့ကစားနိုင်မှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “ခါးကော့သွားလိုက် ပြန်ကောင်းလိုက်ဖြစ်ခြင်း(Cataplexy)”

Post a Comment