«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

31 Aug 2024

ကြောင်ပန်းနာရင်ကြပ်ရောဂါ (Feline asthma)

,

လူသားတွေမှာဖြစ်ပွားတတ်တဲ့ ပန်းနာရင်ကြပ်ရောဂါကဲ့သို့သော အသက်ရှုရခက်တဲ့ရောဂါမျိုးဟာ ကြောင်တွေမှာလည်းဖြစ်ပွားတတ်ပါတယ်၊ ကြောင်တွေမှာနာတာရှည်ရင်ကြပ်ပြီး မောဟိုက်နေတတ်တဲ့လက္ခဏာကိုခံစားစေရတဲ့ရောဂါတစ်မျိုးကတော့ Feline allergic bronchitis ရောဂါပဲဖြစ်ပါတယ်၊  Feline asthma (ကြောင်ပန်းနာရင်ကြပ်ရောဂါ)လို့လည်းခေါ်ကြပါတယ်။


ပတ်ဝန်းကျင်မှာရှိနေတတ်တဲ့ဖုန်မှုန့်တွေ၊ မှိုရောဂါပိုးမျိုးစေ့အမှုန်အမွှားတွေ၊ မီးခိုးငွေ့တွေ၊ သာမန်မျက်စေ့နဲ့မမြင်နိုင်ပဲ လေထဲမှာလွင့်မျောနေတတ်တဲ့ ယွပိုးကောင်လေးတွေနဲ့ ဓါတုပစ္စည်းအငွေ့တွေကိုကြာရှည်စွာရှုရှိုက်နေရတဲ့အခါမျိုးမှာ ကြောင်တွေဟာ Allergic bronchitis လို့ခေါ်တဲ့ပန်းနာရင်ကြပ်ရောဂါ Feline asthma ကိုခံစားရတတ်ပါတယ်။


ဒီရောဂါခံစားနေရတဲ့ကြောင်တွေမှာ မကြာခဏချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူထုတ်တဲ့အချိန်နှာ လေချွန်သံလိုကြားရခြင်းနဲ့ အမောမခံနိုင်ခြင်းစတဲ့လက္ခဏာတွေကို တွေရတတ်ပါတယ်၊ အဲဒီလိုဖြစ်နေရင် ကုသမှုကိုချက်ချင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။


ကျွမ်းကျင်တဲ့တိရစ္ဆာန်‌ရောဂါကုဆရာဝန်‌တွေအ‌နေနဲ့ ပြင်ပလက္ခဏာတွေကိုကြည်ရှုခြင်းနဲ့ စမ်းသပ်ကြည့်ခြင်းအားဖြင့် ဒီရောဂါဖြစ်ကြောင်းကိုသိရှိနိုင်ကြပါတယ်၊ အဆုပ်ကိုဓါတ်မှန်ရိုက်ခြင်း၊ လည်ချောင်းအတွင်းထဲကို ကြည့်လို့ရတဲ့မှန်ပြောင်းနဲ့ကြည့်ပြီးလည်းခွဲခြားသိရှိနိုင်ပါတယ်။


ဒီရောဂါခံစားနေရတဲ့ကြောင်ကို ရောဂါဖြစ်ပွားစေတဲ့အမှုန်အမွှားတွေ ဓါတုဓါတ်ငွေ့တွေနဲ့ မီးခိုးငွေ့တွေကင်းစင်ပြီး လေကောင်းလေသန့်ရရှိတဲ့နေရာမျိုးကို ပြောင်းရွှေ့ထားဖို့လိုအပ်ပါတယ်၊ တိရစ္ဆာန်ရောဂါကုဆရာဝန်တွေက ဒီရောဂါခံစားနေရတဲ့ကြောင်တွေကို စတီးရွိုက်ဆေးတွေ၊ ခုခံအားလျှော့ချပေးနိုင်တဲ့ဆေးတွေ၊ အသက်ရှူချောင်ဆေးတဲ့ဆေးတွေနဲ့ ကုသပေးလေ့ရှိကြပါတယ်၊ အခြေအနေအရမ်းဆိုးနေတဲ့ကြောင်တွေဆိုရင်တော့ Nebulizer လို့ခေါ်တဲ့ စက်ထဲကိုထည့်ထားပြီး အသက်ရှူချောင်စေတဲ့ဆေးအငွေ့ကို ရှူရိုက်စေခြင်းအားဖြင့် သက်သာပျောက်ကင်းလာအောင် ပြုစုကုသပေးလေ့ရှိကြပါတယ်။

0 မှတ်ချက်များ to “ကြောင်ပန်းနာရင်ကြပ်ရောဂါ (Feline asthma)”

Post a Comment