«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

5 Sept 2024

Little White Shaker Syndrome.(ခွေးဖြူတုန်ရောဂါ)

,

ခွေးတွေမှာဖြစ်ပွားလေ့ရှိတဲ့ဒီရောဂါကို Idiopathic tremor syndrome (ITS) သို့မဟုတ် Steroid Responsive Tremor Syndrom လို့လည်းခေါ်ကြပါသေးတယ်၊ ဒီရောဂါဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းကို

ဒီနေ့အထိ တိတိကျကျဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး၊ ပညာရှင်အချို့ကတော့ ခွေးရဲ့ခုခံအားစနစ်က သူကိုယ်တိုင်ရဲ့ဦးနှောက်ကိုတိုက်ခိုက်တဲ့အတွက် ဒီလိုဖြစ်ရတာလို့ယူဆကြပါတယ်။

ဒီရောဂါရဲ့ထူးခြားချက်ကတော့ အဖြူရောင်ရှိတဲ့ အသေးစားခွေးမျိုးတွေဖြစ်တဲ့ တယ်ရီယာခွေးအဖြူမျိုးတွေမှာ အဖြစ်များတာပါပဲ၊ ဒါပေမယ့်အခြားခွေးမျိုးတွေမှာလည်းဖြစ်ပွားတာကို တစ်ခါတစ်ရံတွေ့ရတတ်ပါတယ်။

ဒီရောဂါဖြစ်နေတဲ့ခွေးဟာ တစ်ကိုယ်လုံးအဆက်မပြတ်တုန်နေတတ်ပါတယ်၊  ထိပ်လန့်စရာတွေ့ရင်ပိုပြီးတုန်လာတတ်ပါတယ်၊ အေးဆေးငြိမ်သက်တဲ့ပတ်ဝန်းကျင်အခြေအ‌နေမှာရှိ‌နေချိန်နဲ့ အိပ်စက်နေတဲ့အချိန်‌တွေမှာဆိုရင်တော့ တုန်တာကအနည်းငယ်သက်သာနေတတ်ပါတယ်၊ 

ဒီရောဂါဟာ အသက်တစ်နှစ်ကနေငါးနှစ်အကြားအရွယ်ခွေးတွေမှာအဖြစ်များလေ့ရှိပါတယ်၊

တိရစ္ဆာန်ရောဂါကုဆရာဝန်တွေအနေနဲ့ ခွေး‌ရဲ့‌ရောဂါလက္ခဏာ‌ တွေကိုစစ်ဆေးကြည့်ခြင်းအားဖြင့်  ဒီရောဂါဖြစ်ပွားကြောင်း အလွယ်တကူသိရှိနိုင်ပြီး စတီးရွိုက်ဆေးတွေနဲ့ကုသ‌ပေးလေ့ရှိပါတယ်၊ ရောဂါဖြစ်နေတဲ့ခွေးကို အချိန်မီစောစီးစွာစနစ်တကျကုသပေးရင် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။

0 မှတ်ချက်များ to “Little White Shaker Syndrome.(ခွေးဖြူတုန်ရောဂါ)”

Post a Comment