«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

19 May 2025

ခွေးများတွင် ရုတ်တရက်‌ လေဖြတ်လိုက် ပြန်ကောင်းလိုက်ဖြစ်ခြင်း(Cataplexy)

,

ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ဦးနှောက်ထဲမှာ Hypocretin , Orexin စတဲ့ဟော်မုန်း‌တွေချို့တဲ့သွားတဲ့အတွက် ကြွက်သားစိုင်တွေရုတ်တရက်အားနည်းပြီး လှုပ်ရှားနိုင်မှုမရှိ‌တော့လို့ဖြစ်ပါတယ်၊

ခွေးဟာ ဆော့နေစဉ်၊ စားနေစဉ် ရုတ်တရက် လဲကျသွားပြီး လှုပ်ရှားလို့မရဖြစ်သွားပါတယ်။

ဒါပေမယ့် သိရှိမှုအာရုံ (Consciousness) ကတော့မပျောက်သွားတာမဟုတ်ပါဘူး၊ မျက်လုံး တွေကပွင့်လျှက်ပုံမှန်အနေအထားမှာပဲရှိနေပါတယ်။

 အဲလိုဖြစ်ပွားမှုဟာ အချိန်ခဏလေးသာဖြစ်ပြီး စက္ကန့်ပိုင်းကနေ မိနစ်အနည်းငယ်အတွင်းမှာပဲ ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်းလှုပ်ရှားသွားလာပြန်ပါတယ်၊ လဲကျလိုပြန်ထသွားလိုက် မကြာခဏဖြစ်နေတတ်ပါတယ်။

ဒါမျိုးကမျိုးရိုးလိုက်ပြီးဖြစ်တာမျိုးလည်းရှိပါတယ်၊ Doberman Pinschers, Labrador Retrievers ခွေးအမျိုးအစားတွေမှာ ပိုပြီးအဖြစ်များတာတွေ့ရပါတယ်။

ဦးနှောက်အမြှေးရောင်တဲ့အခါ ဦးနှောက်မှာဒဏ်ရာရ တဲ့အခါ၊ အတက်ရောဂါ ဖြစ်ပွားတဲ့အခါမျိုးတွေနဲ့ သွေးအတွင်းသိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ သကြားဓာတ်ကျခြင်း (hypoglycemia) စတဲ့အခြေအနေတွေမှာလည်း  (Cataplexy) ဖြစ်တတ်ပါ‌သေးတယ်။

ဒီလို Cataplexy ဖြစ်တဲ့‌ခွေးကို Antidepressants (Tricyclic antidepressants) ကဲ့သို့သော ဆေးတွေနဲ့ သက်သာ အောင်ကုသပေးနိုင်ပါတယ်။

ကြွက်သားလှုပ်ရှားနိုင်မှုကို Sodium oxybate ‌ ဆေး ပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

စိတ်လှုပ်ရှားမှုမဖြစ်‌စေဖို့အတွက် အလွန်အမင်းဆော့ကစားခြင်းကိုခွင့်မပြုသင့်ပါဘူး၊ အစာထဲမှာ Omega-3 နဲ့ဗီတာမင်အားဆေးတွေထည့်ကျွေးပေးဖို့လိုအပ်ပါတယ်

ခွေတွေမှာ Cataplexy ဖြစ်တာက အန္တရာယ်မရှိပါဘူး ခွေးလဲကျချိန်မှာ ထိခိုက်ဒဏ်ရာမရအောင် တော့ ဂရုစိုက်ရပါမယ်၊ အကယ်၍ တက်တာ(seizures), သတိလစ်တာက အကြာကြီးဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။


0 မှတ်ချက်များ to “ခွေးများတွင် ရုတ်တရက်‌ လေဖြတ်လိုက် ပြန်ကောင်းလိုက်ဖြစ်ခြင်း(Cataplexy)”

Post a Comment