ခါးရိုးဆစ်ကျွံခြင်း၊ ခါးရိုးထဲမှာ အကျိတ်ဖြစ်ခြင်း၊ ခါးရိုးမှာထိခိုက်ဒဏ်ရာရခြင်း၊ ခါးရိုးရောင်ရမ်းခြင်းနဲ့ အဆစ်ရောင်ရောဂါတွေနဲ့အတူ Cauda equina syndrome (CES) ဖြစ်ပွားလာတတ်ပါတယ်။
Cauda equina syndrome (CES) ဖြစ်ပွားလာရင် အမြီးအနီးတဝိုက်မှာနာကျင်ခြင်း၊ ဆီး/ဝမ်းမထိန်းနိုင်ခြင်း၊ အမြီးလှုပ်ရှားမှုနည်းလာပြီး နောက်ခြေနှစ်ဖက်အားနည်းလာတတ်ပါတယ်၊ အဲဒီအခါ လမ်းမလျှောက်နိုင်ခြင်း ခြေတရွတ်ဆွဲခြင်းတို့ဖြစ်လာပါတယ်၊
ဒီလိုအခြေအနေဖြစ်ကာစမှာ အရမ်းမဆိုသေးရင်တော့ဆေးဝါးတွေနဲ့ သက်သာအောင်လုပ်နိုင်ပေမယ့် ရောဂါပြင်းထန်လာရင်တော့ခွဲစိတ်ကုသခြင်းနည်းနဲ့သာ ကုသရမှာဖြစ်ပါတယ်။
ဒီလိုမဖြစ်စေဖို့အတွက်
မိမိခွေးကို အဝမလွန်အောင်ဂရုစိုက်ရပါမယ်၊ အမြင့်ကနေခုန်ဆင်းတာမျိုး မလုပ်စေသင့်ပါဘူး၊ နောက်ပြီးတော့
ဗီတာမင်ဘီ နဲ့ အိုမီဂါ-၃ ပါတဲ့အားဆေးတွေ တိုက်ကျွေးပေးသင့်ပါတယ်။
Cauda equina syndrome (CES) ဟာ အချိန်မီမကုသရင် နောက်ဆက်တွဲဆိုးကျိုး တွေများတဲ့အတွက် မိမိရဲ့ ခွေးမှာမသင်္ကာစရာလက္ခဏာတွေ တွေ့လာရင် အချိန်မဆွဲပဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။