တယ်ရီယာခွေးလေးတွေမှာ ကြွက်သားနာပြီးလမ်းလျှောက်ရခက်ခြင်း လမ်းလျှောက်တဲ့အခါဒယီးဒယိုင်ဖြစ်ခြင်းတို့ တစ်ခါတစ်လေဖြစ်တတ်ပါတယ်။ အထူးသဖြင့် Border Terrier ခွေးမျိုးစိတ်တွေမှာဆိုရင် ခြေလက်တောင့်တင်းခြင်း၊ လှုပ်ရှားရခက်ခြင်း လျှာရည်အလွန်အမင်းထွက်ခြင်းကဲ့သို့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလိုဖြစ်တာက စိုးရိမ်စရာမရှိပါဘူး ခွေးလေးတွေစိတ်လှုပ်ရှားမှုများရင် စိတ်ဖိစီးများလွန်းရင်ဖြစ်တတ်သလို သူတို့မကြိုက်တဲ့အစာကို နေ့စဉ်ရက်ဆက်စားနေရတဲ့အခါမျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်၊ အစားအသောက်ချေးများတဲ့လက္ခဏာလို့တောင်ပြောရင်ရနိုင်မယ်ထင်ပါတယ်။
မိမိရဲ့ခွေးမှာဒီလိုမျိုးလက္ခဏာတွေဖြစ်နေရင် ခွေးကိုအော်တာငေါက်တာမျိုးနဲ့ အပြစ်ပေးတာတွေကိုရှောင်ရပါမယ်၊ အထူးသဖြင့် လက်ရှိကျွေးနေတဲ့ခွေးစာကိုပြောင်းကျွေးလိုက်ရင် (အထူးသဖြင့် Gluten ဓါတ်မပါတဲ့ အစာ) သိသိသာသာသက်သာသွားပါလိမ့်မယ်။
ရောဂါလက္ခဏာပြင်းထန်ပြီး ခဏခဏဖြစ်နေရင်တော့ အတက်ကျဆေး (Anticonvulsants) တစ်မျိုးမျိုးကိုတိုက်ကျွေးနိုင်ပါတယ်၊ ဒီလိုဆေးတိုက်လို့မှ (၂-၃)ရက်အထိ သက်သာမလာရင်တော့ ဆေးခန်းပြဖိုလိုအပ်လာပါပြီ။
ခွေးချစ်သူများအနေနဲ့ မိမိခွေးမှာဖြစ်နေတဲ့ရောဂါလက္ခဏာနဲ့ ဖြစ်လေ့ဖြစ်ထရှိပုံကို တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့တွေ့တဲ့အခါ သေချာပြောပြသင့်ပါတယ် ဒါမှသာ တိရစ္ဆာန်ရောဂါကုဆရာဝန်အနေနဲ့ ရောဂါဖြစ်လာရခြင်းရဲ့အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။
ရောဂါဖြစ်လာရခြင်းရဲ့အကြောင်းရင်းကိုဖော်ထုတ်နိုင်ရင် လိုအပ်တဲ့ကုသမှုကိုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။