«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .
Showing posts with label ခွဲစိပ်ကုသခြင်း. Show all posts
Showing posts with label ခွဲစိပ်ကုသခြင်း. Show all posts

3 Nov 2019

ရင်ဝမ်းခြားကြွက်သားပြင်ပေါက်ခြင်း(Diaphragmatic Hernia in Cats)

,
ရင်ဝမ်းခြားကြွက်သားပြင်ဆိုတာက ရင်ခေါင်းနဲ့ဝမ်းဗိုက်ကိုခြားထားတဲ့ကြွက်သားပြင်ကိုခေါ်တာဖြစ်ပါတယ် ၊ ရင်ခေါင်းထဲမှာ အဆုပ်နဲ့နှလုံးတို့ရှိနေပြီး ဝမ်းဗိုက်ပိုင်းမှာတော့ အသည်း ၊ အစာအိမ်နဲ့အူလမ်းကြောင်းတို့အပြင် ဆီးလမ်းကြောင်းဆိုင်ရာအင်္ဂါတွေနဲ့ မျိုးပွားအင်္ဂါတွေရှိနေတာဖြစ်ပါတယ်
အကြောင်းတစ်စုံတရာကြောင်း ပြင်းပြင်းထန်ထန်ထိခိုက်မိတဲ့အခါ  ရင်ဝမ်းခြားကြွက်သားပြင် ပေါက်သွားတတ်ပါတယ် ၊ တစ်ခါတလေမှာတော့ မွေးရာပါအတိုင်းင်ဝမ်းခြားကြွက်သားပြင် ပေါက်နေတာလည်းဖြစ်တတ်ပါတယ်
အဲဒီအခါမှာ ဝမ်းဗိုက်ပိုင်းမှာရှိနေတဲ့ အသည်း အစာအိမ်နဲ့အူတွေဟာ အဲဒီအပေါက်ကတဆင့်   ရင်ခေါင်းထဲကိုတိုးဝင်ရောက်ရှိလာတဲ့အတွက် ဝေဒနာတွေကိုခံစားလာရပါတော့တယ်.
အဲဒီအခါမှာဗိုက်ခေါင်းနေရာကိုစမ်းကြည့်ရင် အထဲမှာဘာမှစမ်းလို့မတွေ့တော့တဲ့အပြင် နှလုံးခုန်မမှန်တာ အသက်ရှုမဝတာ မေ့မြောသွားတာမျိုးတွေဖြစ်လာတတ်ပါတယ် ၊ အစာအိမ်အပါအဝင် အူလမ်းကြောင်းကိုပါထိခိုက်မိရင်တော့ အော့အန်ခြင်း  ဝမ်းလျှောခြင်းနဲ့ ဗိုက်ခေါင်းအတွင်းမှာ လေတွေပြည့်ဖောင်းလာတာမျိုးဖြစ်တတ်ပါတယ်
မွေးရာပါ ရင်ဝမ်းခြားကြွက်သားပြင်ပေါက်နေတာဆိုရင်တော့ ရောဂါလက္ခဏာတွေချက်ချင်းမပြ တတ်ပါဘူး အသက်ရှုခက်ခဲခြင်း ဗိုက်ယောင်ခြင်းနဲ့ နှလုံးခုန်မှုအားနည်းခြင်းစတဲ့လက္ခဏာတွေဟာ  တဖြည်းဖြည်းချင်းသာဖြစ်ပေါ်လာတတ်ပါတယ်
ရင်ဝမ်းခြားကြွက်သားပြင်ပေါက်ပြဲခြင်းဟာ ခန္တာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံရလို့ ဖြစ်လာတဲ့ပြသနာတစ်ခု ဖြစ်တာကြောင့် အိမ်လည်တတ်တဲ့ကြောင်တွေနဲ့ လမ်းပေါ်ထွက်တတ် တဲ့ခွေးတွေမှာအဖြစ်များလေ့ ရှိပါတယ်
မွေးရာပါရင်ဝမ်းခြားကြွက်သားပြင်ပေါက်ပြဲခြင်းကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာအတိအကျ မသိနိုင်ကြသေးပါဘူး ၊ ဒါပေမယ့်မျိုးရိုးလိုက်ပြီးအဖြစ်များတတ်တာကိုတော့ လေ့လာမှုတွေအရ    သိရှိထားကြပါတယ် ၊ ဟိမဝန္တာကြောင်မျိုးတွေမှာ အခြားကြောင်မျိုးတွေထက် မွေးရာပါရင်ဝမ်းခြား ကြွက်သားပြင်ပေါက်ပြဲမှု ပိုမိုဖြစ်ပွားလေ့ရှိတယ်လို့ဆိုပါတယ်
ရောဂါလက္ခဏာခံစားနေရတဲ့ခွေးကြောင်တွေမှာ ရင်ဝမ်းခြားကြွက်သားပြင်ပေါက်ပြဲနေမှုရှိမရှိ သိချင်ရင်တော့ အိပ်စ‌ရေးဓာတ်မှန်ရိုက်ကြည့်ရမှာဖြစ်ပါတယ် ၊ အိပ်စ‌ရေးဓာတ်မှန်ထဲမှာ ရှင်းရှင်းလင်းလင်း မပေါ်တဲ့အခါမျိုးမှာ အာလ်ထရာဆောင်းဓာတ်မှန်ရိုက်ကြည့်လေ့ရှိကြပါတယ်   ဓာတ်မှန်ရိုက်ကြည့်ဖို့အခြေအနေမပေးတဲ့အခါ အဆုပ်ထဲမှာအရည်တွေရှိမရှိအပ်နဲ့ဖောက်ပြီးစုပ်ယူကြည့် ခြင်း အားဖြင့် ခန့်မှန်းသိရှိနိုင်ကြပါတယ်
ဒီလိုအခြေအနေမျိုးဖြစ်လာရင် ခွဲစိပ်ကုသမှသာလျှင် သက်သာပျောက်ကင်းနိုင်မှာဖြစ်ပါတယ် တိုက်မိခိုက်မိလို့ ဝမ်းခြားကြွက်သားပြင်ပေါက်သွားတာဆိုရင် ခွဲစိပ်ကုသမှုမလုပ်မီ နှလုံးခုန်တာနဲ့ အသက်ရှုတာကိုပုံမှန်ဖြစ်နေအောင်ဦးစွာပြုစုကုသပြီးမှသာ ခွဲစိပ်ကုသမှုကို ပြုလုပ်ရတာဖြစ်ပါတယ်
မွေးရာပါဖြစ်နေတာဆိုရင် ကိုယ်တွင်းအင်္ဂါတွေမပျက်စီးသွားမီ ခွဲစိပ်ကုသမှုကို ချက်ချင်းလုပ်သင့်ပါတယ်   မခွဲစိပ်မီနှလုံးခုန်မှန်စေတဲ့ဆေးတွေကို လိုအပ်သလိုအသုံးပြုရပါတယ်
ခွဲစိပ်ကုသပြီးတဲ့အခါမှာ ကိုယ်အပူချိန်အလွန်အမင်းတက်လာတာမျိုးနဲ့ နှလုံးခုန်မမှန်တာမျိုးတွေ ဖြစ်လာတတ်တဲ့အပြင် အဆုပ်ထဲမှာအရည်တွေစုတတ်တဲ့အတွက် ရက်အတန်ကြာအောင် စောင့်ကြည့်ကုသပေးဖို့ မဖြစ်မနေလိုအပ်ပါသေးတယ်
မွေးရာပါ ရင်ဝမ်းခြားကြွက်သားပြင်ပေါက်ခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ပေးလို့မရနိုင်ပေမယ့်   မိမိရဲ့ခွေးကြောင်တွေကို  တိုက်မိခိုက်မိပြီးအန္တရာယ်ဖြစ်စေနိုင်တဲ့နေရာမျိုးတွေမှ ရှောင်စေခြင်းအားဖြင့်  ဒီလိုပြသနာမျိုးတွေမှကင်းဝေးစေနိုင်ပါတယ်

12 Aug 2016

ငြိမ်ဆေးအဖြစ်သုံးနိုင်သော Xylazine ထိုးဆေး

,


Xylazine HCl ထိုးဆေးကို ငြိမ်ဆေးအနေနဲလည်းသုံးလို့ရသလို ခဏခဏတဖြုတ်မေ့စေတဲ့ဆေး
အဖြစ်လည်းအသုံးပြုနိုင်ပါတယ်

Xylazine HCl ထိုးဆေးကို တိရစ္ဆာန်ရောဂါကုဆရာဝန်တွေက အောက်ပါအခြေအနေတွေမှာ
အသုံးပြုလေ့ရှိကြပါတယ်


 (၁) တိရစ္ဆာန်လေးတွေရဲ့ ပါးစပ်ထဲတို့ နားအတွင်းပိုင်းတို့ကို စစ်ဆေးကြည့်ရှုဖို့လိုအပ်တဲ့အခါမျိုးတွေ
စအိုပေါက်ထဲကိုစစ်ဆေးတဲ့အခါမျိုးတွေ ၊ဆီးအိမ်ထဲကိုပိုက်ထည့်တဲ့အခါမျိုးတွေနဲ့ 
ဓါတ်မှန်ရိုက်ဖို့လိုအပ်တဲ့အခါမျိုးတွေမှာတိရစ္ဆာန်ကိုငြိမ်နေစေဖို့အတွက်ဒီဆေးကိုအသုံးပြုလေ့ရှိကြပါတယ်
 (၂) တိရစ္ဆာန်လေးတွေအရိုးကျိုးတဲ့အခါ ကျောက်ပတ်တီးစည်းရင်တိရစ္ဆာန်ကိုငြိမ်နေစေဖို့အတွက် 
အသုံးပြုပါတယ်

 (၃) သွားနှုတ်ရင်လည်း အသုံးပြုပါတယ်

 (၄) ပြည်ဖုခွဲတာ ၊ အရေပြားပေါ်ကအဖုအကြိတ်တွေခွဲထုတ်တာမျိုးလိုသာမန်ခွဲစိပ်ကုသမှုမျိုးတွေ
လုပ်ရတဲ့အခါမှာနဲ့အရေပြားပြတ်ရှမှုတွေကိုပြန်ချုပ်ပေးတဲ့အခါမှာအသုံးပြုပါတယ်

 (၅) တိရစ္ဆာန်လေးတွေကို တစ်နေရာကိုရွှေပြောင်းဖို့လိုအပ်တဲ့အခါမှာအဆင်ပြေစေဖို့ငြိမ်ဆေးအဖြစ်
အသုံးပြုပါတယ်
 (၆) ထိခိုက်ဒါဏ်ရာရတဲ့အခါမျိုးမှာနာကျင်မှုမခံစားရအောင်ငြိမ်ဆေးအဖြစ်အသုံးပြုပါတယ်

 (၇) မေ့ဆေးပေးတဲ့အခါမှာ အကြောဆေးသွင်းရတာမို့ငြိမ်ငြိမ်နေအောင်အသုံးပြုပါတယ်

 (၈) ထုံဆေးထိုးပြီး သာမန်ခွဲစိပ်ကုသမှုမျိုးတွေလုပ်ရတဲ့အခါမှာလည်းအသုံးပြုပါတယ်

ဒီဆေးကိုအကြောဆေးသွင်းမယ်ဆိုရင် ခန္တာကိုယ်အလေးချိန်(၁)ပေါင်ရှိလေတိုင်း(0.5)မီလီဂရမ်နှုန်း
သွင်းပေးရပါတယ် ၊ ပေါင်(၅၀)ထက်ကျော်တဲ့ခွေးကြီးတွေဆိုရင်ခန္တာကိုယ်အလေးချိန်(၁)ပေါင်
ရှိလေတိုင်း (0.5)မီလီဂရမ်နှုန်းသွင်းပေးရင်အတော်လေးငြိမ်သွားစေပါတယ်

အရေးကြီးတာက ဒီဆေးသုံးရင် အန်တတ်တဲ့အတွက် ဆေးမသုံးမီ(၁၂)နာရီလောက်ကတည်းက 
အစာဖြတ်ထားဖို့တော့လိုအပ်ပါတယ် ၊ ဒီဆေးထိုးပြီးတာနဲ့ တိရစ္ဆာန်ကို တိတ်ဆိပ်တဲ့နေရာမှာ ထားပေးရပါမယ်
ဒီဆေးရဲ့အာနိသင်ဟာ(၁-၂)နာင်္ရလောက်ကငြိမ်နေစေပြီး ကောင်းကောင်းမေ့တာကမိနစ်(၂၀)
လောက်ပဲကြာပါတယ်


တစ်ချို့ခွေးကြောင်တွေမှာဒီဆေးသုံးလိုက်ရင် မေ့နေချိန်မှာခြေလက်တွေ တဆတ်ဆတ်တုန်နေပါတယ် ဟာ ဆေးယဉ်စေတတ်တဲ့အအသက်ရှုအရမ်းနှေးသွားတာမျိုးဖြစ်လာရင်အသက်ရှုမြန်စေတဲ့ဆေး
Doxapram ကို (1–5 mg/kg ) နှုန်းနဲ့ အကြောဆေးထိုးနှံပေးရပါတယ်



ဒီဆေးကို ဇီးရှိနေတဲ့ခွေးမင်္ကြတွေ ကြောင်မကြီးတွေမှာလုံးဝမသုံးရပါဘူး ၊ အသက်ရှုကျပ်နေတဲ့
အခါမျိုးအပြင် နှလုံးရောဂါနဲ့ အသည်းရောဂါပြင်းထန်နေတဲ့ခွေးကြောင်တွေမှာလည်းမသုံးရပါဘူး
ဒီဆေးဟာ ဆေးယဉ်စေတတ်တဲ့အတွက် လိုအပ်မှသာအသုံးပြုသင့်ပါတယ်
(၁၀)ကြိမ်လောက်အထိုးခံရတဲ့ခွေးကြောင်တွေဟာ ဆေးကိုယဉ်သွားပြီးနောက်တစ်ခါထပ်ထိုးရင်
ေ ဆးမတိုးတော့တာကိုတွေ့ရပါတယ် ၊ ဒီဆေးကိုအခြားစိတ်ငြိမ်ဆေးတွေနဲ့တွဲမသုံးရပါဘူး ၊ ဆေးစွဲတတ်ပါတယ်။

ဒီဆေးကြောင့် နှလုံးခုန်နှုန်းအရမ်းနှေးသွားတာ ၊ နှလုံးခုန်မမှန်တာတွေဖြစ်လာနိုင်

ပါတယ် ၊ 
အဲဒီလိုအခါမျိုးမှာ Atropine ထိုးဆေးကို အကြောကနေသွင်းပေးလိုက်ရင်

ပုံမှန်ပြန်ဖြစ်လာစေပါတယ်

မေ့ဆေးမပေးမီကြိုတင်ပြင်ဆင်ခြင်း

,
တိရစ္ဆာန်ငယ်ကုသပေးတဲ့ဆေးခန်းတွေမှာမကြာခဏဆိုသလို့ခွေးကြောင်လေးတွေကို 
မေ့ဆေးပေးရလေ့ရှိပါတယ်

ဒီလိုမေ့ဆေးပေးရတဲ့အခါမှာ မေ့ဆေးရဲ့အရှိန်ကြောင့်အန်တတ်ပါတယ်
အဲဒီလိုအန်တဲ့အခါမှာ အခန့်မသင့်ရင် အန်ဖတ်တွေဟာ အသက်ရှုလမ်းကြောင်းထဲကိုဝင်သွားပြီး ပိတ်ဆို့သွားရင်သေတတ်ပါတယ်
ဒါကြောင့်မို့ တိရစ္ဆာန်ငယ်လေးတွေကိုမေ့ဆေးမပေးခင့် (၁၂)နာရီလောက်ကြိုတင်
ပြီး ဘာအစာမှမကျွေးပဲထားဖို့အရေးကြီးပါတယ်
နောက်တစ်ပိုင်းကတော့ ဆေးခန်းရောက်တဲ့အခါမှဆောင်ရွက်ပေးရတာဖြစ်ပါတယ်
တိရစ္ဆာန်ငယ်ဆေုးကုခန်းအများစုမှာ မေ့ဆေးပေးထားတဲ့အခြေအနေမှာဖြစ်ပေါ်
နေတဲ့နှလုံးခုန်မှုအနေအထားကို စောင့်ကြညိ့ထိမ်းချုပ်ပေးဖို့အတွက် မေ့ဆေးဆရာဝန်ရယ်လို့ သီးခြားမရှိကြတဲ့အပြင် နှလုံးခုန်မှုကိုအချက်ပြပေးနေတဲ့
audible rate monitor စက်လည်းမရှိကြတာများပါတယ်
ဒီလိုအခြေအနေမျိုးမှာ မေ့ဆေးပေးရတဲ့အခါ မေ့ဆေးကြောင့်နှလုံးခုန်နှုန်းမမှန်ဖြစ်
လာတာတို့ နှလုံးခုန်နှုန်းအရမ်းနှေးလာပြီးရပ်သွားတာမျိုးတိ့မဖြစ်အောင် ကာကွယ်
ထားဖို့လိုအပ်ပါတယ်

မေ့ဆေးတွေဟာနှလုံးခုန်မှုကိုထိခိုက်စေတဲ့အတွက် မေ့ဆေးလွန်ရင်သေဆုံးတတ်
ပါတယ်  ၊ ဒီအန္တရာယ်ကိုနည်းနိုင်သမျှနည်းသွားစေဖို့အတွက် မေ့ဆေးမပေးခင်
ကြိုတင်ထိုးနှံပေးထားရတဲ့ဆေးတွေရှိပါတယ် ၊

မေ့ဆေးမထိုးခင်ကြိုတင်ထိုးနှံပေးထားရတဲ့ဆေးတွေထဲမှာ Atropineဆိုတဲ့ဆေးဟာ
အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးဆေးတစ်မျိုးဖြစ်ပါတယ်

atropine ထိုးဆေးဟာ မေ့ဆေးကြောင့်နှလုံးခုန်နှုန်းမမှန်ဖြစ်လာတာတို့ နှလုံးခုန်နှုန်း
အရမ်းနှေးလာပြီးရပ်သွားတာမျိုးတိ့မဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါတယ်

ဒါကြောင့်မို့ တိရစ္ဆာန်ငယ်လေးတွေကိုမေ့ဆေးမပေးခင့် (၅)မိနစ်လောက်ကြိုတင်
ပြီး Atropine ဆိုတဲ့ထိုးဆေးကို အကြောကနေသွင်းပေးထားရပါတယ်

11 Feb 2015

လေရှုမေ့ဆေးများ

,
လေရှုမေ့ဆေးများနှင့် အနည်းဆုံးရှိရမည့်ပြင်းအား

ဆေးအမည်
ကြောင်
ခွေး
Methoxyflurane
0.23
0.29
Halothane
1.04
0.87
Isoflurane
1.63
1.30
Enflurane
2.37
2.06
Sevoflurane
2.58
2.36
Desflurane
9.79
7.20
Nitrous oxide
255
222

1 Oct 2012

ကြောင်လက်သည်းဖြတ်ခြင်း

,

ကြောင်တစ်ကောင်ရဲ့ခြေသည်းတွေဟာ ပြေးလွှားနိုင်ဖို့အပြင်…အမြင့်ကိုခုန်တက်နိုင်ဖို့နဲ 
့တည်တည်ငြိမ်ငြိမ် ရပ်နိုင်ဖို့အတွက်ဖြစ်ပါတယ်..လက်သည်းတွကတော့ ကုတ်တာဖဲ့တာ အစာရှာတာ ကြွက်ခုတ်တာတွေအတွက် အသုံးဝင်လှပါတယ် …”ကြောင်လက်သည်းဝှက်ထားတယ်” ဆိုတဲ့မြန်မာစကားပုံကို ကြားဖူးကြမှာပါ.... အိမ်မွေးကြောင်အမျိုးအစားတွေအများကြီးရှိတဲ့အနက်  cheetahs  ကြောင်မျိုးကလွဲလို့ ကျန်တဲ့ကြောင်တွေအားလုံးရဲ့ခြေသည်းလက်သည်းတွေဟာဆန့်ထုတ်နိုင်ပြီးပြန်လည် 
သိမ်းဆည်းထားနိုင်တဲ့စွမ်းအင်ရှိကြပါတယ်… အဲဒီလက်သည်းတွေနဲ့ကုတ်တာဖဲ့တာအမြဲလုပ်နေတတ်တာ ဟာကြောင်တွေရဲ့သဘာဝပါပဲ … ကြောင်တွေဟာ သခင်ကိုခင်တွယ်တတ်ကြတာမို့ သင့်ကို တမင်ကလာကုတ်တာဖဲ့တာတော့ဘယ်တော့မှမလုပ်ကြပါဘူး….ကြောင်တွေအနေနဲ့ ထိတ်လန့်ကြောက်ရွံ့တဲ့အခါမျိုးမှာ သူတို့ရဲ့အလိုအလျှောက်ဖြစ်စေတတ်တဲ့ အာရုံကြောစနစ်က အဲဒီလက်သည်းတွေကိုရုတ်တရက်အလိုအလျှောက်ဆန့်ထွက်လာစေတာဖြစ်ပါတယ် …  
ဒီဖြစ်စဉ်ကတော့ ဟာကြောင်တွေရဲ့ပင်ကိုယ်သဘာဝပဲဖြစ်ပါတယ် ဒါပေမယ့် ခြေသည်းလက်သည်းတွေအဲဒီလိုဆန့်ထွက်လာတဲ့အချိန်အခိုက်အတန့်လေးမှာပဲသင်ကလန့်ပြီး ရုန်းလိုက်တဲ့အတွက်ကြောင့် … ကုတ်မိသွားတတ်ပါတယ် … အမှန်တော့ ကြောင်က တမင်ကလာကုတ်လိုက်တာမဟုတ်ပါဘူး … ကြောင်တွေဟာ မိမိရဲ့သခင်ကို ကောင်းစွာခွဲခြားသိရှိတဲ့ တိရစ္ဆာန်မျိုးဖြစ်ပါတယ် …. တစ်ကယ်တော့ သင်ကိုယ်တိုင် …. သင့်ကိုယ်သင်အနာတရဖြစ်အောင်လုပ်လိုက်ခြင်းသာဖြစ်ပါတယ်… ဒါပေမယ့် ကြောင်တွေရဲ့… လက်သည်းတွေ ဆန့်ထုတ်လေ့ရှိတဲ့ အဲဒီသဘာဝဟာ သူတို့နဲ့ လက်ပွန်းတတီးနေတတ်တဲ့ ကြောင်ချစ်တတ်သူတွေအဖို့စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ် ဒီပြသနာကိုဖြေရှင်းဖို့အတွက်ကြောင်တွေရဲ့လက်သည်းတွေကိုအချိန်မှန်ဖြတ်တောက်ပေးနိုင်ပါတယ် … အဲဒီလိုလုပ်ပေးတာကို Trimming လုပ်တယ်လို့ခေါ်ပါတယ် … ကြောင်တွေရဲ့လက်မှာလက်သည်း(၄)ချောင်း ခြေထောက်မှာ(၅)ချောင်းရှိတဲ့အနက်…လက်သည်းတွေကိုသာဖြတ်တောက်ပေးဖို့လိုပါတယ်
ခြေထောက်က ခြေသည်းတွေကိုဖြတ်တောက်ပစ်စရာ မလိုအပ်ပါဘူး …လက်နှစ်ဖက်စလုံးမှာရှိတဲ့ လက်သည်း(၈)ခုကိုသာဖြတ်တောက်ပေးလိုက်ရုံနဲ့ ကြောင်နဲ့လူဟာ လက်ပွန်းတတီးပွေ့ပွေ့ပိုက်ပိုက်နေသွားလို့ရပြီဖြစ်ပါတယ် … ဒီလိုဖြတ်တောက်ဖို့ဆိုတာကလည်း ချက်ချင်းကြီးတော့ လုပ်လို့မရပါဘူး … ဒီလိုဖြတ်တောက်တာကိုနားလည်ခံယူတတ်လာစေဖို့ ကြောင်ကလေးကို လေ့ကျင့်ယူရအုံးမှာပါ …. ပထမဦးဆုံး လက်နှစ်ချောင်းစလုံးကို မဖြတ်သေးပဲ …လက်တစ်ချောင်းတည်းရဲ့လက်သည်းတစ်ခုတည်းကိုသာလက်သည်းညှပ်နဲ့ဖြတ်တောက် ပေးပါ…(၃)ရက်(၄)ရက်ကြာရင်နောက်တစ်ခုထပ်ဖြတ်ပေးပါ…ပွေ့ပွေ့ပိုက်ပိုက်လက်ပွန်းတတီးနေပေးပါ… ဒီလိုနဲ့ တစ်လလောက်ကြာလာရင် ကြောင်ကလေးဟာလက်သည်းဖြတ်တောက်တာကို နားလည်သဘောပေါက်လာပါလိမ့်မယ်…အဲဒီနောက်ပိုင်းကျရင်တော့တစ်ကြိမ်ဖြတ်ရင်လက်သည်း တစ်ခုနှုံးနဲ့ တစ်ပတ်ခြားတစ်ခါဖြတ်ပေးသွားလို့ရပြီဖြစ်ပါတယ်…. 
အဲဒီလက်သည်းတွေကို ဘယ်တော့မှထပ်မထွက်လာတော့အောင် ခွဲစိပ်ကုသတဲ့နည်းနဲ့ အပြီးတိုင် ဖယ်ထုတ်ပစ်လို့ရပါတယ်  Declawing surgery လုပ်တယ်လို့ခေါ်ပါတယ် တိရစ္ဆာန်ရောဂါကုဆေးခန်းတွေမှာဆောင်ရွက်ပေးပါတယ် … ဒါပေမယ့် ဒီလိုလုပ်တာဟာ ကြောင်ဆိုတဲ့သဘာဝကိုတော့ ပျက်စီးသွားစေမှာဖြစ်ပါတယ် …. ဥပမာ … ကြွက်ခုတ်တာတို့ … အစာရှာတာတို့ကိုတော့ ကြောင်ရဲ့သဘာဝအတိုင်း ပြည့်ပြည့်၀၀ဆောင်ရွက်နိုင်တော့မှာမဟုတ်ပါဘူး… ဒီအခြေအနေမျိုးကို သင်ကကျေနပ်လက်ခံနိုင်ပြီဆိုရင် သင့်ရဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်က Declawing surgery လို့ခေါ်တဲ့ခွဲစိပ်ကုသမှုကိုဆောင်ရွက်ပေးမှာဖြစ်ပါတယ် … ခွဲစိပ်ကုသပုံကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ် ….


………………………………………….