«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

18 Jul 2017

ရောဂါရှာဖွေရေးအတွက်သွေးနမူနာရယူခြင်း

,
သွေးစစ်တဲ့အခါအဖြေမှန်ထွက်လာဖို့ဆိုတာက သွေးဖောက်ယူမယ့်တိရစ္ဆာန်ကိုကြိုတင်ပြင်ဆင်မှုအပေါ်မှာ
လည်းမူတည်နေပါတယ် ၊ ဖြစ်နိုင်ရင်သွေးဖောက်ယူမယ့်တိရစ္ဆာန်ကို(၁၀)နာရီလောက်အစာမကျွေးပဲထားမှ သွေးဖောက်ယူသင့်ပါတယ် ၊ အစာကျွေးပြီးကာစမှာ သွေးဖောက်ယူခြင်းဟာ မတိကျတဲ့သွေးအဖြေကိုသာ
ပေါ်ထွက်လာစေနိုင်ပါတယ် ၊အထူးသဖြင့် TLI, ammonia  နဲ့ bile acid tests တွေမှာဆိုရင် မဖြစ်မနေအစာဖြတ်ထားပြီးမှသွေးကိုဖောက်ယူသင့်ပါတယ် ၊ 

လေ့ကျင့်ခဏ်းပြင်းပြင်းထန်ထန်လုပ်ပြီးကာစမှာလည်းသွေးမဖောက်သင့်ပါဘူး ၊ အဲဒီလိုအချိန်မျိုးမှာ
သွေးဖောက်ယူရင် CK,LDH, lactate, glucose  နဲ့ cortisol levels တွေမြင့်တက်နေတတ်တဲ့အပြင် သွေးထဲမှာပါဝင်နေတဲ့သွေးဖြူဥပမာဏလည်း မြင့်တက်နေတတ်ပါတယ် ။



သွေးဖောက်ယူနည်းနှင့် စနစ်တကျထည့်သွင်းနည်း

သွေးဖောက်ယူတဲ့အခါ သွေးပြန်ကြောထဲကနေဖောက်ယူရတာဖြစ်ပါတယ် ၊ အဲဒါကြောင့် ဖောက်ယူမယ့်သွေးပြန်ကြောကိုဖောင်းလာအောင် ဦးစွာပြုလုပ်ရပါတယ် ၊ သွေးပြန်ကြောဖောင်းလာပြီဆိုတာနဲ့ အချိန်မဆိုင်းပဲချက်ချင်းဖောက်ယူရပါမယ် ၊

ဆေးထိုးပိုက်နဲ့စုတ်ယူတဲ့အခါမှာလည်း အားနဲ့စုပ်ယူတာမျိုးမလုပ်ပဲ တဖြေးဖြေးချင်းညင်ညင်သာသာ
စုပ်ယူရပါမယ် ၊ အားနဲ့စုပ်ယူလိုက်ရင် သွေးနီဥတွေပေါက်ကွဲပျက်စီးသွားနိုင်ပါတယ် ၊


နောက်တစ်ချက်ဂရုပြုရမှာက ဆေးထိုးပိုက်ထဲကိုရောက်လာတဲ့သွေးတွေကို tube ထဲကိုထည့်တဲ့အခါမှာ
လည်း ဖိအားနဲ့ညှစ်မထည့်ပဲ tube ရဲ့နံရံတစ်လျှောက်ကနေတဖြေးဖြေးချင်းလျှောဆင်းသွားအောင် ညင်ညင်သာသာညှစ်ချပေးရမှာဖြစ်ပါတယ် ၊

သွေးမခဲဆေးပါဝင်တဲ့ tube ထဲကိုသွေးထည့်ပြီးတဲ့အခါ သမသွားအောင်လုပ်ပေးဖို့လိုပါတယ် ၊ အဲဒီအချိန်မှာလည်း ၊ ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါတာမျိုးမလုပ်သင့်ပဲ အပေါ်အောက်ညင်ညင်သာသာ
လှန်ပေးပြီး သွေးမခဲဆေးနဲ့သမသွားအောင်လုပ်ပေးရမှာဖြစ်ပါတယ် ။

0 မှတ်ချက်များ to “ရောဂါရှာဖွေရေးအတွက်သွေးနမူနာရယူခြင်း”

Post a Comment