«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

3 Mar 2019

Organophosphate ပိုးသတ်ဆေးအဆိပ်မိခြင်း

,
(Unicode)
 
ပိုးသတ်ဆေးအဆိပ်မိခြင်း(Organic Phosphate Poisoning) 
 
အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေဟာကျောရိုးမပါတဲ့သတ္တဝါတွေကိုသုပ်သင်နိုင်တဲ့ဓာတ်ပေါင်း
တွေ 
 
ဖြစ်ပြီးတစ်ချို့အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေကိုစိုက်ပျိုးရေးလုပ်ငန်းမှာအပင်တွေကိုဖျက်ဆီး 
 
ဒုက္ခပေးတဲ့အင်းဆက်ပိုးကောင်တွေကိုသုပ်သင်ဖို့  အသုံးပြုကြပြီး တစ်ချို့အော်ဂဲနစ်ဖော့စဖိတ်
 
ဓာတ်ပေါင်းတွေကိုတော့ တိရစ္ဆာန်တွေမှာဒုက္ခပေးတဲ့သန်ကောင်တွေနဲ့ ပြင်ပကပ်ပါးကောင်တွေကို
 
တွေကိုသုပ်သင်ဖို့ အသုံးပြု ကြပါတယ်။
 
အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေဖြစ်တဲ့ Dichlorvos, Trichlorfon, Haloxon, 
 
Naphthalophos နဲ့ Crufomate စတဲ့အင်းဆက်ပိုးသတ်ဆေးတွေကိုတော့ လူနဲ့တိရစ္ဆာန်တွေရဲ့ 
 
ခန္တာကိုယ်မှာစွဲကပ်တတ်တဲ့ပိုးမွှားနဲ့သန်ကောင်တွေကိုနှိမ်နင်းဖို့အတွက်သန်ချဆေးအဖြစ်ထုတ်လုပ် 
 
အသုံးပြုလေ့ရှိပါတယ်။
 
စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေဖြစ်တဲ့ကလိုပိုင်ရီဖော့,ဒိုင်ယာဇီနွန်,ဖန်နီထရိုသီယွန်,မာလာသီယွန် 
 
နဲ့ပါရာသီယွန်စတဲ့စိုက်ပျိုးရေးသုံးအင်းဆက်ပိုးသတ်ဆေးတွေဟာ၊လူနဲ့တိရစ္ဆာန်တွေကိုအဆိပ်သင့် 
 
စေနိုင်ပါတယ် ဒါပေမယ့် ဖြစ်စဉ်အသေးစိပ်ကို ကြည့်တဲ့အခါ အဲဒီပိုသတ်ဆေးတွေဟာ ခန္တာကိုယ်
 
အတွင်းထဲကိုရောက်လာတဲ့အခါ ချက်ချင်းဒုက္ခပေးတာမဟုတ်ပါဘူး ၊ အဲဒီပိုးသတ်ဆေးတွေ 
 
အသည်းထဲကိုရောက်လာတော့မှ အသည်းထဲမှာရှိတဲ့ Microsomal Oxidation အင်ဇိုင်းက 
 
ဓာတ်တိုးပေးလိုက်တဲ့အခါကျမှသာ အဆိပ်ဖြစ်သွားတာဖြစ်ပါတယ်။
 
ဒီ‌နေရာမှာသိထားသင့်တာကတော့ အထက်မှာဖော်ပြခဲ့တဲ့သန်ချဆေးတွေဆိုတာဟာလည်း 
 
အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေဖြစ်တဲ့အတွက်သန်ချတဲ့အခါ ဆေးကို  အချိန်အဆမှန်မှန် 
 
အသုံးမပြုခဲ့ရင် အဆိပ်သင့်စေနိုင်တယ်ဆိုတာသိထားသင့်ပါတယ်။
 
လူနဲ့တိရစ္ဆာန်တွေမှာအော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေကြောင့်အဆိပ်သင့်တဲ့အခါထွက်ပေါ်လာ 
 
တဲ့ဓာတ်ပေါင်းတွေဟာ ကြွက်သားတွေထဲမှာရှိနေတဲ့ Acetylcholinesterase (AChE)ဟိုမုန်းရဲ့ 
 
စွမ်းဆောင်မှုတွေကိုဖျက်ဆီးပစ်တဲ့အတွက်  အဆိပ်သင့်ခြင်းဝေဒနာတွေကိုခံစားရပြီးအသက်
 
ဆုံးရှုံးရခြင်းဖြစ်ပါတယ်၊ တစ်ချို့အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေ ခန္တာကိုယ်အတွင်းထဲကို 
 
ရောက်လာတဲ့ အခါ အဲဒီဓာတ်ပေါင်းအမှုန်တစ်ခုချင်းဟာ ခန္တာကိုယ်ရဲ့အဆီတွေနဲ့ဖုံးအုပ်တာကိုခံရ   
ပါတယ် ဒါကြောင့်အဲဒီအမျိုးအစားအော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေကြောင့်    အပြင်းအထန် 
 
အဆိပ်သင့်တာမျိုးချက်ချင်းမဖြစ်နိုင်ပဲ အချိန်အတော်ကြာမှသာ      အဆိပ်သင့်လာတတ်တဲ့ 
 
ပိုးသတ်ဆေးအမျိုးအစားတွေလည်းရှိပါတယ်။
 
ပိုးသတ်ဆေးအဆိပ်သင့်လာပြီဆိုရင်တော့ အစာအိမ်အူလမ်းကြောင်းနဲ့ အခြားကိုယ်တွင်းအင်္ဂါတွေ 
 
မှာ သွေးယိုစိမ့်မှုတွေဖြစ်လာပါတယ် အဲဒီနောက်မှာတော့ ခန္တာကိုယ်ရဲ့အရည် ဓာတ်  ခန်းခြောက်မှု 
 
ဖြစ်လာလေ့ရှိပါတယ်။
 
ပိုးသတ်ဆေးအဆိပ်သင့်တဲ့အခါမှာ အဆင့်အလိုက်ဆောင်ရွက်ရမယ့်အချက်တွေကိုမှန်မှန်ကန်ကန် 
 
ဆောင်ရွက်နိုင်မှသာ အသက်ကိုကယ်တင်နိုင်မှာဖြစ်တဲ့အတွက်အချိန်မဆိုင်းပဲစနစ်တကျ ပြုစုပေး 
 
နိုင်ဖို့အလွန်အရေးကြီးပါတယ် အဲဒီအချက်တွေကတော့ခွေးကြောင်တွေရဲ့ခန္တာကိုယ်အရေပြားပေါ်
 
ကို ပိုးသတ်ဆေးတွေထိမိတာဆိုရင် ကြမ်းကြမ်းတမ်းတမ်းကုတ်ခြစ်ပြီးပွတ်တိုက်ဆေးကြောတာ
 
မျိုးမလုပ်သင့်ပါဘူးအခန်းအပူချိန်လောက်သာအေးတဲ့ရိုးရိုးရေနဲ့လောင်းပြီး ဆပ်ပြာနဲ့ ညင်ညင် 
 
သာသာပွတ်တိုက်ဆေးကြောပြီး ရေများများနဲ့လောင်းပေးသင့်ပါတယ်။
 
ပိုးသတ်ဆေးတွေပါးစပ်ထဲဝင်သွားတဲ့အခါမျိုးမှာတော့
 
 
(၁) အစာအိမ်အူလမ်းကြောင်းအတွင်းက အန်ထုတ်ပစ်လို့ရနိုင်သေးတဲ့နေရာတွေမှာ ရှိနေသေးတဲ့ 
 
အဆိပ်တွေကို အန်ထုတ်ပစ်စေခြင်း
 
ပိုးသတ်ဆေးပါတဲ့အစာတစ်ခုခုကိုစားမိပြီဆိုတာသိလျှင်သိချင်းအန်ဆေးတစ်မျိုးမျိုးကို(၂)နာရီခြား 
 
 တိုက်ကျွေးပေးရပါမယ် ထိခိုက်ရှနာတွေကိုဆေးကြောသုပ်သင်တဲ့အခါ အသုံးပြုရတဲ့ ဟိုက်ဒြိုဂျင်
 
ပါရောက်ဆိုက် ဆေးရည်ဟာ အန်ဆေးအဖြစ်အသုံးပြုလို့ ရတဲ့ဆေးရည်ဖြစ်ပါတယ်၊ ပိုးသတ်ဆေး 
 
ပါတဲ့အစာတစ်ခုခုကိုစားမိပြီဆိုတာသိလျှင်သိချင်း ဟိုက်ဒြိုဂျင်ပါရောက်ဆိုက်ဆေးရည်ကို 
 
လ္ဘက်စားဇွန်းနဲ့(၂)ဇွန်းခန့်တိုက်ကျွေးလိုက်ရင် ချက်ချင်းအန်ထုတ်ပစ်ပါလိမ့်ယ်။
 
အဲဒီဆေးရည်အလွယ်တကူမရှိတဲ့အခါမျိုးမှာ အိမ်သုံးဆားကိုရေနွေးနဲ့ဖျော်ပြီးတိုက်ရင်လည်း 
 
အန်စေနိုင်ပါတယ်၊အကယ်၍အဆိပ်မိနေတဲ့မိမိရဲ့ခွေးကြောင်ဟာမေ့မြောနေတဲ့အဆင့်ကိုရောက်နေ 
 
ရင် တော့အန်ဆေးကိုမတိုက်သင့်ပါဘူး ဆေးခန်းမှာအသက်ရှူစက်နဲ့အောက်ဆီဂျင်ပေး ထားပြီးမှ 
 
လိုအပ်သလိုကုသရမှာဖြစ်ပါတယ်။
 
 
(၂) အစာအိမ်အူလမ်းကြောင်းအတွင်းရောက်နေတဲ့အဆိပ်တွေကို ခန္တာကိုယ်ကစုပ်ယူလို့ 
 
မရအောင်တားဆီးပေးခြင်း
 
အဆိပ်တွေကိုအူလမ်းကြောင်းကနေစုပ်ယူမသွားနိုင်အောင်ဆိုရင်အလှဆီ(Glycerin)ကိုတိုက်ကျွေး 
 
ပေးသင့်ပါတယ် ၊ အလှဆီအလွယ်တကူမရှိရင်တော့ ကြက်ဥအကာရည်ကို   နွားနို့နဲ့ဖျော်ပြီး
 
တိုက်ကျွေးနိုင်ပါတယ်။
 
 
(၃) အစာအိမ်အူလမ်းကြောင်းအတွင်းက အန်ထုတ်ပစ်လို့မရနိုင်တော့တဲ့နေရာတွေကိုရောက်သွား 
 
ပြီဖြစ်တဲ့အဆိပ်တွေကို မစင်ထဲမနေစွန့်ထုတ်ပစ်စေခြင်း
 
အစာအိမ်အူလမ်းကြောင်းထဲရောက်နေတဲ့အဆိပ်တွေကိုဝမ်းသွားတဲ့အခါဝမ်းနဲ့အတူပါသွားအောင် 
 
(Activated Charcoal) လို့   ခေါ်တဲ့ဆေးမီးသွေးအမှုန့်ကို တိုက်ကျွေးပေးရပါတယ် ၊ Activated 
 
Charcoal ကိုခန္တာကိုယ်က မစုပ်ယူနိုင်တဲ့အပြင် အဆိပ်တွေကို စုပ်ယူထားနိုင်တဲ့အတွက်ကြောင့် 
 
ဝမ်းသွားတဲ့အခါအပြင်ကိုပါလာမှာဖြစ်ပါတယ် ဆေးမီးသွေး(Activated Charcoal)ကို၊ခန္တာကိုယ်
 
အလေးချိန်(၁)ကီလိုရှိလေတိုင်း   (၁-၂)ဂရမ်နှုန်းနဲ့ တွက်ချက်ပြီး ပါးစပ်ကနေ‌တိုက်ကျွေးပေးရ 
 
မှာဖြစ်ပါတယ်။
 

Activated Charcoal အမှုန့်ကိုရေနဲ့ခပ်ပြစ်ပြစ်ဖျော်ပြီးတိုက်ကျွေးပေးနိုင်ပါတယ် ၊ဆေးခန်းတွေမှာ 
 
ဆိုရင်တော့ အစာအိမ်ပိုက်နဲ့ထည့်သွင်းပေးနိုင်ပါတယ်၊ သုံးရမယ့်ပမာဏကတော့ ဝင်သွားတဲ့ 
 
အဆိပ်ပမာဏနဲ့(၁၀)ဆရှိတဲ့ပမာဏကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်၊ဒီအမှုန့်ထည့်သွင်းပေးပြီးတဲ့ 
 
နောက် (၃၀)မိနစ်အကြာမှာ ပုံမှန်ဆားရည်ထည့်သွင်းပြီးပြန်လည်စုပ်ထုတ်ပစ်ပြီး ဆေးမှုန့်ကို
 
နောက်တစ်ကြိမ် ထပ်သွင်းပေးရပါတယ်၊  Activated Charcoal ကိုခန္တာကိုယ်က မစုပ်
 
ယူနိုင်တဲ့အပြင် အဆိပ်တွေကို စုပ်ယူထိမ်းသိမ်းထားနိုင်တဲ့အတွက်ကြောင့် ဝမ်းသွားတဲ့ အခါ 
 
အပြင်ကိုပါလာမှာဖြစ်ပါတယ်။
 
 
 
 (၄) ဖြေဆေးထိုးခြင်းနဲ့အဆိပ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ပြသနာများကိုကုသခြင်း
 
ခန္တာကိုယ်အတွင်းစုပ်ယူဝင်ရောက်သွားပြီဖြစ်တဲ့အဆိပ်တွေကို ပြယ်သွားအောင် ဖြေဆေးထိုးခြင်းနဲ့
 
အဆိပ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ပြသနာများကိုကုသခြင်းကိုတော့  တိရစ္ဆာန်ရောဂါကုဆရာဝန်
 
များကလိုအပ်သလိုဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
 
 
အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်းတွေကြောင့်အဆိပ်သင့်တဲ့အခါ
 
(က) Muscarinic Receptor ကိုပိတ်ဆို့တားဆီးပေးသောဆေးများထိုးနှံပေးခြင်း
 
Atropine sulfate ဆေးဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ထဲမှာပါဝင်နေတဲ့ Muscarinic Receptor  
 
တွေကိုအာရုံခံစားနိုင်ခြင်းမရှိတော့အောင်ပိတ်ဆို့တားဆီးပေးထားနိုင်တဲ့   အစွမ်းရှိတဲ့အတွက် 
 
အချိန်မီထိုးနှံပေးသင့်ပါတယ်၊ဒီဆေးကိုအသုံးပြုတဲ့အခါ ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း 
 
ဆေးကို(၀.၂-၂) မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး အကြောကနေ‌ဖြည်းညှင်းစွာသွင်းပေးရပါတယ်       
 
အဆိပ်သင့်နေတဲ့လက္ခဏာတွေ မပျောက်သွားမချင်း Atropine sulfate ဆေးသွင်းပေးတာကို 
 
(၄)နာရီခြားတစ်ကြိမ်နှုန်းနဲ့ ဆက်လက်ပြုလုပ်ပေးနေရမှာဖြစ်တဲ့အတွက်  ဆေးရုံတင်ပြီးသာကုသ 
 
သင့်ပါတယ် ၊ ကြောင်တွေမှာ အော်ဂဲနစ်ဖော့စဖိတ်ဓာတ်ပေါင်း တွေကြောင့်အဆိပ်သင့်တဲ့အခါ  
 
Atropine sulfate ဆေးကို(၀.၂) မီလီဂရမ်နှုန်းနဲ့သာ တွက်ချက်ပြီးထိုးနှံပေးရမှာဖြစ်ပါတယ်၊
 
အဆိပ်မိနေတဲ့အချိန်မှာလျှာရည်ကျနေခြင်းဟာအဆိပ်တွေကိုခန္တာကိုယ်ထဲကနေထွက်သွားအောင် 
 
ခန္တာကိုယ်ကပြုလုပ်နေတဲ့ဖြစ်စဉ်ဖြစ်တယ်ဆိုတာကိုလည်းသိထား သင့်ပါတယ် ၊ အကယ်၍
 
လျှာရည်ကျနေတာရပ်သွားခြင်း မျက်စေ့သူငယ်အိမ်ကျယ်လာခြင်းနဲ့ထိတ်လန့်တာမျိုးတွေဖြစ်လာ
 
ရင် ဦးနှောက်နဲ့အာရုံကြောစနစ်ထဲမှာရှိနေတဲ့   Muscarinic Receptor တွေ ထိခိုက်ပျက်စီးနေတဲ့
 
လက္ခဏာတွေဖြစ်တဲ့အတွက်  Atropine sulfate အကြောဆေးကိုအမြန်ထိုးနှံပေးသင့်ပါတယ်
 
ဒီဆေးကို ဒုတိယအကြိမ်ထပ်ထိုးရင် မူလထိုးထားတဲ့ဆေးရဲ့အာနိသင်ပြယ်သွားတတ်တဲ့အတွက် 
 
ထပ်မံထိုးနှံတာမျိုးမလုပ်ရပဲ အတက်ကျစေဖို့ Diazepam ထိုးဆေးကိုသာထိုးနှံရမှာဖြစ်ပါတယ်။
 
 
(ခ) Cholinesterase ဓာတ်ကိုအားဖြည့်ပေးတဲ့ဆေးများထိုးနှံပေးခြင်း
 
အဆိပ်မိနေတဲ့အခါ အဆုပ်နဲ့ရင်ဝမ်းခြားကြွက်သားတွေလေဖြတ်ပြီးအသက်ရှုရပ်သွား ရာကနေ 
 
အသက်သေဆုံးသွားတတ်ပါတယ် အဲဒီလိုဖြစ်မသွားအောင် cholinesterase အင်ဇိုင်းကို အားဖြည့် 
 
ပေးနိုင်ဖို့အတွက် Pralidoxime Chloride ၅% ဆေးရည်ကို ခန္တာကိုယ်အလေးချိန်(၁)ကီလို 
 
ရှိလေတိုင်း ဆေးကို(၂၀-၅၀)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး ချက်ချင်းထိုးနှံပေးရပါတယ်၊ ဒီဆေးကို 
 
အသားဆေးထိုးနှံပေးရမှာဖြစ်ပါတယ် အကယ်၍အကြောဆေးသွင်းမယ်ဆိုရင် တော့(၁၀)မိနစ် 
 
လောက်အချိန်ယူပြီးဖြည်းဖြည်းလေးသွင်းပေးနိုင်ပါတယ်။
 
 
အကြောဆေးသွင်းတာမြန်သွားရင်တော့ အဆုပ်မှာကြွက်တတ်ပြီးအသက်ရှူရပ်သွား တတ်ပါတယ်
 
 ၊ ဒီဆေးကိုထပ်မံသွင်းဖို့လိုအပ်သေးတယ်ဆိုရင် မူလထိုးနှံခဲ့တဲ့ပမာဏရဲ့  တစ်ဝက်ရှိတဲ့ပမာဏ
 
ကိုသာ ထပ်မံထိုးနှံပေးရမှာဖြစ်ပါတယ်၊ခွေးတွေမှာ Organophosphate ပိုးသတ်ဆေးအဆိပ်မိရင်  
 
Pralidoxime hydrocloride ထိုးဆေးကို ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း (၅၀)မီလီဂရမ် 
 
နှုန်းနဲ့တွက်ချက်ပြီး အကြောကနေြဖည်းဖြည်းချင်း မိနစ်(၃၀)လောက်အချိန်ယူပြီးသွင်းပေးရပါမယ်
 
အဲဒီနောက်(၁)နာရီကြာသည်အထိ အဆိပ်မိတဲ့လက္ခဏာတွေရှိနေသေးတယ်ဆိုရင်တော့ 
 
နောက်တစ်ကြိမ်ထပ်သွင်းပေးရမှာဖြစ်ပါတယ် ၊ အခြေအနေရလိုအပ်နေ သေးရင်(၈)နာရီခြားတိုင်း 
 
တစ်ကြိမ်နှုန်းနဲ့သွင်းပေးနေရမှာဖြစ်ပါတယ်။
 
 
ကြောင်တွေမှာ Organophosphate  ပိုးသတ်ဆေးအဆိပ်မိရင်တော့ Pralidoxime  
 
hydrochloride ထိုးဆေးကို ခန္တာကိုယ်အလေးချိန်(၁)ကီလို ရှိလေတိုင်း (၂၀)မီလီဂရမ် နှုန်းနဲ့ 
 
တွက်ချက်ပြီး အကြောကနေြဖည်းဖြည်းချင်း မိနစ်(၃၀)လောက်အချိန်ယူပြီး သွင်းပေးရပါမယ်
 
အဆိပ်မိတဲ့ခွေးကြောင်တွေသေဆုံးပြီးနောက် စိုက်ပျိုးရေးသုံး အော်ဂဲနစ်ဖော့စဖိတ်အဆိပ်ကြောင့် 
 
ဟုတ်မဟုတ် အတိအကျသိချင်ရင် သူတို့ရဲ့အစာအိမ်ကိုခွဲစိပ်ထုတ်ယူပြီး ရေခဲတုံးအုပ်ကာဓာတ်ခွဲ 
 
ခန်းကိုပို့ပြီးစစ်ဆေးသိရှိနိုင်ပါတယ်။
 
 
 Zawgyi
 
သြဂဲနစ်ဖော့စဖိတ်ဓါတ်ပေါင်းတွေဟာ ကျောရိုးမပါတဲ့သတ္တဝါတွေကိုသုတ်သင်နိုင်တဲ့ဓါတ်ပေါင်းတွေဖြစ်ပြီး တချို့ သြဂဲနစ်ဖော့စဖိတ်တွေကိုစိုက်ပျိုးရေးလုပ်ငန်းမှာအပင်တွေကိုဒုက္ခပေးတဲ့ အင်း ဆက်ပိုးကောင်တွေကိုသုပ်သင်ရာမှာအသုံးပြုကြပြီး
တချို့ သြဂဲနစ်ဖော့စဖိတ်တွေကိုတော့ လူနဲ့တိရစ္ဆာန်တွေမှာ ဒုက္ခပေးတဲ့သန်ကောင်တွေကိုသုပ်သင်ရာမှာအသုံးပြုကြပါတယ်
သြဂဲနစ်ဖော့စဖိတ်တွေဖြစ်တဲ့ dichlorvos, trichlorfon, haloxon, naphthalophos နဲ့ crufomate စတဲ့အင်းဆက်ပိုးသတ်ဆေးတွေကိုတော့ လူနဲ့တိရစ္ဆာန်တွေရဲ့ခန္တာကိုယ်မှာစွဲကပ်နေတဲ့သန်ကောင်တွေ ကိုနှိမ်နင်းဖို့အတွက် သန်ချဆေးအဖြစ် အသုံးပြုကြပါတယ်
စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေဖြစ်တဲ့ chlorpyrifos, ဒိုင်ယာဇီနွန် , ဖန်နီထရိုသီယွန်, မာလာသီယွန် နဲ့ ပါရာသီယွန် စတဲ့အင်းဆက်ပိုးသတ်ဆေးတွေဟာ သြဂဲနစ်ဖော့စဖိတ် ပိုးသတ်ဆေးတွေဖြစ်ပြီး ခန္တာကိုယ်အတွင်းရောက်လာတဲ့အခါ ချက်ချင်းဒုက္ခပေးတာမဟုတ်ပါဘူ အဲဒီပိုးသတ်ဆေးတွေကို အသည်းထဲကိုရောက်လာတဲ့အချိန်မှာ အသည်းထဲမှာရှိတဲ့ microsomal oxidation enzymesကဓါတ်တိုးပေးလိုက်တဲ့အတွက် အဆိပ်ဖြစ်လာတာဖြစ်ပါတယ်
ဒီနေရာမှာသိထားသင့်တာကတော့ အထက်မှာဖော်ပြခဲ့တဲ့သန်ချဆေးတွေဆိုတာဟာလည်း သြဂဲနစ်ဖော့စဖိတ်အဆိပ်တွေဖြစ်တဲ့အတွက် သန်ချတဲ့အခါမှာအချိန်အဆနှုန်းမှန်မှန်အသုံးမပြုရင် အဆိပ်သင့်စေနိုင်တယ်ဆိုတဲ့အချက်ကိုသတိပြုဖို့လိုအပ်ပါတယ်
လူနဲ့တိရစ္ဆာန်တွေမှာသြဂဲနစ်ဖော့စဖိတ်တွေအဆိပ်သင့်ခံရတဲ့အခါ ကြွက်သားတွေထဲမှာရှိတဲ့ acetylcholinesterase (AChE)ဟိုမုန်းရဲ့စွမ်းဆောင်မှုနှုန်းကိုတားဆီးတဲ့အတွက် အဆိပ်သင့်ခြင်းကိုခံစားရတာဖြစ်ပါတယ်
တချို့သြဂဲနစ်ဖော့စဖိတ်အဆိပ်တွေဟာ ခန္တာကိုယ်အတွင်းရောက်လာတဲ့အခါ အဆိပ်မှုန်တစ်ခုချင်းကို ခန္တာကိုယ်ရဲ့အဆီတွေနဲ့ဖုံးအုပ်ထားလိုက်ပါတယ် ဒါကြောင့်ချက်ချင်းအပြင်းအထန်အဆိပ်မသင့်သေးပဲ တအိအိနဲ့ဖြည်းဖြည်းချင်း အချိန်အကြာကြီးအဆိပ်သင့်တာမျိုးတွေလည်းရှိပါတယ် အစာအိမ်အူလမ်းကြောင်းအတွင်းနဲ့ အခြားကိုယ်တွင်အင်္ဂါတွေမှာသွေးယိုစိမ့်မှုတွေဖြစ်ပေါ်စေပါတယ် အဲဒီနောက်အရည်ဓါတ်ခန်းခြောက်မှုတွေဖြစ်လာတတ်ပါတယ်
စိုက်ပျိုးရေးသုံးပိုးသတ်ဆေးအဆိပ်မိခြင်းကိုကုသတဲ့အခါမှာ အသုံးပြုရတဲ့ဆေး(၃)မျိုးရှိပါတယ် အဲဒါတွေကတော့(၁) muscarinic receptor ကိုပိတ်ဆို့သောဆေးများထိုးနှံခြင်း
Atropine sulfate ဆေးဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ထဲမှာရှိတဲ့ muscarinic receptor တွေကို အာရုံမရှိတော့အောင်ပိတ်ဆို့ထားနိုင်တဲ့ဆေးဖြစ်ပါတယ်
ဒီဆေးကိုသုံးတဲ့အခါ  ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိတိုင်း Atropine sulfate  ထိုးဆေးကို  (၀.၂-၂)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး အကြောကနေသွင်းပေးရပါမယ် အဲဒီလိုသွင်းပေးတာကို အဆိပ်သင့်လက္ခဏာတွေ မပျောက်သွားမချင်း(၄)နာရီခြားတ်ကြိမ်းနှုန်းနဲ့ဆက်လက်ပြုလုပ်ပေးနေရမြှာ ဖစ်ပါတယ် ကြောင်တွေဆိုရင်တော့ အနည်းဆုံးနှုန်းဖြစ်တဲ့(၀.၂)မီလီဂရမ်နှုန်းနဲ့သာထိုးနှံသင့်ပါတယ်
အဆိပ်မိပြီး လျှာရည်ကျတာပြန်ရပ်သွားခြင်း မျက်စေ့သူငယ်အိမ်ကျယ်လာခြင်းနဲ့ ထိတ်လန့်ခြင်းဖြစ်လာတာတွေဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ထဲမှာရှိတဲ့ muscarinic receptor တွေကို ထိခိုက်နေတဲ့လက္ခဏာတွေဖြစ်တဲ့အတွက် Atropine sulfate အကြောဆေးကိုအမြန်ထိုးနှံသင့်ပါတယ် ဒီဆေးကိုဒုတိယအကြိမ်ထပ်သွင်းပေးလိုက်တဲ့အခါ ဆေးရဲ့အာနိသင်တွေပျယ်သွားတတ်တဲ့အတွက် ထပ်မံထိုးနှံခြင်းမပြုသင့်တော့ပဲ အတက်ကျစေတဲ့ diazepam ထိုးဆေးကိုသာထိုးနှံပေးသင့်ပါတယ်
(၂) cholinesterase အားဖြည့်ဆေးများထိုးနှံပေးခြင်း
ကြွက်သားတွေလေဖြတ်ပြီး အသက်ရှုရပ်သွားမျိုးမဖြစ်အောင် cholinesterase ဟိုမုန်းကိုအားဖြည့်ပေးတဲ့ pralidoxime chloride ၅% ဆေးရည်ကို (20–50) mg/kg နှုန်းနဲ့ ချက်ချင်းထိုးနှံပေးရပါမယ်
ဒီဆေးကို အသားဆေးထိုးနှံနိုင်ပြီးအကြေားဆေးထိုးရင်တော့ (၁၀)မိနစ်လောက်အချိန်ယူပြီး ဖြည်းဖြည်းလေးသွင်းပေးရမှာဖြစ်ပါတယ် သွင်းတာမြန်သွားရင် အဆုပ်မှာကြွက်တတ်ပြီးအသက်ရှုရပ်သွားတတ်ပါတယ် အခြေအနေအရထပ်မံလိုအပ်သေးရင် မူလထိုးနှံတဲ့ဆေးပမာဏရဲ့တစ်ဝက်ရှိတဲ့ပမာဏကို ထပ်မံသွင်းပေးနိုင်ပါတယ်
(၃) အစာအိမ်နဲ့အူလမ်းကြောင်းထဲကိုရောက်နေတဲ့အဆိပ်တွေကိုခန္တာကိုယ်ကမ စုပ်ယူနို င်အောင်ကားကွယ်ခြင်းနှင့်ဖယ်ရှားပစ်ခြင်း
ခွေးကြောင်တွေရဲ့အရေပြားပေါ်ကို အင်းဆက်ပိုးသတ်တွေထိမိတာဆိုရင် ကုတ်ခြစ်ပြီးကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ဆေးကြောခြင်းမပြု လုပ်သင့်ပါဘူး ဆပ်ပြာကိုအသုံးပြုပြီး အခန်းအပူချိန်လောက်သာအေးတဲ့ရေကိုပေါပေါလောင်းပြီးညင်ညင်သာသာဆေးေ ကြာပေးရပါမယ် ဆက်လက်ပြီး အန်ဆေးတစ်မျိုးမျိုးကို(၂)နာရီခြားတိုက်ကျွေးရပါမယ် အကယ်၍ မိမိခွေးကြောင်ဟာ နုန်းချည့်မေ့မျောနေရင်တော့ အန်ဆေးကိုမတိုက်တော့ပဲအသက်ရှူစက်နဲ့ အောက်ဆီဂျင်ပေးထားသင့်ပါတယ်
အဆိပ်တွေကို အစာအိမ်အူလမ်းကြောင်းကမစုပ်ယူနိုင်အောင် အလှဆီ(glycerin)ကိုတိုက်ကျွေးပေး သင့်ပါတယ်
ဝမ်းသွားတဲ့အခါအဆိပ်တွေထွက်သွားအောင် ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိတိုင်းActivated charcoal လို့ခေါ်တဲ့ ဆေးမီးသွေးကို (၁-၂)ဂရမ်နှုန်းနဲ့တွက်ချက်ပြီးတိုက်ကျွေးပေးရပါမယ် ခွေးတွေမှာ Organophosphate ပိုးသတ်ဆေးအဆိပ်မိရင် Pralidoxime ထိုးဆေးကို ကိုယ်အလေးချိန်(၁)ကီလို
တိုင်းအတွက် ဆေး(၂၀)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး အကြောကနေဖြေးဖြေးချင်း မိနစ်(၃၀)ကြာအောင်သွင်းပေးရပါမယ် အဲဒီနောက်(၁)နာရီကြာတဲ့အထိ အဆိပ်မိတဲ့လက္ခဏာတွေ ရှိနေသေးရင်တော့ အဲဒီအတိုင်းနောက်တစ်ကြိမ်ထပ်သွင်းပေးရပါမယ် ဆက်လက်ပြီး(၈)နာရီခြားတိုင်း တစ်ကြိမ်နှုန်းအကြောကနေမိနစ်(၃၀)ကြာအောင်သွင်းပေးရပါမယ်
ကြောင်တွေမှာ Organophosphate ပိုးသတ်ဆေးအဆိပ်မိရင် Pralidoxime ထိုးဆေးကို ကိုယ်အလေးချိန် (၁)ကီလိုတိုင်းအတွက် ဆေး(၂၀)မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး အကြောကနေဖြေးဖြေးချင်း မိနစ်(၃၀)ကြာအောင်သွင်းပေးရပါမယ် အဲဒီနောက်(၁)နာရီကြာတဲ့အထိ အဆိပ်မိတဲ့လက္ခဏာတွေ ရှိနေသေးရင်တော့ အဲဒီအတိုင်းနောက်တစ်ကြိမ်ထပ်သွင်းပေးရပါမယ် ဆက်လက်ပြီး(၈)နာရီခြားတိုင်း တစ်ကြိမ်နှုန်းအကြောကနေမိနစ်(၃၀)ကြာအောင်သွင်းပေးရပါမယ်
အဆိပ်မိတဲ့ခွေးကြောင်တွေသေဆုံးပြီးနောက် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးအဆိပ်မိတာဟုတ်မဟုတ် အတိအကျသိချင်ရင်တော့  အစာအိမ်ကိုရေခဲစိမ်ပြီး ဓါတ်ခွဲခန်းကိုပေးပို့ပြီး စစ်ဆေးနိုင်ပါတယ်

0 မှတ်ချက်များ to “Organophosphate ပိုးသတ်ဆေးအဆိပ်မိခြင်း”

Post a Comment