ခွေးကြောင်လေးတွေ အဆိပ်မိတဲ့အခါတိုက်ရတဲ့
Activate Charcoal ဆေးတောင့်လေးပါ
Activate Charcoal ရဲ့အစွမ်းက အဆိပ်ကိုပြေစေတာတော့
မဟုတ်ပါဘူး
အစာအိမ်ထဲရောက်နေတဲ့အဆိပ်တွေကို စုပ်ယူထားပြီး
မစင်ကနေစွန့်ထုတ်ပစ်နိုင်အောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်
ခွေးကြောင်လေးတွေ အဆိပ်မိတဲ့အခါ ဒီဆေးတောင့်ကို ရေအေးအေးနဲ့ဖျော်ပြီး အမြန်တိုက်ပေးခြင်းအားဖြင့်
သွေးထဲကိုအဆိပ်တွေရောက်မသွားအောင် တာဆီးပေးနိုင်တဲ့အတွက် အစွမ်းထက်တဲ့အသက်ကယ်ဆေးတစ်လက်ဖြစ်ပါတယ်
သွေးထဲအထိစုပ်ယူဝင်ရောက်နေတဲ့အဆိပ်တွေ
ပျက်ပြယ်သွားစေဖို့အတွက်ကတော့ အဆိပ်ရဲ့အမျိုးအစားအလိုက်
ထိုးနှံပေးရမယ့်အဆိပ်ပြယ်ဆေးတွေကို ကုသပေးတဲ့
တိရစ္ဆာန်ရောဂါကုဆရာဝန်က လိုအပ်သလိုရွေးချယ်ထိုးနှံပေးတာဖြစ်ပါတယ်