«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 May 2023

ကြောင်တွေကိုရေချိုးပေးသင့်ပါသလား

,

ကြောင်တွေဟာ သူတို့သဘာဝအလျှောက် ရေကိုကြိုက်နှစ်သက်လေ့မရှိပါဘူး။ ကြောင်တွေဟာ မိမိကိုယ်ကို သန့်စင်‌တဲ့အလေ့အထရှိတဲ့အတွက် ပုံမှန်ရေချိုးရန်မလိုအပ်ပါ။ ကြောင်တွေမှာ သူတို့ကိုယ်သူတို့ သန့်ရှင်းရေးလုပ်နိုင်ဖို့လိုအပ်တဲ့  လျှာနဲ့ သွားတွေပါရှိတဲ့အပြင် ခန္တာကိုယ်အရွယ်အစားနဲ့စာရင် အများကြီးပိုမို ကြီးမားကျယ်ပြန့်တဲ့အရေပြားကိုပိုင်ဆိုင်ထားကြပါတယ် ဒါကြောင့်မို့ လိုအပ်သလိုကွေးဆန့်ပြီး သူတို့ရဲ့တစ်ကိုယ်လုံးအနှံ့က အမွှေးအမြှင်တွေကို သန့်ရှင်းသပ်ရပ်အောင်ထိန်းသိမ်းနိုင်ကြပါတယ်။

ဒါကြောင်မို့ ကြောင်ကို မလိုအပ်ပဲဇွတ်အတင်းရေချိုးပေးရင် ကြောင်ဟာစိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှု‌တွေဖြစ်ပြီး ထိတ်လန့်ရုန်းကန်တဲ့အတွက် မိမိကို ကုတ်မိတာခြစ်မိတာတွေဖြစ်တတ်ပါတယ် တစ်ချို့ကြောင်တွေဟာ ရေချိုးခြင်းကို ခံနိုင်ရည်ရှိပါတယ် ရေချိုးပေးတာကို ကြိုက်တဲ့ကြောင်တွေလည်းရှိတတ်ပါတယ် တစ်ကောင်နဲ့တစ်ကောင်‌ မတူကြပါဘူး ကြောင်အများစုကတော့ ရေချိုးတာကိုနှစ်သက်လေ့မရှိပါဘူး 

သတိထားသင့်တာကတော့ ကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာ ကျွတ်ထွက်နေတဲ့အမွေးတွေရှိနေတတ်တဲ့အတွက် အ‌ရေပြား‌ပေါ်မှာ ကပ်တွယ်မနေအောင် ကြောင်ဖြီးတဲ့ဘီး (Cat brush) နဲ့ မကြာခဏဖြီးသင်ပေးခြင်းအားဖြင့် ကြောင်ရဲ့ခန္တာကိုယ်သန့်ရှင်းရေးနဲ့ အလှအပအတွက်လုံလောက်ပါတယ်

အကယ်၍ - သင့်ကြောင်ရဲ့အရေပြားပေါ်မှာ  ရောဂါပိုးမွှားတွေရောက်ရှိနေတဲ့အခြေအနေမျိုးမှာ ဆေးဝါးနဲ့ရေချိုးဖို့လိုအပ်တဲ့အတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်က ရေချိုးဖို့အကြံပေးတတ်ပါတယ် အဲဒီအခြေအနေမျိုးမှာသာ ရေချိုးဖို့လိုအပ်ပါတယ်။ 

သင့်ကြောင်ကို ရေချိုးပေးခြင်းအားဖြင့် အကျိုးရှိမယ်လို့ ဆုံးဖြတ်ပါက၊ကြောင်တွေခံနိုင်ရည်ရှိစေဖို့ အောက်ပါအကြံပြုချက်တွေအတိုင်းလိုက်နာပြီးရေချိုးပေးသင့်ပါတယ်

 () - ကြောင်တွေ သက်တောင့်သက်သာရှိစေဖို့ မပူလွန်းမအေးလွန်း‌တဲ့ ရေကြက်သီးနွေးနဲ့ချိုးပေးပါ။

() - တိရစ္ဆာန်ရောဂါကုဆရာဝန်က အကြံပြုတဲ့ခေါင်းလျှော်ရည်(Shampoo)အမျိုးအစား ဒါမှမဟုတ် အထူးဖော်စပ်ထားတဲ့ အပျော့စား၊ အိမ်မွေးတိရစ္ဆာန်သန့်စင်ဆေးကို အသုံးပြုပါ။

() - ရေချိုးခန်း သို့မဟုတ် အဝတ်လျှော်ခန်းကဲ့သို့သော ဆိတ်ငြိမ်တဲ့ အလုံပိတ်နေရာကို‌ရွေးချယ်ပါ

() - ကုပ်ခြစ်လို့မရတဲ့  ဇလုံ သို့မဟုတ် ရေချိုးကန်ကို အသုံးပြုပါ။

() - ရေချိုး‌ပေးနေစဉ်မှာကြောင်ကို အလွန်အမင်း ချုပ်နှောင်ခြင်း သို့မဟုတ် အတင်းအကြပ်ဖိကိုင်ထားခြင်းမျိုးကိုရှောင်ကြဉ်ပါ။

() - ပထမဦးဆုံး ရေချိုးပေးမယ့်ဇလုံအလွတ်ကို စူးစမ်းလေ့လာခွင့်ပြုခြင်းနဲ့ စတင်ရပါမယ် အဲဒီနောက် ရေနဲ့ဖြည်းဖြည်းချင်း မိတ်ဆက်ခြင်းဖြင့်စတင်ပါ။

() - ရေချိုးပေးနေစဉ်မှာ ကြောင်ကို နူးညံ့စွာစကားပြောပါ။

() - နား၊ မျက်လုံး သို့မဟုတ် နှာခေါင်းတွေထဲကို ရေမဝင်အောင် သတိထားပါ။

အချုပ်အားဖြင့် သင့်ကြောင်ရဲ့ သန့်ရှင်းကျန်းမာစေရန်အတွက် သဘာဝအတိုင်း သူတို့ကိုယ်တိုင် သန့်ရှင်းရေးလုပ်ခြင်းသာ အကောင်းဆုံးဖြစ်တယ်ဆိုတာ သိထားရပါမယ်။

ရေချိုးဖို့ သီးခြားလိုအပ်ချက်ရှိမရှိကို တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

0 မှတ်ချက်များ to “ကြောင်တွေကိုရေချိုးပေးသင့်ပါသလား”

Post a Comment