«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 May 2023

ခွေးတွေကို ရေချိုးပေးသင့်ပါသလား

,

ခွေးတွေကို ရေချိုးပေးသင့်ပါတယ်၊ ခွေးတွေဟာ လူတွေလို‌ ချွေးမထွက်နိုင်ပေမယ့် (Sebum) လို့ခေါ်တဲ့ အဆီတစ်မျိုးဟာ သူတို့ရဲ့အရေပြားကနေ အမြဲမပြတ်စိမ့်ထွက်နေလေ့ရှိပါတယ် ၊ အဲဒီ  (Sebum) ဆိုတဲ့အဆီဟာ အနံ့အသက်မကောင်းတဲ့အပြင် အရေပြားပေါ်မှာစုမိပြီး အချိန်ကြာလာရင် အရေပြားရောဂါအမျိုးမျိုးဖြစ်လာ‌စေဖို့ အခြေအနေကိုဖန်တီးပေးနိုင်ပါတယ်။


ဒါကြောင့်မို့ ခွေးတွေရဲ့ အရေပြားကို သန့်ရှင်းပြီး ကျန်းမာနေစေဖို့အတွက် မကြာခဏရေချိုးပေးဖို့ တိရစ္ဆာန်ဆေးပညာရှင်အများစုက အကြံပြုထားပါတယ်။ ဒါပေမယ့် ခွေးရဲ့မျိုးစိတ်၊ ခွေးအမျိုးအစားနဲ့ တစ်ကောင်ချင်းလိုအပ်ချက်ပေါ်မူတည်ပြီးတော့ ရေချိုးပေးရမယ့်အကြိမ်ရေက ကွဲပြားနိုင်ပါတယ်။ 

ခေတ်မီအိမ်မွေးတိရစ္ဆာန်အလှပြင်ခန်း(Pet spa)တွေမှာ တော့ အရေပြားပေါ်မှာစုမိနေတဲ့(Sebum)တွေကို စနစ်တကျဖယ်ထုတ်သန့်စင်ပေးတဲ့ဆေးဝါးတွေအသုံးပြုပြီး ရေချိုးပေးတဲ့ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးလေ့ရှိကြပါတယ်။ 


ခွေးကိုရေချိုးတဲ့အခါမှာ ထည့်သွင်းစဉ်းစားသင့်တာကတော့ - ခွေးအမျိုးအစားနဲ့ပတ်သက်ပါတယ် - တစ်ချို့‌ ခွေးမျိုးစိတ်တွေဟာ သန့်ရှင်းသပ်ယပ်မှု လိုအပ်ချက်များစွာရှိတဲ့အတွက် မကြာခဏရေချိုးဖို့လိုအပ်ပါတယ်။  ဥပမာအားဖြင့်၊ အမွှေးအမြှင်အရှည် သို့မဟုတ် အမွှေးအမြှင်ထူထဲတဲ့ ခွေးတွေဟာ အမွှေးလုံးခြင်းမှ ကာကွယ်ဖို့နဲ့ သူတို့ရဲ့ အရေပြားနဲ့အမွှေးအမြှင်အခြေအနေကို ထိန်းသိမ်းဖို့အတွက် ပုံမှန်ရေချိုးဖို့ လိုအပ်ပါတယ်။ 


အချိန်ကြာကြာလေ့ကျင့်ခဏ်းလုပ်‌ခြင်း သို့မဟုတ် ရေကူးခြင်း သို့မဟုတ် မြေပြင်ကိုလူးခြင်းကဲ့သို့ ညစ်ပတ်တဲ့ သို့မဟုတ် အနံ့အသက်ဆိုးဖြစ်စေတဲ့ အလုပ်မျိုးကိုလုပ်‌လေ့ရှိတဲ့ခွေးတွေကိုလည်း  မကြာခဏ ရေချိုး‌ပေးဖို့လိုအပ်ပါတယ်။


မိမိခွေးမှာ အရေပြားရောဂါရှိရင် သို့မဟုတ် ဓာတ်မတည့်မှုဖြစ်နိုင်ခြေရှိရင်၊ တိရစ္ဆာန်ရောဂါကုဆရာဝန်က ရေချိုးဖို့ သို့မဟုတ် သင့်လျှော်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်(Shampoo)နဲ့ ရေချိုးပေးဖို့အကြံပြုပါလိမ့်မယ်  မိမိခွေးကိုအကောင်းဆုံးစောင့်ရှောက်မှု‌ပေးနိုင်ဖို့အတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့လမ်းညွှန်ချက်ကို လိုက်နာသင့်ပါတယ်။ 


တစ်ချို့ခွေးပိုင်ရှင်တွေဟာ သူတို့ရဲ့ခွေးကို သန့်ရှင်းသပ်ယပ်စေဖို့နဲ့ သူတို့ရဲ့အမွှေးအမြှင်ကို လန်းဆန်းစေဖို့အတွက် မကြာခဏရေချိုးခြင်းကိုနှစ်သက်ကြပြီး အချို့ကတော့ အရေပြားခြောက်သွေ့ခြင်းမဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မကြာခဏရေချိုးပေးလေ့ရှိကြပါတယ်၊

ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် ခွေးကိုမကြာခဏရေချိုးပေးခြင်းဟာ မမှားပါဘူး ၊ ခွေးကိုရေချိုးတဲ့အခါ ခွေးသီးသန့်အပျော့စား ခေါင်းလျှော်ရည်နဲ့ ရေနွေးနွေးကိုသုံးရပါတယ်။ ခွေးရဲ့ နား သို့မဟုတ် မျက်လုံးတွေထဲကို ရေမဝင်အောင် ဂရုတစိုက်ချိုး‌ပေးရပါမယ်၊ ခွေးကို သက်တောင့်သက်သာရှိစေဖို့ ရေချိုး‌နေစဉ်အတွင်းမှာ နူးညံ့သိမ်မွေ့စွာကိုင်တွယ်သင့်ပါတယ်။ 

ရေချိုးပေးပြီးတဲ့အခါ အရေပြားပြဿနာများဖြစ်လာနိုင်တဲ့ စိုစွတ်‌နေမှုမျိုးမဖြစ်ဖို့အတွက် ခြောက်သွေ့အောင် သေချာစွာသုပ်ပေးရပါမယ် ၊ လေပူမှုတ်စက်(Hair Dryer)နဲ့ ခြောက်သွေ့အောင် နှံ့စပ်အောင်မှုတ်ပေးတာက ပိုကောင်းပါတယ်။

0 မှတ်ချက်များ to “ခွေးတွေကို ရေချိုးပေးသင့်ပါသလား”

Post a Comment