«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Jun 2023

ခွေးတွေမှာဖြစ်တတ်တဲ့ လေဖြတ်ရောဂါ (Cauda equina syndrome)

,

Cauda equina ဆိုတာက လက်တင်ဘာသာစကားပါ၊ အဓိပ္ပါယ်က “မြင်းရဲ့အမြီး”လို့အဓိပ္ပါယ်ရပါတယ်၊ ခွေးတစ်ကောင်ရဲ့ကျောရိုးအဆုံးပိုင်းမှာရှိတဲ့ အာရုံကြောအစုအဝေးဟာ ကြောရိုးအာရုံကြောမကြီးကနေ အာရုံကြောလေးတွေအများကြီးခွဲဖြာထွက်နေတဲ့နေရာဖြစ်ပါတယ် အဲဒီလိုခွဲဖြာထွက်နေပုံဟာ မြင်းရဲ့အမြီးနဲ့တူနေတဲ့အတွက် ကျောရိုးအဆုံးပိုင်းမှာရှိတဲ့ အာရုံကြောအစုအဝေးကြီးတစ်ခုလုံးကို cauda equina(မြင်းအမြီး) လို့ခေါ်တာဖြစ်ပါတယ်၊ Cauda equina syndrome ဆိုတဲ့ရောဂါကတော့ အဲဒီအာရုံကြောအစုအဝေးကြီးတစ်ခုလုံး အဖိခံရခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် အာရုံကြောတွေချို့ယွင်းသွားတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်။


အဲဒီအာရုံကြောအစုအဝေးကြီးဟာ အာရုံကြောအချက်ပြမှုတွေကို နောက်ခြေထောက်နဲ့ တင်ပါးဆုံတွင်းကအင်္ဂါတွေဆီ အရောက်ပို့ ပေးတဲ့အာရုံကြောတွေဖြစ်ပါတယ်  ဒီရောဂါဟာ ပြင်းထန်တဲ့လေ့ကျင့်ခဏ်းမျိုး‌တွေလုပ်ရတဲ့ခွေးတွေမှာအဖြစ်များတဲ့ ကျောရိုး‌အဆစ်‌ရောဂါတစ်ခုဖြစ်ပါတယ်၊ ကျောရိုး‌အဆစ်တိုင်းရဲ့ကြားမှာ ကူရှင်အဖြစ်ခံပေးထားတဲ့ intervertebral disc တွေရှိပါတယ် အဲ့ဒီကူရှင်တွေဟာ အကြောင်းတစ်ခုခုကြောင့်ပေါက်ပြဲသွားတဲ့အခါ cauda equina အာရုံကြောအစုအဝေးအပေါ်ကို ဖိအားသက်ရောက်စေပြီး ရောဂါလက္ခဏာတွေ ဖြစ်‌ပေါ်လာပါတယ်


ရောဂါလက္ခဏာတွေကတော့ အာရုံကြော‌တွေအဖိခံရမှုရဲ့ပြင်းထန်မှုနဲ့ အဖိခံရတဲ့တည်နေရာပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်၊  အဖြစ်များတဲ့ လက္ခဏာ တွေကတော့ ခြေထောက်တွေအားနည်းခြင်း၊ လမ်းလျှောက်ဖို့ခက်ခဲခြင်း၊  နောက်ခြေထောက်တွေ လုံးဝမလှုပ်ရှားနိုင်တဲ့အတွက်လှုပ်ရှားဖို့တွန့်ဆုတ်ခြင်း၊ အော်ခြင်း၊ ထိခိုက်ဒဏ်ရာရတဲ့နေရာကို ထိတဲ့အခါမှာ နာကျင်တဲ့လက္ခဏာတွေ ပြတဲ့အပြင် ရွေ့လျှားသွားလာတဲ့အခါမှာလေဖြတ်သလို နောက်ခြေထောက်တွေတရွတ်တိုက်ဆွဲခြင်တို့ ဖြစ်တတ်ပါတယ်။

 

ဆီးအိမ်နဲ့ အူ‌တွေဆီ‌ထောက်ပံ့‌ပေးတဲ့အာရုံကြောတွေကိုထိခိုက်ရင် အူလှုပ်ရှားမှုနဲ့ ဆီးသွားခြင်းကို ထိခိုက်စေပါတယ်၊  အမြီးတစ်‌လျှောက်ဆီ‌ကိုထောက်ပံ့‌ပေးတဲ့အာရုံကြောတွေကိုထိခိုက်ရင် အမြီးဟာလုံးဝအကြောသေသွားပြီး ပုံမှန်အမြီးလှုပ်ရှားမှု မလုပ်နိုင်‌တော့တာကို‌တွေ့ရတတ်ပါတယ်၊  အကယ်၍မိမိရဲ့ခွေးဟာ cauda equina syndrome ရောဂါဖြစ်နေတာလို့ သံသယရှိရင် တိရစ္ဆာန်ရောဂါကုဆရာဝန်ထံ ချက်ချင်းသွားရောက်သင့်ပါတယ်၊ လိုအပ်ရင် ဓာတ်မှန်ရိုက်ရပါတယ်

 

ခွေးတွေမှာ cauda equina syndrome ဖြစ်တာ‌သေချာပြီဆိုရင်‌တော့ အာရုံကြောတွေအပေါ်  ဖိအားသက်‌ရောက်နေမှုကို သက်သာသွားစေတဲ့ ခွဲစိတ်မှုကိုလုပ်ရပါတယ် ခွဲစိတ်မှုအတွင်းမှာ ပေါက်ပြဲကျွံထွက်နေတဲ့ ကြောရိုးအဆစ်ကြားက ကူရှင်အပြားကိုဖယ်ရှားခြင်း သို့မဟုတ် ကျောရိုးကိုတည်ငြိမ်‌အောင်လုပ်‌ပေးခြင်းလို ခွဲစိတ်မှုမျိုးတွေလုပ်ရလေ့ရှိပါတယ်။

 

 

 

0 မှတ်ချက်များ to “ခွေးတွေမှာဖြစ်တတ်တဲ့ လေဖြတ်ရောဂါ (Cauda equina syndrome)”

Post a Comment