«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Jun 2023

အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ်ယောင်ယမ်းခြင်း၊ အစာအိမ်အနာနှင့် H2 blockers ဆေးများ

,

စားလိုက်တဲ့အစာတွေကို အစာချေအင်ဇိုင်းတွေကချေဖျက်တဲ့အခါ ဟိုက်ဒြိုကလိုရစ်အက်စစ်ဟာ မရှိမဖြစ်လိုအပ်ပါတယ်၊ အဲဒီဟိုက်ဒြိုကလိုရစ်အက်စစ် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းပါတယ်၊

နောက်ထပ်အ‌ရေးပါတဲ့အရာက အစာအိမ်အတွင်းပိုင်းက ဆဲလ်တစ်ချို့ရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ပရိုတင်းဓာတ်တွေပါပဲ၊ ဒီပရိုတင်းတွေဟာလည်း အက်ဆစ်ထုတ်လုပ်မှုဖြစ်စဉ်မှာအရေးပါပါတယ်။  

အစာအိမ်ထဲကို အစားအစာတွေရောက်လာတဲ့အခါ အစာအိမ်အတွင်းနံရံကဆဲလ်တွေဟာ အစာတွေရဲ့လှုံ့ဆော်မှုကြောင့် Gastrin ဟိုမုန်းကို ထုတ်လွှတ်လိုက်ပါတယ်၊ Gastrin ဟိုမုန်းရဲ့ထပ်မံလှုံ့ဆော်မှုကြောင့်  အစာအိမ်အတွင်းနံရံမှာရှိတဲ့ဆဲလ်တွေကနေ Histamine တွေအများကြီးထွက်လာပါတယ် ၊ Histamine တွေဟာ အစာအိမ်အတွင်းသားပိုင်းမှာရှိတဲ့ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က H2 receptors နဲ့သွားပေါင်းပါတယ်၊ အဲဒီနောက် H2 receptor ရဲ့လုပ်ဆောင်မှုကြောင့် ဇီဝကမ္မဖြစ်စဥ်အချို့ ဆက်လက်ဖြစ်ပေါ်နေပြီး နောက်ဆုံးမှာ အစာအိမ်နံရံပေါ်ကဆဲလ်တွေကနေ ဟိုက်ဒရိုကလိုရစ်အက်ဆစ် (HCl) ထွက်လာစေပါတယ်။ ဒါကြောင့် Histamine တွေရဲ့ နှိုးဆွခြင်းဟာ အက်ဆစ်ထွက်လာခြင်းဖြစ်စဥ်မှာ အရေးပါတယ်ဆိုတာထင်ရှားပါတယ်။

H2 blockers လို့ခေါ်တဲ့ဆေးတွေကတော့ အက်ဆစ်‌တွေထွက်လာအောင်လှုံ့ဆော်ပေးတဲ့ Histamine တွေနဲ့ H2 receptor ပရိုတင်းတွေ ပေါင်းစပ်ခြင်းမပြုနိုင်အောင်တားဆီး‌ပေးခြင်းအားဖြင့် အက်ဆစ်ထုတ်လုပ်မှုကို နည်းပါးသွားအောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်၊  

တိရစ္ဆာန်ဆေးပညာမှာ အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ အန်ခြင်း ၊ အစာစားနည်းခြင်း ၊ ဝမ်းဗိုက်နာခြင်း ၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်းနဲ့ ပိန်ချုံးချည့်နဲ့လာခြင်းစတဲ့ရောဂါလက္ခဏာ တွေကိုသက်သာစေဖို့အတွက်  H2 blockers ဆေးတွေကိုသုံးကြပါတယ်၊ ဒီဆေးတွေကို ‌ဆေးဆိုင်‌တွေမှာအလွယ်တကူဝယ်လို့ရပါတယ်။  H2 blockers အုပ်စုဝင်ဆေးတွေဟာ ယေဘုယျအားဖြင့် အန္တရာယ်သိပ်မရှိဘူးလို့ ယူဆထားကြပေမယ့် အတူတူတိုက်ကျွေးတဲ့ဆေးတွေနဲ့ဓါတ်ပြုနိုင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။  H2 blockers တွေကို ဘေးကင်းစွာအသုံးပြုဖို့အတွက် အသုံးမပြုမီကျွမ်းကျင်သူနဲ့တိုင်ပင်ဖို့ အရေးကြီးပါတယ်။

H2 blockers တွေကို H2 receptor antagonists သို့မဟုတ် H2 antagonists လို့လည်းခေါ်ကြပါ‌သေးတယ်၊ ဒီအုပ်စုဝင်ဆေးတွေထဲမှာ Cimetidine , Ranitidine , Famotidine နဲ့ Nizatidine  တို့ဟာထင်ရှားပါတယ်။

0 မှတ်ချက်များ to “အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ်ယောင်ယမ်းခြင်း၊ အစာအိမ်အနာနှင့် H2 blockers ဆေးများ”

Post a Comment