«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

26 Jun 2023

မျက်လုံးတစ်ဖက်သိမ်‌သောရောဂါ (Horner’s syndrome)

,

ဒီရောဂါကို oculosympathetic paresis လို့လည်းခေါ်ပါတယ်၊ ရောဂါရဲ့အထင်ရှားဆုံးလက္ခဏာက မျက်လုံးတစ်ဖက်မှေးနေတာပါပဲ၊ လူတွေမှာ ဒီရောဂါဖြစ်ပွားတာကို ပထမဆုံးဖော်ထုတ်တင်ပြနိုင်ခဲ့သူဟာ ဆွစ်ဇာလန်နိုင်ငံက မျက်စိအထူးကုဆရာဝန် Johann Friedrich Horner ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကိုဂုဏ်ပြုသောအားဖြင့် သူ့နာမည်ကိုအစွဲပြုပြီး ဒီရောဂါကို Horner’s syndrome လို့ အမည်ပေးထားတာဖြစ်ပါတယ်။

 

ခွေးကြောင်တွေမှာဖြစ်ပွားတဲ့ Horner's syndrome ဆိုတာက အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်၊ မျက်လုံးနဲ့ မျက်လုံးရဲ့အနီးတစ်ဝိုက်ကိုထိန်းချုပ်တဲ့  အာရုံကြောတွေပျက်စီးခြင်း သို့မဟုတ် အနှောင့်အယှက်ပြုခံရခြင်းကြောင့် ဒီရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

 

ခွေးကြောင်တွေမှာ Horner’s syndrome ဖြစ်ပွားရင်တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့-

(၁) Miosis -  မျက်လုံးတစ်ဖက်ရဲ့ သူငယ်အိမ်က အခြားတစ်ဖက်ကမျက်လုံးရဲ့သူငယ်အိမ်ထက် ပိုကျဉ်းသွားခြင်းကို ပြောတာဖြစ်ပါတယ်၊

 

(၂) Ptosis : မျက်လုံးတစ်ဖက်ရဲ့အပေါ်မျက်ခွံကို လေဖြန်းတဲ့အတွက် မျက်လုံးအပေါ်ကို တစ်စိတ်တစ်ပိုင်းဖုံးပြီး လှုပ်ရှားဖို့ခက်နေတဲ့လက္ခဏာဖြစ်ပါတယ်။

 

(၃) မျက်တွင်းကျခြင်း(Enophthalmos)- ဒါကတော့ မျက်လုံး တစ်ဖက်ဟာ အခြားတစ်ဖက်ကမျက်လုံးထက် ပိုသေးငယ်လာပြီး မျက်လုံးအိမ်ထဲမှာချိုင့်ဝင်နေနေတဲ့လက္ခဏာဖြစ်ပါတယ်။

 

(၄) တတိယမျက်ခွံ(Third eye-lid)တိုးထွက်လာခြင်း - တတိယမျက်ခွံဆိုတာက မျက်လုံးရဲ့အတွင်းဖက်ထောင့်မှာသဘာဝအတိုင်းရှိနေတဲ့ အမြှေးပါးဖြစ်ပါတယ်၊ အဲဒီတတိယမျက်ခွံဟာ မျက်လုံးပေါ်ကိုတိုးထွက်နေတဲ့လက္ခဏာဖြစ်ပါတယ်။

 


ခွေးကြောင်တွေရဲ့ ဦးခေါင်း သို့မဟုတ် လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခြင်း၊ နားထဲကိုရောဂါပိုးဝင်ခြင်း၊ အကြိတ် သို့မဟုတ် အာရုံကြောတွေကိုထိခိုက်စေတဲ့ ရောဂါတွေကြောင့် Horner Syndrome   ဖြစ်ပွားလာတတ်ပါတယ်၊ တစ်ခါတစ်ရံမှာ အကြောင်းရင်းကိုမသိရပဲလည်းဖြစ်ပွားတတ်ပါ‌သေးတယ်။

 

မိမိရဲ့‌ခွေး သို့မဟုတ် ကြောင်ရဲ့မျက်လုံးမှာ Horner’s syndrome  လက္ခဏာတွေကို တွေ့လာရင်၊ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်၊ ဒါမှသာရောဂါရဲ့ အကြောင်းအရင်းကို ဆုံးဖြတ်ပြီး သင့်လျော်တဲ့ကုသမှုတွေလုပ်‌ပေးနိုင်မှာဖြစ်ပါတယ်၊

 

 

 

 

 

 

0 မှတ်ချက်များ to “မျက်လုံးတစ်ဖက်သိမ်‌သောရောဂါ (Horner’s syndrome)”

Post a Comment