«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Jun 2023

ခွေးကြောင်တွေမိမိကိုယ်ကို ပြန်လည်ကိုက်ဖဲ့ခြင်း (Self-mutilation)

,

မိမိကိုယ်ကို အနာတရဖြစ်စေတဲ့အထိ ပြန်လည်ကိုက်ဖဲ့တဲ့အဖြစ်မျိုးကို Self-mutilation လို့ခေါ်ပါတယ်

ခွေးကြောင်တွေဟာ သူတို့ရဲ့ အရေပြားကို အလွန်အကျွံပြန်လည်ကုတ်ခြစ်ခြင်း၊  ဒါမှမဟုတ် ပြန်ကိုက်ခြင်းတို့ကြောင့်  အမွှေးကျွတ်ခြင်းနဲ့ အရေပြားထိခိုက်ပျက်စီးမှုတွေဖြစ်လာပြီး ကြီးမားတဲ့အနာတွေအထိဖြစ်လာနိုင်ပါတယ်။

ခွေးကြောင်တွေမှာ Self-mutilation ဖြစ်လာခြင်းဟာ အကြောင်းရင်းများစွာရှိနိုင်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့က အခြေအနေအမျိုးမျိုးပေါ်မှာမူတည်ပါတယ်၊ မခံမရပ်နိုင်အောင်နာကျင်နေခြင်း ၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေပြားမှာပိုးဝင်ခြင်းနဲ့ လှေး‌ကောင်တွေ၊ ပိုးမွှားတွေစွဲကပ်ခြင်းနဲ့ အရေပြားယောင်ယမ်းခြင်းတွေဟာ ယားယံစေတတ်တဲ့အတွက် Self-mutilation ဖြစ်တတ်ပါတယ် ၊ တစ်ချို့အစားအစာတွေ၊ ရှန်ပူတွေနဲ့ ပန်းဝတ်မှုန်တွေလို အရာတွေဟာ ဓာတ်မတည့်မှု‌ဖြစ်ရင် ပြင်းထန်စွာ ယားယံစေတဲ့အတွက် ကုတ်ခြစ်ခြင်း ဒါမှမဟုတ် ကိုက်ခြင်းအားဖြင့် သက်သာစေဖို့ ကြိုးစားတဲ့အခါမှာ မရည်ရွယ်ဘဲ Self-mutilation အထိဖြစ်လာတတ်ပါတယ်။

တခါတရံမှာ ခွေးကြောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်လည်းဖြစ်တတ်ပါ‌သေးတယ် ခွေးကြောင်တွေဟာ အချို့ အာရုံကြောဆိုင်ရာဝေဒနာတွေခံစားရခြင်း ပျင်းယိငြီး‌ငွေ့ခြင်း၊ စိတ်ပျက်ခြင်းတွေအပြင် အဖော်ဆုံးရှုံးခြင်း‌တွေကြောင့် စိတ်ထိခိုက်အခါမျိုး စိတ်ဖိစီးတဲ့အခါမျိုးမှာ မိမိကိုယ်မိမိ ပြန်လည်ကိုက်ဖဲ့တတ်တယ်ဆိုရင် အံ့ဩကြမယ်ထင်ပါတယ် ၊ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ခွေးကြောင်တွေမှာ လူတွေလိုပဲခံစားစိတ်အမှန်တကယ်ရှိနေပါတယ်။  ဒီလိုအခြေအနေမျိုးဆိုရင်တော့ သူ့ကိုတိတ်ဆိပ်ငြိမ်သက်တဲ့ အခန်းထဲမှာထား‌ပေးပါ။ ကစားစရာပစ္စည်းတွေနဲ့ ဆော့ကစားစေခြင်းအားဖြင့် သူ့အတွက်စိတ်လှုပ်ရှားဖွယ်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ပါတယ် ၊ ဒီလိုလုပ်ပေးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။  

အခုတင်ပြတဲ့အချက်တွေဟာ ယေဘူယျအကြံပြုချက်အချို့သာဖြစ်ပါတယ် ၊ မိမိရဲ့‌ခွေး (သို့) ကြောင်ဟာ သူ့ကိုယ်သူ ပြန်ကိုက်နေတာတွေ့ရင် မပေါ့ဆသင့်ပါဘူး။ တိရစ္ဆာန်‌ရောဂါကုဆရာဝန်နဲ့ အချိန်မီပြသပြီး အကြောင်းရင်းကိုဖော်ထုတ်ဖို့နဲ့ သင့်လျော်တဲ့ ကုသမှုပြုလုပ်‌ပေးဖို့ အရေးကြီးပါတယ်။  တိရစ္ဆာန်‌ရောဂါကုဆရာဝန်အနေနဲ့ ခန္တာကိုယ်ပေါ်ကအမှုန်အမွှားတွေကင်းစင်ဖို့အတွက် ရေချိုးပေးဖို့အကြံပြုနိုင်ပါတယ် လိုအပ်ပါက စိတ်ငြိမ်စေတဲ့    ဆေးဝါးတွေကိုညွှန်ကြားပါလိမ့်မယ်၊  မိမိကိုယ်ကို အနာတရဖြစ်စေတဲ့အထိ ပြန်လည်ကိုက်ဖဲ့တဲ့ အမူအကျင့်ကို ပျောက်ကင်းသွားအောင်ကုသတဲ့အခါ ချဉ်းကပ်ပုံအမျိုးမျိုးကွဲပြားနိုင်ပါတယ်။



0 မှတ်ချက်များ to “ခွေးကြောင်တွေမိမိကိုယ်ကို ပြန်လည်ကိုက်ဖဲ့ခြင်း (Self-mutilation)”

Post a Comment