«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Jun 2023

ကြမ်းတမ်းပြီးရန်လိုတတ်တဲ့ခွေးကို ဘယ်လိုလေ့ကျင့်ပေးရမလဲ

,

ရန်လိုတတ်တဲ့ခွေးတစ်ကောင်ကို ယဉ်ပါးလာစေဖို့လေ့ကျင့်ပေးတဲ့အခါ အချိန်ယူရတတ်ပြီး စိတ်ရှည်ဖို့နဲ့ ကျွမ်းကျင်သူ‌တွေရဲ့လမ်းညွှန်မှုလည်းလိုအပ်ပါတယ်။ ဒီစာစုမှာတော့ယေဘူယျအကြံပြုချက်အချို့ကိုသာ တင်ပြပေးမှာဖြစ်ပါတယ် ၊

မိမိရဲ့ခွေးဟာရန်လိုတတ်ရင် အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့အတွက် ကြိုတင်ကာကွယ်ဖို့သတိရှိရပါမယ်။ မရင်းနှီးတဲ့လူတွေ သို့မဟုတ် တိရစ္ဆာန်‌တွေအနီးမှာဆိုရင် မိမိရဲ့ခွေးကို သံကြိုးနဲ့ချည်ထားသင့်ပါတယ်။ -

လေ့ကျင့်မှုမစတင်မီမှာ မိမိရဲ့ခွေးကို ဒေါသမထိန်းနိုင်တဲ့အထိ ဖြစ်သွားစေတဲ့ အကြောင်းရင်းတွေကို အရင်သိအောင်လုပ်ရပါမယ် ၊ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်စိတ်လွန်ကဲမှုပါပဲ ၊ နေရာအလိုက်ပြောင်းလဲတတ်တဲ့သဘာဝနဲ့ သူ့ရဲ့စိတ်ထဲမှာစွဲနေတဲ့ အရင်တုန်းကဖြစ်ရပ်‌တွေကြောင့်‌လည်း ဒေါသမထိန်းနိုင်တဲ့အထိဖြစ်တတ်ပါတယ်။

 ခွေးတွေဟာသဘာဝအားဖြင့် လူတွေနဲ့ လိုက်လျောညီထွေနေတတ်တဲ့သတ္တဝါမျိုးတွေဖြစ်တဲ့အတွက် ကိုယ်တိုင်အစာကျွေးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းခြင်း အတူတူဆော့ကစားခြင်း နေ့စဉ်အချိန်အတန်ကြာနီးနီးကပ်ကပ်နေပေးခြင်းအားဖြင့် သူ့ရဲ့စိတ်ထဲမှာပိုမိုလုံခြုံတယ်လို့ ခံစားလာရပြီး ရန်လိုတဲ့စိတ်လည်း နည်းလာစေနိုင်ပါတယ်။

ခွေးကိုလေ့ကျင့်နေချိန်မှာ ရန်လိုခြင်းမရှိတဲ့ အမူအကျင့်တစ်ခုပြနိုင်တိုင်း အစာတစ်ခု‌ကျွေးပြီးဆုချတဲ့နည်းကိုသုံး‌ပါ။ တိုးတက်မှုအဆင့်လေးတစ်ခုပြနိုင်ရင် အစာတစ်ခုကျွေးပြီးဆုချီးမြှင့်ခြင်းဟာ သူ့ရဲ့အမူအကျင့်ကို အချိန်နဲ့အမျှ တိုးတက်လာစေဖို့အတွက် အခြေခံအကျဆုံးနည်းဖြစ်ပါတယ်။

ပြစ်ဒဏ်ပေးပြီးလေ့ကျင့်တဲ့နည်းကို ဘယ်တော့မှမကျင့်သုံးပါနဲ့ ၊  ပြစ်ဒဏ်ပေးခြင်းဟာ မိမိနဲ့ခွေးအကြားမှာ ယုံကြည်မှုကိုပျက်ပြားစေပြီး ရန်လိုမှုကိုတိုးမြင့်‌စေပါတယ်။ ရန်လိုတတ်မှုကို လျော့ပါးလာစေဖို့ အပြစ်ပေးခြင်းဟာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်စိတ်ကို ပိုတိုးစေတဲ့အတွက် ရန်လိုတတ်မှုဟာ ပိုဆိုးလာတတ်ပါတယ်။

ရန်လိုတဲ့ခွေးတစ်ကောင်ကို ယဉ်ပါးလာ အောင်လေ့ကျင့်ဖို့ဆိုတာ ရှုပ်ထွေးပြီးအချိန်လည်းယူရပါတယ် ၊ ရန်လိုတတ်တဲ့‌ခွေးကိုမွေးထားမိရင် မိမိကိုယ်တိုင်အပြင်အခြားသူတွေ ဘေးကင်းစေဖို့အတွက် ကျွမ်းကျင်တဲ့ခွေးလေ့ကျင့်ရေးဆရာတွေရဲ့အကူအညီကိုရယူလိုက်တာက အကောင်းဆုံးပါပဲ။ ခွေးလေ့ကျင့်ရေးဆရာတွေဟာ မိမိခွေးရဲ့  လိုအပ်ချက်ကို ကောင်းကောင်းကြီးအကဲဖြတ်နိုင်ပါတယ် ၊  ရန်လိုတတ်တဲ့ခွေးကိုလေ့ကျင့်ပေးရာမှာ သူတို့ရဲ့ကျွမ်းကျင်မှုဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။

0 မှတ်ချက်များ to “ကြမ်းတမ်းပြီးရန်လိုတတ်တဲ့ခွေးကို ဘယ်လိုလေ့ကျင့်ပေးရမလဲ”

Post a Comment