ယခုအခါမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပတ်ဝန်းကျင်မှာစိုထိုင်းဆ အလွန်မြင့်မားနေတာကိုတွေ့ရပါတယ် ဒီလိုစိုထိုင်းဆမြင့်မားနေတာဟာ ခွေးကြောင်တွေမှာ အရေပြားမှိုစွဲရောဂါဖြစ်ပွားလာနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
သုတေသနပြုထားချက်တွေအရ ပတ်ဝန်းကျင်စိုထိုင်းဆဟာ ၈၀% အထက်ကိုကျော်လာရင် မှိုရောဂါပိုးပေါက်ပွားနှုန်းဟာ ၂ ဆ ထိမြင့်တက်လာတယ်လို (Journal of Veterinary Dermatology, 2020) မှာဖော်ပြထားပါတယ်။
ပတ်ဝန်းကျင်မှာစိုထိုင်းဆမြင့်မားနေတဲ့အခါ (Malassezia, Dermatophytes) ကဲ့သို့သော မှိုမျိုးစိတ်များဟာ တိရစ္ဆာန်တွေရဲ့ခန္တာကိုယ်ပေါ်မှာ အလျင်အမြန်ပွားများလာနိုင်ပါတယ်။
ခွေးကြောင်တွေရဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအစိုဓာတ်ရယ် ချွေးစေးနဲ့ အဆီဂလင်းက ထွက်တဲ့အရည်တွေဟာ မှိုပိုးတွေအတွက် အအာဟာရဓာတ်အရင်းအမြစ်တွေဖြစနေပါတယ်။ ဒါကြောင့်ယခုအချိန်မျိုးမှာ လေနဲ့ထိတွေ့မှုနည်းတဲ့နေရာတွေဖြစ်တဲ့ (ခြေချောင်းကြား၊ နားရွက်၊ ပေါင်ခြံ)စတဲ့ နေရာတွေမှာ မှိုပိုးတွေပေါက်ပွားလာနိုင်ပါတယ်။
ဒီလိုစိုထိုင်းဆမြင့်မားနေတဲ့အချိန်တွေမှာ
Ringworm (အကွက်လိုက်အမွေးကျွတ်ခြင်း၊ ယားယံခြင်း) ရောဂါနဲ့ Malassezia Dermatitis လို့ခေါ်တဲ့ အရေပြားဆွေးမြေ့ပြီး၊ အနံ့ဆိုးထွက်ခြင်း၊ အညိုရောင်အဖတ်တွေဖြစ်လာတဲ့ရောဂါနဲ့
Yeast Infection လို့ခေါ်တဲ့ နားရွက်ထဲကနေ အညိုရောင်အစေးတွေထွက်တဲ့ရောဂါတွေအဖြစ်များလာတတ်ပါတယ်။
မျိုးရိုးဗီဇအရ Shar-Pei နဲ့ Bulldog တို့လို အရေပြားတွန့်ခေါက်မှုများတဲ့ ခွေးမျိုးစိတ်တွေမှာ မျိုးရိုးဗီဇအရပိုမိုဖြစ်ပွားလေ့ရှိတာကိုတွေ့ရပါတယ်။
ဒါကိုဖြေရှင်းနည်းကတော့ Silica gel အိတ်လေးတွေကို အိပ်ယာအနီးမှာထား ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်မှာစိုထိုင်းဆကို လျှော့ချနိုင်ပါတယ်။
မိမိရဲ့ခွေးမှာအရေပြားမှိုစွဲရောဂါဖြစ်ပွားမှာမရှိစေဖို့ မှိုသတ်ဆေးပါဝင်တဲ့ ရေချိုးဆပ်ပြာရည် (Ketoconazole shampoo) ရှန်ပူနဲ့ တစ်ပတ်တစ်ခါ ရေချိုးပေးပါ။
မိုးရွာပြီးချိန်တွေမှာ ခြေချောင်းလေးတွေရဲ့ကြားက စိုစွတ်နေတဲ့နေရာတွေနဲ့ ဝမ်းဗိုက်အောက်ပိုင်းနေရာတွေကို ခြောက်သွေ့အောင်သုပ်ပေးသင့်ပါတယ်။
ခွေးကြောင်အစာထဲမှာ Omega-3 ပါဝင်တဲ့ဖြည့်စွက်စာတွေ ထည့်ကျွေးပေးရင်လည်း အရေပြားအဆီထွက်မှုကိုလျှော့နည်းစေတဲ့အတွက်အရေပြားမှိုစွဲရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
နောက်ပြီးတော့ အစာထဲမှာ Probiotics တွေထည့်ကျွေးပေးရင် ကိုယ်ခံအားတိုးမြှင့်လာစေတဲ့အတွက် ရေပြားမှိုစွဲရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။။
ပတ်ဝန်းကျင်သန့်ရှင်းရေးအနေနဲ့ ခွေးကြောင်အိပ်ယာနဲ့ သူတို့ရဲ့ကစားစရာတွေကို ဘလိချ်ဆေးရည်ကို ၁:၁၀ အချိုးနဲ့ဖျော်ပြီး ပိုးသတ် ပေးနိုင်ပါတယ်။